Jump to content

Wp/rki/ရခိုင် ပဉ္စမသံဂါယနာ မော်ကွန်းစာ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ရခိုင် ပဉ္စမသံဂါယနာ မော်ကွန်းစာ

ရခိုင် ပဉ္စမသံဂါယနာ မော်ကွန်းစာ

[edit | edit source]

ထေရဝဒကျမ်းစာရို့၌ သံဂါယနာတင်ရေအကြိမ်ရေ လေးကြိမ်ဆိုပနာ လာဟိဧ့။ ပထမ၊ ဒုတိယ၊ တတိယသုံးကြိမ် ထိ မဇ္ဈိမဒေသ၌တင်ခဧ့။ စတုတ္ထအကြိမ်တွင်ကား သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) ၌ ပေထက်အက္ခရာ တင်ခဧ့။ မြန်မာ ရာဇဝင်၌ ပဉ္စမအကြိမ်မြောက်ကို မင်းတုန်းမင်းကျောက်ထက် အက္ခရာတင်ခရေဆိုဧ့။ ရခိုင်ရာဇပုံကျမ်း၌ မင်းရင်ဖြူ လက်ထက်အရောက်တွင် တစ်ဆယ့်တစ်ကြိမ်မြောက် သံဂါယနာတင်မှုကို တွိ့ရဧ့။ အခြားအကြိမ်ရို့ကို ဇာမင်းရို့ လက်ထက် တင်ခရေဟု မတွိ့ခရတော့ချေ။ ယကေလည်းသောလည်း ပဉ္စမအကြိမ်မြောက် သံဂါယနာတင်မှုကို ရခိုင်သီရိစန ́ရားမင်း လက်ထက်တင်ခကြောင်း အထောက်အထားတွိ့ရဧ့။

ထိုမူနန့်မူကွဲဖြစ်ရေ မော်ကွန်းစာစောင်ကိုလည်း ရဟိထားပါဧ့။ ထိုမူကို ဆေးဆရာ ငမဲမူဆိုပနာ သတ်မှတ်နိုင်ပါဧ့။ ငါရို့ ယခု ရဟိထားရေ ငမဲမူမှာ မင်းပြားမြို့ ဇယသုခကျောင်း စာချဓမ္မစရိယ ဦးမဏ္ဍက ရှာဖွေတွိ့ခရစေဧ့။ ထိုသံဂါယနာ တင် မော်ကွန်းပေမူရေလည်း ပညာမေဓမော်ကွန်းစာပင်ဖြစ်ဧ့။ ဆေးဆရာ ဦးငမဲက ကောစာ ၁၂၆၀ခုနှစ်တွင် ရီးကူးထား ရေမူဖြစ်ရာ အနှစ်ရှစ်ဆယ်ကျော်ခပေပြီ။ အခြားစာတိနန့်ဆက်၍ ရီးကူးထားသဖြင့် ကော်ချပ်မှ ကားချပ်ထိ ထိုမော်ကွန်း စာကို တွိ့ရဧ့။ ယခု ဦးမဲဧ့မူနန့် မဟိံသကရာဇဝင်လာမူကို ညှိနှိုင်းတိုက်ဆိုင်ကြည့်ရန် တင်ပြလိုရင်းဖြစ်ဧ့။ ထိုရခိုင်ပဉ္စမသံဂါယနာတင် မှတ်တမ်းရေလည်း မူအားဖြင့် မကွဲပြားသော်လည်း သံဂါယနာတင်ပုဂ္ဂိုလ်တင်ရေ ကျမ်းစာ၊ အချင်းအရာအားဖြင့် ကွဲပြားချက်တွိ့ရရေ။

(ဥပမာ)

ရခိုင်မဂ္ဂဇင်း၊ အမှတ် (၁)၌ ဆရာကြီးဦးအောင်သာဦး တင်ပြထားရေ ဗုဒ ̈သာသနာ သက္ကရာဇ်ဆောင်းပါးတွင် မဟိံသကရာဇဝင်လာ ပညာမေဓာမော်ကွန်းအရ တင်ပြထားရေကို တွိ့နိုင်ကတ်မည်ဖြစ်ဧ့။ သီးခြားရိုက်နှိပ်၍ ထိုဆောင်းပါး ကိုစာစောင် ထုတ်ဝေဖြန့်ချိခပါသိမ်းဧ့။

ကွာခြားချက်

[edit | edit source]

မဟိံသကမူတွင် သံဂါယနာတင် သံဃာနှစ်ထောင်တွင် ရခိုင်နန့်သီဟိုဠ် (ယခု သီရိလင်္ကာ) တစ်ထောင်ကျစီ ပြဆိုဧ့။ ငမဲမူ၌ကား သီဟိုဠ်မှ ငါးရာရခိုင်မှ တစ်ထောင့်ငါးရာဆိုပနာ ပြဆိုဧ့။ ပါဠိအထာကထာတင်ရာ ကာလရေ သုံးနှစ်စီနန့် ရီးကူးရေကြေးပြားချပ်ရေ ငါးထောင်ရို့ရေ ညီမျှကတ်သော်လည်း တင်ရေကျမ်းဂန်အစီအစဉ်နန့် ရီးကူးရေကြေးပြား ချပ်အရေအတွက်ရေ ကွာခြားနီပေရေ။ မဟိံသကမူတွင် ပိဋကတ်တော်သုံးပုံ ပါဠိတော်ကို အောက်ပါအစီအစဉ်အတိုင်း တင်ခရေ။

(က) ပါဠိတော်

(၁) ဝိနည်းငါးကျမ်း ကြေးဝါချပ်ရေ ၂၅၀

(၂) သုတ်သုံးကျမ်း ။ ၉၁၀

(၃) အဘိဓမ္မာ ။ ၈၄၀


ချပ်ရေပေါင်း ၂၀ဝဝ

(ခ) အဋ္ဌကထာ

(၁) ဝိနည်းငါးကျမ်း ကြေးနီချပ်ရေ ၇၅၀

(၂) သုတ်သုံးကျမ်း ။ ၁၅၀ဝ

(၃) အဘိဓမ္မာ ခုနစ်ကျမ်း ။ ၆၉၀

(၄) ဝိသုဒ္ဓိမဂ် ။ ၆၀


ချပ်ရေပေါင်း ၃၀ဝဝ

၁။ အာနန ́စနြ ́မင်း ပဉ္စမ၊ သီရိစနြ ́မင်း ဆဋ္ဌသံဂါယနာတင်ခရေဟုလည်း မှတ်တမ်းလာဧ့။

ဦးငမဲမူ၌ အောက်ပါအတိုင်း ပြဆိုထားရေ။

(က) ပါဠိတော်

(၁) ဝိနည်းငါးကျမ်း ကြေးနီချပ်ရေ ၂၅၀

(၂) နိကာယ်ငါးရပ်တွင် သုတ္တန် ၄၁ကျမ်း၌ ။ ၉၁၀

(၃) ခုဒ ́ကနိကာယ်ဝင် အဘိဓမ္မာ ။ ၈၄၀


ချပ်ရေပေါင်း ၂၀ဝဝ

(မှတ်ချက်)(မှတ်ချက်)(မှတ်ချက်)(မှတ်ချက်)(မှတ်ချက်) ဤ၌ သုတ္တန် ၄၁ကျမ်းကို တသုတ်ကေ တစ်ကျမ်းကျစီဖြင့် ရေတွက်ထားခြင်းဖြစ်ဧ့။

ရေတွက်ပုံမှာ-

(၁) ဒီဃနိကာယ် ၃-ကျမ်း

(၂) မဇ္ဈိမနိကာယ် (ပဏ္ဏာသ) ၃-ကျမ်း

(၃) သံယုတ္တနိကာယ် ၅-ကျမ်း

(၄) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း

(၅) ကျန် ခုဒ ́ကနိကာယ် ၁၉-ကျမ်း

သုတ်ပေါင်း(ကျမ်းပေါင်း) ၄၁-ကျမ်း

(ခ) အဋ္ဌကထာ

(၁) ဝိနည်းငါးကျမ်း ကြေးနီချပ်ရေ ၇၅၀

(၂) နိကာယ်ငါးရပ်တွင် သုတ္တန် ၄၁ကျမ်း ။ ၁၅၀ဝ

(၃) အဘိဓမ္မာ ခုနစ်ကျမ်းတွင် ။ ၆၉၀

(၄) ဝိသုဒ္ဓိမဂ် ။ ၄၀

(၅) ကင်္ခါဝိတရဏီနှစ်ကျမ်း ။ ၂၀

(ဘိက္ခု၊ ဘိက္ခုနီ ဝီနိစ္ဆယ)


ချပ်ရေပေါင်း ၃၀ဝဝ

(မှတ်ချက်)(မှတ်ချက်)(မှတ်ချက်)(မှတ်ချက်)(မှတ်ချက်) ဤ၌ ဘိက္ခုပါတိမောက်နန့် ဘိက္ခုနီပါတိမောက်ရို့ကို ဖွင့်ဆိုထားရေ ပါတိမောက် အဖွင့်ခေါ် ပါတိမောက် အဋ္ဌကထာကို သီးခြားသံဂါယနာတင်ထားကြောင်း ညှိနှိုင်းဝေဖန် စီစစ်ဆွေးနွေးနိုင်ကတ်ရန် ဆေးဆရာဦးငမဲဧ့ ပညာမေဓာ မော်ကွန်းစာမူကို အောက်ပါအတိုင်း ပေမူမှ ကူးယူတင်ပြလိုက်ရပေဧ့။

သုဘူပရံ၊ သုလောကီတံ၊ သုမင်္ဂလံ၊ သမိဇ္ဈတု။

ကမ္ဘာစဉ်လာ၊ ဓမ္မတာဖြင့်

တိဒ ̈ါသမုတ်၊ စုတုယုဂ်ကိန်း

လေးသိန်းသုံးသောင်း၊ နှစ်ထောင်ဆောင်းသား

နှစ်ပေါင်းကိုချုပ်၊ ကလယုဂ်တည်း။

ထိုယုဂ်နှစ်ပြန်၊ ဒွါပရန်ဟု

သုံးပြန်တေတြာ၊ လေးဖြာကတ

ပေါင်းကြလေးထပ်၊ ရွီအပ်သိမှု

အçအာçဥçဤ ရာဂီတြု၊ ဂဏန်းစုဖြစ်

ထိုနှစ်အပေါင်း၊ ခေပြောင်းပြန်လှန်

ကပ်ဆုံးလွန်အောင်၊ လူ့ဘောင်ပွားဆုတ်

လေးပါးယုဂ်တွင်၊ အယင်ကတ

ဓမ္မဥစ္စာ၊ ပြည့်လှာဥဿုံ

ကောင်းကိန်းကြုံ၏၊ သုံးပုံတေတြာ

ယုဂ်မှာတစ်စု၊ ကောင်းစုသုံးမှာ

ဒွါပရာစက်၊ တစ်ဝက်ကောင်းဆိုး

တစ်မျိုးကလိ၊ အသိဇက

သုံးဆချွတ်ယွင်း၊ တရားကင်း၍

ယင်းကလိသက်၊ ထိုနှစ်ထက်မှာ

သိက္ခာသိက္ခ၊ ဂဏန်းချခါ

ရာသက်ကာလ၊ ဟာယနမှီ

သာကီသကျ၊ ဂေါတမဟု

လောကလူ့ရွာ၊ ဖြစ်ပွင့်လာ၍

ဒေဝါမနု၊ ကျွတ်မှုဟောကြား

လေးဆယ့်ငါးဝါ၊ ရောက်ရေခါကား

ဩဆာသာရ၊ သာခပုဏ္ဏမီ

ငြိမ်းလီနိဗ္ဗာန်၊ ထားပြန်သာသနာ

ကောဇာဖြိုရှု၊ ဓာတုဋီကာ

ရောက်ခါပေါင်းကြ၊ နဝတြီ

သတ္တဂီရ၊ ဂေါတမပုရဏ်

ကျမ်းညွန့်အလာ၊ ရက္ခာပူရ

ဓညသခင်၊ ဘုရင်ရာဇာ

နာလာမာယု၊ မင်းဟူသမိုက်

ဘိသိက်ကြိုက်ခါ၊ ကောဇာဘိန္န

သာဓကကျမ်း၊ ကိန်းဆန်းအရ

မိ-ဘ-စံ-ဇီ၊ ဖြိုလီြွကင်းနှစ်

သက္ကရာဇ်မဟာ၊ တစ်ရာသုံးခု

ပွင့်မှုတွီကြုံ၊ ကဆုန်ပုဏ္ဏ

ဂေါတမဟု၊ ဗုဒ ̈တံထွာ

မသိရာကို၊ လွယ်စွာရစိမ့်

သနားဖိန့်ဖိန့်၊ ဟောမိန့်ညွှန်ကြား

လေးဆယ်ငါးလျှင်၊ ရောက်ငြားဝါရွယ်

ရာလေးဆယ်ရှစ်၊ ဘိုးတော်ချစ်၏။

ပြည်သစ်ကဆုန်၊ အင်္ဂါကြုံနီ

သုံးဘုံဆွီဆွီ၊ တုန်ခွီခွီလျှင်

မရွီနိဗ္ဗူ၊ စံတော်မူဘိ

ပြည်သူသက်နှင်း၊ မင်းမင်းစဉ်လျှောက်

ငါးဆက်မြောက်ကျ၊ စန ́သူရိယ

ဇီဝကကိန်း၊ ဖြိုသိမ်းပြီးမှ

တစ်ကစလစ်၊ သက္ကရာဇ်ပါ

သာသနာနှစ်၊ ပွားသစ်အညီ

ယှဉ်မှီမြောက်တက်၊ ဆယ့်ခြောက်ဆက်မှာ

သိရိယာစိတြ၊ ဓနဉ္ဇကိန်း

ဖြိုသိမ်းပြီးထ၊ ခတ္ထိယနွယ်

သုံးဆယ်နှစ်ဆက်၊ ဆင်းသက်ရောက်ပြန်

သိရိစနြ ́၊ ဥတ္တမကိန်း

ဖြိုသိမ်းပေါင်းပြု၊ ဓာတုဋီကာ

ကောဇာဂုဏ၊ ရောက်ထမှတ်စွာ

သာသနာနှစ်၊ အတိတ်ဖြစ်၏။

ထိုနှစ်မှာပင်၊ စိတြပုဏ္ဏီ

ပါဠိပဒ၊ ဆုတ်စတစ်ရက်

ယင်းနီထက်တွင်၊ မြသွင်မှိုင်းအိ

တန်ခိုးဟိသည်၊ ဘူမိရွှီတောင်

ဗွီထိပ်ခေါင်ကို၊ ညီအောင်ပြုလျက်

လေးဘက်ညီညာ၊ တစ်မျက်နှာလျှင်

ဝိဟာယှဉ်မှီ၊ ငါဆောင်စီတည်း။

မျှညီစမ္ပာယ်၊ ငါးဆယ်သံဃာ

တစ်မျက်နှာလျှင်၊ နှစ်ရာငါးဆယ်

လေးသွယ်အရိယာ၊ ထေရ်သံဃာတို့

နှစ်ဖြာဓူရ၊ သီဟဠမှ

သတငါးလီ၊ ြွကချီဖြည့်တင်း

တိုင်းရင်းဓည၊ တို့ပြည်မမှ

ဓူရငါးရာ၊ ကျော်လာတစ်ထောင်

ပင့်ဆောင်ကျွေးမွီး၊ လှူပီးပွဲကြီး

ပဲ့တင်ဟည်းမျှ၊ အံ့ချီးထိုခါ

ကျင်းပရာတွင်၊ လယ်ချာထူးဆန်း

နတ်နန်းတူလျှောင်း၊ ရွှီကျောင်းဗိမာန်

ဝေဇယန်မှ၊ ဓမ္မရတနာ

ညီလာခံမှု၊ ပြုကြစေရာ

သံဃာနှစ်ထောင်၊ ဦးဆောင်ပုဗ္ဗင်

သခင်စူဠ၊ ရေတဝထေရ်လျှင်

ကြီးမှူးတင်၍၊ သဘင်ဓမ္မ

သင်္ဂါယနာ၊ တင်ပြုရာတွင်

စစွာပဉ္စ၊ ဝိနယ၌

နှစ်ရာငါးဆယ်၊ နိကာယ်ပဉ္စ

သုတ္တန္တဟု၊ ဧကတာလီ

ကျမ်းဂမ္ဘီ၌၊ ယှဉ်မှီကိုးရာ

တစ်ဆယ်လာ၏၊ ခုဒ ́ကာမည်ရ

သတ္တဝေဖြာ၊ အဘိဓမ ္မာ၌

ရှစ်ရာလေးဆယ်၊ သုံးသွယ်ပိဋကတ်

ပါဠိမြတ်၌၊ ရွီးမှတ်ကြီးပြား

နှစ်ထောင်အားဖြင့်၊ ပြီးငြားသီချာ

တစ်နှစ်ကြာခဲ့၊ တစ်ဖြာဖွင့်ပြ

အဋ္ဌကထာ၊ ဝိနယာ၌

ခုနစ်ရာငါးဆယ်၊ နိကာယ်ပဉ္စ

သုတ္တန္တမှာ၊ ထောင့်ငါးရာတည်း

ဓမ္မတိရေကာ၊ ဘိဓမ္မာ၌

ခြောက်ရာကိုးဆယ်၊ ဓိပ္ပါယ်ပေါင်းရုံး

ကျဉ်းချုံးဖွင့်ဟ၊ ဝိသုဒ ̈ိမဂ်

ရေတွက်တာလီသ၊ ဒွိယနိစ္ဆယာ

ကင်္ခါဝိတရဏီ၊ ကြီးနီချပ်ပြား

နှစ်ဆယ်အားဖြင့်၊ ငါးပါးနိကာယ

အဋ္ဌကထာ၊ နှစ်နှစ်ကြာခဲ့

စဉ်လာပွားသက်၊ ဓမ္မစက်လျှင်

ရှည်ဆက်တည်မှု၊ မျှော်ထောက်ရှု၍

ပ-ဒုနောက်မှ၊ တတိယဟု

ဓမ္မသဘင်၊ သံဂါယနာ

တင်ရာဓိပတိ၊ မောဂလိပုတ္တ

တိဿထေရ်ကျော်၊ အမိန့်တော်ဖြင့်

မဟိံသဟု၊ မည်ရသမိုင်း

ရခိုင်တိုင်းသို့၊ စီခိုင်းြွကလာ

မဟာရေဝ၊ ထေရငါးဖြာ

ရဟန္တာတို့၊ သူရိယာစက္က

တို့ရာဇအား၊ ဒေဝဒူတန်

နတ်တမန်ဖြင့်၊ ဟောညွှန်သွန်းလောင်း

လေးသောင်းအရိယာ၊ ဓမ္မစက္ခု

ရမှုလူပေါင်း၊ လေးသောင်းရဟန်း

ကျွတ်တမ်းဆိုက်ရ၊ မြတ်ဗုဒ ̈၏။

စမ္မစက်နွယ်၊ ဆက်သွယ်ပွားလျှောက်

ထပ်ဆင့်လှောက်၍၊ ထွန်းတောက်ထိန်ထိန်

နောက်နောင်ချိန်လည်း၊ မမှိန်သမိုင်း

ရွှီခိုင်တိုင်းဝယ်၊ ပြန့်လှိုင်းရောင်စွယ်

ဇမ္ဗူလယ်၌၊ ဖြန့်ကျယ်ဆင့်ဆင့်

နှံ့သွယ်လင့်ဟု၊ အသင့်လျော်စွာ

ဆောက်တည်ကာဖြင့်၊ မဟာမဟိန ́

ထေရဘုန်းစည်၊ တည်နွယ်ဖြန့်စင်

သီဟိုခွင်၌၊ နောင်တွင်ဆောင်ရွက်

လွန်ခဲခက်၍၊ ပေထက်အက္ခရာ

သံဂါယနာ၊ စတုတ္ထမြောက်

တင်ပြီးနောက်မှ၊ တိမ်းမှောက်ညစ်ညူး

ဝါဒထူးဖြင့်၊ ကူးလူးမယှဉ်

အစဉ်တည်တံ့၊ အရှည်ခံဟု

ကူးပံ့ဖြန့်ဖြူး၊ မြတ်ကျေးဇူးဟိ

ရဘိရည်ညွတ်၊ လွတ်လွတ်ပြုထ

သီဟဠနှင့်၊ ဝါဒတူဘိ

တုံးသိင်္ဂီကား၊ ပဉ္စမီထပ်

ကြီးနီချပ်လျှင်၊ ရွှီကွပ်တင့်သား

ငါးထောင်အားဖြင့်၊ ရွှီသားသီးချာ

သုံးနှစ်ကြာလျှင်၊ ကောင်းစွာသီးသီး

အောင်မြင်ပြီး၍၊ လူထီးခွန်ဆီ

စိုးမိုးချီသ၊ သီရိစနြ ́ာ

တို့ရာဇာကား၊ ပြည်ရွာခွန်ဆက်

လျော့တန်တစ်ဝက်၊ ရန်မျက်ခပ်သိမ်း

ငြိမ်းစီကြောင်းပြု၊ ကောင်းမှုပြည့်ဖြိုး

စေတီမျိုးနှင့်၊ ပုထိုးဆင်းတု

မျက်ရှုကြည်လင်၊ ဖြူစင်မနော

ပြန့်ပြောစဖွယ်၊ ဂူကျောင်းသွယ်လျက်

သွားလွယ်တံတား၊ ရီတားကန်တူး

မြောင်းတည်တူးဖြင့်၊ ဆည်းပူးမယုတ်

ကြိုးကတ်ဒါန၊ သီလတစ်ဖြာ

ဘာဝနာတစ်ရပ်၊ ဝိပဿနာ

ပွားကာထိန်းချုပ်၊ လောကုတ်မဂ္ဂင်

ထုံမွှန်းတင်သည်၊ ဖိုလ်ဝင်နိဗ္ဗာန်ရောက်ကြောင်းတည်း။[1]

ကိုးကား

[edit | edit source]

  1. အသျှင်စက္ကိန္ဒ(ရခိုင်ပြည်နယ်) -ရခိုင်ယဉ်ကျေးမှုများ (၄) -p37