Jump to content

Wp/rki/ရခိုင်သျှင်ပြုဓလေ့နန့် ရတုဆိုပွဲ

From Wikimedia Incubator
< Wp | rki
Wp > rki > ရခိုင်သျှင်ပြုဓလေ့နန့် ရတုဆိုပွဲ

ဘုရားသျှင် လက်ထက်ကပင် သျှင်ပြုခွင့် ရဟိလာရေမှ စ၍ သျှင်ပြုလေ့ရေ ဗုဒ္ဓဘာသာဝင် လူမျိုးရို့တွင် ကု သိုလ်တော်ပွဲထူး တစ်ခုဖြစ်လာရေ။ မိဘတိလည်း သာသနာ့အမွေပီးရာ ခံရာရောက်၍ မြင့်မြတ်ရေ ဟု ယုံကြည်ကတ်ရေ။ ရခိုင်ဘုရင်မင်းတိလည်း ပဉ္ဇင်းတစ်ထောင်ခံပွဲတိကို ပြု၍လည်းကောင်း၊ သာသနာ အတွက် ထောက်ပံ့ကူညီ လှူဒါန်းပြု၍ လည်းကောင်း၊ သာသနာ့ကရ၊ သာသနဒါယဒ၊ သာသနာ ဒါယပ၊ သာ သနာ့နုဂ္ဂဟူရေ ဘွဲ့ထူးကို အမြတ်တနိုးခံယူခဲ့ကတ်ကြောင်း ကျောက်စာရို့တွင် တွေ့ဟိနိုင်ပေရေ။

သျှင်ပြုအရွယ်ရောက်သူကို ရခိုင်က "ဗောင်းတင်ချေ" ဟုခေါ်လေရေ။ သျှင်ပြလိုသူတိမှာ သာရဏဂုံသီလ၊ သျှင်ကျင့်ဝတ် စရေရို့ကို ပီသစေရန် ကြိုတင်၍ ဆရာတော်ထံ လျှောက်ထားအပ်နှံကာ သင်ယူစေရရေ။ သျှင်လောင်းမှာလည်း သျှင်ပြုပွဲအတွက် မကျန်းမာခြင်းစရေ ဘေးအန္တရာယ်အတွက် ကင်းသျှင်းစေရန် ရေကူး၊ သစ်ပင်တက်၊ ခရီးဝေးသွားခြင်း အမှုရို့ကို ရှောင်ရရေ။ ဆရာတော်နန့် နိ့ရက်ကောင်းကို သတ်မှတ်ပြီး ပရိက္ခရာတိကို ကျောင်းသို့ပီးပို့ ထားရရေ။ ရှေးကဆိုလျှင် ပရိက္ခရာတိမှာ သင်္ကန်းစုံအတွက် ပိတ်ဖျင် ကိုကိုက်ဖြတ်၍ လက်ဖြင့် အုပ်ချုပ်ခဲ့ကတ်ရရေ။ သပိတ်မှာ မြေကိုလုပ်၍ မည်းနီစေအောင် မီးဖုတ်ထား ခြင်းဖြစ်ရေ။ ထိုပရိက္ခရာ (သျှင်ရဟန်းအသုံးအဆာင်)တိကို သျှင်မပြုမီ တစ်ရက်တွင် ဆရာဘုန်းတော်ကြီး ကျောင်းသို့ အခမ်းအနားဖြင့် သွားရောက်၍ ပင့်ပွဲပြုရေ။ တံခွန်၊ ကုက္ကား ကိုင်ဆောင်ကာ လူကြီးတိက ရှေ့ဆောင်လျက် သွားရောက်ပြီး ဆရာတော်ထံမှ သီလခံယူ၍ ပင့်ဆောင်ကတ်လေရေ။

သျှင်လောင်းလှည့်ပွဲကို ပြုလုပ်သူတိ ဟိခကေလည်း နည်းပါးသွားလေပြီ။ သျှင်လောင်းလည့်ပွဲ၌ သီဆိုရေ ရတုတိမှာ သျှိုးလိုက်ရတုဟူ၍ လည်းကောင်း ခေါ်တွင်ကတ်ရေ။ ဗုဒ္ဓဝင် တောထွက်ခန်းတိကို စပ်ဆိုထားရေ ကြိုးတန်းရတုတိပင်တည်း။ နောက်၌ ထိုရတုကို ဖော်ပြပါအံ့။ တန်းခိုးဆရာထွန်းလည်း "သျှင်အာနိသန်နိဗ္ဗာန် မျက်ချစ် သာခြင်းသစ်" ဟူ၍ ရေးစပ်ဖွဲ့ဆိုခဲ့ပီသေးရေ။

နံနက်စောစော သျှင်လောင်းအား ရေမိုးချိုး၊ တောင်ရှည် ပုဆိုးဝတ်၊ ခေါင်းပေါင်း ဦးသျှေင်ဆင်မြန်းရရေ။ ဆင်မြန်းရာတွင် ၎င်းဧ့ အထက်နံဖြစ်ရေ စေနီသားက ဦးခေါင်းကိုလည်းကောင်း၊ အောက်နံဖြစ်ရေ တနင်္လာသားက အဝတ်တန်ဆာကို လည်းကောင်း ဆင်ရရေ။ ရေစင်အညွန့်ကိုလည်း မိမိမွေးနံဧ့ အထက် ဖြစ်ရေ စနီ၊ရေကြာ၊ကြသပတေးအညွှန့်ရို့ကို ထည့်ရရေ။ ထို့နောက် သီလယူစေကာ ဘိသိတ်သွန်း မြှောက်ရေ။ သျှင်ပြုမင်္ဂလာ မြှောက်ရေဟုခေါ်ရေ။ ရဟန်းသံဃာတော်တိက မင်္ဂလာပွဲ အခမ်း အနား စီစဉ်ပုံမှာ ထိမ်းမြားမင်္ဂလာ (သမက်တက်မင်္ဂလာ) ပွဲနန့် အတူပင်ဖြစ်ရေ။

သျှင်ပြုမင်္ဂလာပွဲပြုလုပ်နည်း

[edit | edit source]

မင်္ဂလာမြှောက်ရန်အတွက် မင်္ဂလာထမင်းပွဲကို စီရင်ရရေ။ ပြုလုပ်ရာ၌ နှမ်းမဖြူးရရေ ကောက်ညှင်း တစ်ပေါင်း၊ ကန်စွန်းမြောက်ဥ၊ ဂရင်ငှက်ပျောသီးနှစ်လုံး၊ ဘဲဥနှစ်လုံး၊ အကြေးခွံမခွာရေ အကောင်လိုက် ငါးကန်သား ကောင်ကျိုးနှစ်ကောင်၊ ပုစွန်တုတ်အကောင်လိုက် နှစ်ကောင်ရို့ကို အားလုံးချက်ပြုတ် ကြော် လှော်ပြီးသား ဖြစ်ရရေ။ ထိုကို မင်္ဂလာထမင်းပွဲ မနောလင်ပန်းတွင် ထည့်ရရေ။ ထမင်းပွဲဧ့ လက်ယာ ဘက်တွင် မြောက်ညွန့်၊ သပြေညွန့်၊ အုန်းညွန့်၊ နှစ်ညွန့်စီပါရေ ရေစင်အိုးနှစ်လုံး၊ လက်ဝဲဘက်မှာ ရွှေဖရုံ သီးနှစ်ပွဲ၊ ပုစွန်နှစ်ကောင် နှစ်ပွဲ၊ ငါးနှစ်ကောင် သို့မဟုတ် ကြက်သားအူစုံ ရေးစုံချက်ရေ ပွဲတစ်ပွဲ၊ စုစု ပေါင်း ဟင်းငါးခွက်ပါရေ ဟင်းရံပွဲတစ်မျိုး ထားရရေ။

မင်္ဂလာထမင်းပွဲကို မင်္ဂလာစားပွဲခုံ (ရှေးကဆိုလျှင် ဒေါင်းလှန်) ရခိုင်အခေါ် ပွဲတင်ပေါ်တွင် သံသျှင်စပါးတိ ဖြန့်ခင်း၍ ငွေသားအစစ် ဒင်္ဂါးတစ်ကျပ်ကို အပေါ်ကတင်ထားရေ။ တချို့မှာ နင်းတားစရာ သံတိုသံစ သံ ပိုင်းတိလည်း ချထားပါဟိလေရေ။ မင်္ဂလာပွဲနန့် ဟင်းလျာတိကို နီထားတကျ စီစဉ်ချပီးကတ်ရရေ။ အ ကြောင်းမှာ ပြင်ဆင်ထားြ့ီးရေ မင်္ဂလာပွဲကို နီရာရွေ့ခြင်း၊ ပြောင်းလဲခြင်း မပြုရတော့ချေ။ ချက်ပြုတ် ကတ်ရသူတိမှာလည်း အမျိုးသမီး အပျိုတိချည်းသာ ဖြစ်ကတ်ရလေရေ။ မင်္ဂလာမြှောက်စဉ် လူပျိုရံတိက ဝဲယာ သင့်ရာက ခြံရံ၍၊ ပရိတ်ချည် ဝိုင်းပတ်ကာရံထားရေ စည်းတွင်းက ဟိနီရေ။ ဝဲယာထားရာ၌ သျှင် လောင်း တနင်္ဂနွေသားဖြစ်လျှင် ဓါတ်ဖက်တူ နံ(စနီ)သားကို လက်ယာရံထားရရေ။ မိတ်ဖက်တူရေ နံ (ကြသပတေး)သားကို လက်ဝဲရံထားရရေ။ ပရိတ်ရွတ် မင်္ဂလာမြှောက် ဘိသိက်ရေ ပက်ဖျန်းပြီးလျှင် ပွဲရံမှ ထမင်းဟင်းငါးရို့ကို အနည်းဆုံး ခုနစ်လုတ်စီရေ်လည်းကောင်း စားရေက်ကတ်ရလေရေ။ လက်ဆေး ရန်နန့် စားကြွင်းပစ်ရန် ထွေးအိုးအဖြစ် အသုံးပြုစရာ မြေအိုးသစ်တိလည်း ထားဟိပီးးရလေရေ။ ထို နောက် မိဘတိက ဦးစွာလက်ဖွဲ့လေသဖြင့် ဦးချ၍ ခံယူရလေရေ။ သျှင်ပြုရန်မှာ နံနက်ဖြစ်စေ၊ နိ့လည် ဖြစ်စေ သတ်မှတ်ပြုနီကတ်ရပီဧ့။ ဆံချစဉ် အမိဖြစ်သူလည်းကောင်း၊ မိထွေးနှမ၊ အစ်မရို့ကလည်းကောင်း ဆံပင်ကို အဝတ်ဖြင့် ခံယူကတ်လေဧ့။

သျှင်ပြုပွဲတွင် ဓလေ့တိအရ သျှင်လောင်းရွက်ပို့ခ၊ သင်္ကန်းထုပ်ထားခ၊ မာရ်နတ် မှောင့်(နှောက်ယှက်) ခရို့ အတွက် လူပျို၊ကျောင်းသား မင်းကျွန်ရို့အား အသီးသီးပီး၍ ကျေနပ်စေရဧ့။ ရှေးက သျှင်ပြုပွဲတွင် စည်တီး လေ့ဟိကြောင်းကို ထင်ရှားစေရေကား ပတ်တီးသာချင်းတိက သက်သေခံနီပေဧ့။

သျှင်စည်သံလေ သျှင်စည်သံ

စေတနာမြတ်မွန်၊ သျှင်စည်သံလေ

(ငါ့သားလှမောင်၊ ဝင်းဝင်းပြောင်

သင်္ကန်းလည်းဆီး၊ ရှုမငြီး)

မောင်သျှင်ကြီးလေ၊ သျှင်ကြီးလေ။

သျှင်ပြုပွဲရို့၌ စည်သံတိမှာ မင်းပြားနယ်၊ မြောက်ဦးနယ်ရို့၌ ထိန်းသိမ်းခဲ့ကတ်ပေဧ့။ ယအခုဆိုလျှင် ရခိုင် ရိုးရာမပျက် ယဉ်ကျေးမှုအတုယူ ပြုလေ့တိလည်း ပြန့်ပွားလာခဲ့ပြီး ဖြစ်ပေဧ့။ ရှေးက သျှင်ပြုပွဲတွင် မြို့ရော တောပါ စည်သံ၊ ဗြောသံ၊ ဆိုင်းသံရို့ဖြင့် နာပျော်ဖွယ် ဧည့်ခံခဲ့ကတ်ရေ်လည်း၊ ယခုကား ခေတ်အလိုက် အသံချဲ့စက် တအော်အော်ဖြင့် ကျင်းပနီကတ်ရေကိုပါ တွေ့ဟိလာကတ်ရဧ့။ ကိုယ့်ရွာ ကိုယ့်ဓလေ့ တီးဝိုင်း တိဖြင့်လည်း ပြုလုပ်နီကတ်ပေသေးရေ။ အဟောင်းအသစ် ရောပြွမ်းမှုလည်း မလွှဲရှောင်သာ ဟိကတ်ရမည် ကား ဓမ္မတာတည်း။

ရမ်းဗြဲ၊ မာန်အောင်ဒေသ၌ သျှင်မပြုမီ ညနီတွင် ကာလသား/သမီးရို့ စီမံပြုလုပ်ကတ်ရင်း တစ်ဖက်နန့် တစ်ဖက် အတင်အချ ကဗျာပညာစမ်းရေ။ ဇမ်းကစားခြင်းဖြင့် အရှုံးမခံ အနိုင်မပီးဘဲ ပျော်စရာအတိ ဟိခဲ့ကတ်ဧ့။ သျှင်ပြုပွဲတွင် အထူးရွေးချယ်ရရေ ဓလေ့မဟိချေ။ တချို့မှာ ရထားမီးဟို့ရေ (တပို့တွဲ)လတါင် သျှင်မပြုဘဲ ရှောင်ကတ်ရေကို တွေ့ရဧ့။ သျှင်အဖြစ်လည်း "စုံ"ကျကို ရှောင်ပြီး "မ"ကျရေ နိ့တွင်သာ လိင် ပြန် (သျှင်လူထွက်)ကတ်ရဧ့။ ဥပမာ ၇၊ ၉၊ ၁၁ စရေနိ့တိတွင်ဖြစ်ကတ်ဧ့။

သျှင်သာမဏေဘောင်သို့ ခေတ္တဝင်သူကို ရခိုင်က မောင်သျှင်ဟုခေါ်ဧ့။ မောင်သျှင်လူထွက်တိရေ သျှင်ဘဝက ရှည်ထွက်ပြုရေ ဆံပင်ကို ရိတ်ပစ်လေ့ဟိကတ်ဧ့။ အဖော်မိတ်ဆွေတိ၊ ကျောင်းသားတိက "မောင်သျှင်လူ ထွက် ကလူကွက်၊ ဇာနန့်စားဖို့၊ ထွက်လတ်တေ"ဟူ၍ ပြောင်လှောင်ပြောကတ်ဧ့။ ကလူကွက်ငှက်ကား ဦးခေါင်းထိပ် ပြောင်သလက်ဟိရေကြောင့် ထိုငှက်နန့် နှိုင်းခိုင်းတင်စား ပြောဆိုခြင်းဖြစ်သတည်း။

အချို့က ခေါင်းတုံးပြောင်ကို ထိပ်ခေါက်ကစေားလေ့ဟိကတ်ရေ။ သို့ရေ် ခေါင်းတုံးပြောင်ဘဝဖြင့် မနီရ ချေ။ ဦးခေါင်းတွင် အဝတ်စတစ်ခုခုကို ပေါင်းရစ်ထားရဧ့။ ထိုသို့ ပေါင်းရစ်မထားလျှင် ထောင်ထွက် (ထောင် ကျသား) အဖြစ် ကဲ့ရဲ့ခံရခြင်း၊ တခြားမကျန်းမမာမှုစရေ အကြောင်းကြောင့် ဆံပင်ရိတ်ပယ်ခံရရေ နာ လန်ထစနန့် ရောထွေးထင်မှားနိုင်ခြင်းရို့ ဟိတတ်လေရေ။

ရှေးက အသက်ဆယ်ကျော်လျှင် (ဝိနည်းခွင့်ပြုချက်အရ ကျီးငှက်မောင်နှင်၊ စာခြောက်နိုင်ရေအရွယ်) သျှင် ပြုလေ့ဟိခဲ့ကတ်ရေ။

ထိုသျှင်လောင်း သူငယ်အား သျှင်လူထွက်ဟု သတ်မှတ်လျက် ဦးခေါင်းတွင် အဝတ်စတစ်ခုခုနန့် ပေါင်းရစ်ထား ရရေ။ ထိုကို အစွဲပြု၍ ဆယ်ကျော်အရွယ် သျှင်ကောင်းအရွယ် သူငယ်တိကို ဗောင်းတင်သျှေဟု ခေါ်ကတ် လေ့ဟိလာခဲ့ရေ။ ရခိုင်ထီးနန်း ပျက်သုန်း၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကတ်ရာတွင် အနောက်ပြည် ပင်းဝါ(ရာမူး) သို့ ရောက်ရကတ်ရေ ဆရာတော်တိအနက် အရစ်ပေါင်း(ဦးရစ်ပေါင်း) ဆရာတော်လည်း တစ်ပါးပါဝင်ခရာ ထိုဆရာတော် သီတင်းသုံးခဲ့ရာ ကျောင်းနီရာကို ယခုတိုင် အရစ်ပေါင်း ကျေးရွာဟု ခေါ်စမှတ်ဟိနီကတ်ပေ သေးဧ့။ ရခိုင်ဘုရင်မင်းဧ့ သားတော် ဦးရစ်ပေါင်းအရွယ် မင်းသားငယ်ဧ့ ဆရာရင်းဖြစ်ရေကြောင့် အရစ် ပေါင်းဆရာတော် ဟူဧ့။

ဤစာရေူးသူရေ ငယ်စဉ်ကပင် သျှင်ဝတ်ဆင်လာခဲ့ရေ။ အဘိုးအဘောင်ရို့ အိုမင်းရင့်ရော်နီပြီးရကား မသေမီ မြေးမြစ်တိကို သျှင်ဝတ်ဖြင့် မြင်သွားစေလိုရေ။ ကုသိုလ်အာရုံတစ်ခုကို အမှတ်ရစေသဖြင့် သေခါ နီးဘဝပြောင်း ဖြူးဖြောင့်မည်သာတည်း။ သျှင်ပြုဓလေ့၊ သျှင်ပြုပွဲတိကား သသနာတည်သရွေ့ ဟိနီကတ်မည် သာဖြစ်ဧ့။ သားယောက်ျားရဟိလျှင် သျှင်ပြုရန် ရည်မှန်းချက် ဟိလာခဲ့ကတ်ဧ့။ မဖြစ်မနီ ကြိုးစား၍ တတ်စွမ်း သလောက် ဆောင်ရွက်ကတ်ရရေကား။ ပွဲပြင်ဖြင့် မတတ်နိုင်ထားဘိဦး၊ ကျောင်းထက်သျှင်ခေါ် ဆွမ်းတစ်ပွဲ နန့်ရေ်လည်း ကျောင်းပေါ်တင်၍ သျှင်အဖြစ်ကို အရယူစေခဲ့ကတ်ပေဧ့။

သျှင်ပြုပွဲ၊ သျှင်ပြုပွဲ သာသနာဘောင် ရောက်အောင် ဆောင်ကြဉ်းပေ။ လူရယ်လို့ဖြစ်လာ သားသျှင် မိဘတိမှာ သျှင်ပြုရ တာဝန်လည်းဟိကတ်ပေ။ သာသနာ တာဝန်ကျေပြွန်အောင် သားသျှင်မိဘတိမှန်က သျှင်အဖြစ် သာသ နာတော်ကို သွတ်သွင်း လှူဒါန်းနိုင်ကတ်ရမည် မလွဲပေ။ သျှင်ပြုပွဲတိစွာ ကြုံခဲ့ရပေပြီ။ သျှင်ပြုပွဲတိမှာ စီမံပီး ခဲ့ရပေပြီ။ သျှင်ပြုပွဲတိစွာ ပြုလုပ်ပီးခဲ့ရလေပြီ။ သျှင်လောင်းတိစွာကိုလည်း သျှင်ပြုပီးခဲ့ရလေပြီ။ ဤသျှင်အ ဖြစ် သျှင်ပြုပွဲစနစ်ကား မဟောင်းနိုင် မရိုးနိုင် မဆိတ်သုဉ်းနိုင် မကွယ်ပျောက်နိုင်ရေ ဗုဒ္ဓဘာသာ ဘိသိက် တင်ပွဲ၊ ဗုဒ္ဓဘာသာ အမွှမ်းတင်ပွဲ၊ ဗုဒ္ဓသာသနာ အခြေမဏ္ဍိုင် တည်နိုင်ပွဲသာ တကားဟု ဝမ်းသာမျှော်ခေါ် ဟိနီပေရေ။

ထို့ကြောင့် ၁၂-၅-၇၅ နိ့ နတ်မြစ်တွင် သျှင်ပြုပွဲနန့်ကြုံဆုံရင်း၊ အမှတ်တရဓလေ့ ကဗျာတစ်ပိုဒ်ကို ရေးစပ်မိ လေရေကို ဖော်ပြလိုပေဧ့။

စည်တော်စိန်း၊ ဗြိန်း-ဗြိန်း

တခြိမ်းခြိမ်း၊ ခြိမ်းသံမြည်

စည်စည်ကားကား၊ ပွဲသံကြား

မောက်သားမောင်

တောင်ပေါ်ကျောင်းမှာ သျှင်ပြုလားရေ

ပရိက္ခရာ၊ ပဒေသာ

မေ့မှာကိုယ်စီ၊ လက်ဆောင်ချီ

အညီတကွ၊ တင့်တယ်လှ

နောက်မှလူပျို၊ အရွေ့ဆို

အပျိုမယ်ရ၊ လွန်အားရ

ဆရာသျှင်၊ ထေရ်ကျော်ရင်းမှာ

သျှင်သွင်းရလေ သျှင်သွင်းရ။

သျှင်ပြုမင်္ဂလာ ရတုစာကြိုးတန်း

၁။ မကုဋ ကုဋ၊ တုမရရေ၊ လူ့ဘက်မြတ်ဆရာ (ရွှန်း)

၂။ ဆယ်ဖြာဓမ္မ၊ သာဝက၊ အဌပုဂ္ဂလာကို ။

၃။ သဒ္ဓါရိုကျိုး၊ လက်စုံမိုး၊ ဟိခိုးကန်တော့ပြီး၍ ။

၄။ ကျေးဇူးတော်သျှင်၊ မွေးရေမိ ။

၅။ ဂုဏ်အင်ကြီးဘိ၊ ဘပီတာကို ။

၆။ ဒွါရသုံးဖြာ၊ ဝန္ဒာမိ ။

၇။ ပညာအထူး၊ သင်ပီးဖူးရေ၊ ဂုဏ်ထူးမြတ်အာစရိအား ။

၈။ ဆယ်ဖြာညွတ်ကျိုး၊ လက်စုံမိုး၊ ဟိခိုးကန်တော့ပြီး၍ ။

၉။ ပညာဟိရို့၊ နှစ်သိမ့်ရှေးစဉ်လာ ။

၁၀။ သျှင်ပြုမင်္ဂလာ၊ ရတုစာကို ။

၁၁။ ချိုသာအေးမြ၊ ဆိုလိုက်မည်လေ ။

၁၂။ ချိုသာအေးမြ၊ ဆိုလိုက်မလေ (ရွှန်း)

၁၃။ ကြားသူနာသူ၊ သဒ္ဓါဖြူရေ ။

၁၄။ နာသူရောင့်ရဲ နိုင်ဘူးလေ ။

၁၅။ နာသူရောင့်ရဲနိုင်ဘူးလေ၊ နိဒါတ်ပြီးပြီ ။

၁၆။ ရတနာရောင်ညီး၊ အောင်စည်တီး၊ တိုင်းကြီးရွှေကပ္ပီ ။

၁၇။ ခမည်းတော်မြတ်၊ စောနိနတ်၊ မင်းမြတ်အသမ္ဘိန်ကား ။

၁၈။ သမ္ဘာဟိန်ရေ၊ ရာဇိန် သုဒ္ဓေါဒန ။

၁၉။ မဂ္ဂမည်ဟိ၊ သီရိမာယာ၊ နန်းဆောင်ညာ၊ မာတာမိခင်မြတ်၍ ။

၂၀။ သုံးလူနတ်၊ လောင်းြတ်ရို့ဆရာည ။

၂၁။ သက်တော်ဆယ့်ခြောက်၊ ရွယ်တော်ရောက်၊ မင်းမြှောက်တင်တော်ရှာရေ ။

၂၂။ ဗိမ္မာယရေ်၊ နတ်နန့်ဆေး ။

၂၃။ နန်းမ သုံးဆောင်၊ စွင့်စွင့်ထောင်ရေ ။

၂၄။ ပြောင်ပြောင်မြေက၊ ပေါက်ကဲ့လေ ။

၂၅။ မြေကပေါက်၊ အံ့လောက် နန်းသုံးဆောင် ။

၂၆။ ရမ္မ၊ သုတ၊ သုရမ္မဟူ၊ နာမ တံခွန်ထောင်ရေ ။

၂၇။ လူ့ဘောင်တူဖက် ဟိဘူးလေ ။

၂၈။ နတ်ရို့နီရာ၊ ဝတိ ံသာမှ ။

၂၉။ ရှာရေ်အလွန် ရှားကဲ့လေ ။

၃၀။ ရမ္မ၊ သုဘ သုရမ္မဟု၊ နန်းမသုံးဆောင်ပေါ် ။

၃၁။ ရို့ဘုရား၊ မြတ်လောင်းတော် ။

၃၂။ ပျော်ပျော်စံစားတုန်း ။

၃၃။ သက်တော်ချိုးရေ၊ နှစ်ဆယ့်ကိုးမှာ၊ သတိုးရွှေပန်းကုံးသို့ ။

၃၄။ ချစ်မဆုံးရေ၊ ရွှေတုံးမြတ် သားရတနာကို ။

၃၅။ ဖွားမည်သာ ထိုရေ့နိ့ ။

၃၆။ စိတ်တော်မရွှင်၊ ပန်းဥယျာဉ်ကို ။

၃၇။ ဘုန်းသျှင်လည်တော်မူလေး ။

၃၈။ လောင်းမြတ်ဘုန်းမော်၊ ဥယျာဉ်တော်မှာ ။

၃၉။ စိတ်တော်ရွှင်ရွှင်၊ စီးကြောင်းလေး ။

၄၀။ သစ်သီးကစီး၊ ပန်းကမွှေး၊ ပျော်လည်း ပျော်ဖွယ်ရာ ။

၄၁။ ဥယျာဉ်တော်မြတ်၊ ဆယ့်နှစ်ရပ် လှည့်ပတ်ကြွမြန်းလာရေ် ။

၄၂။ ရှေးဆီမှာ၊ မြန်စွာကာဆီးဆီး ။

၄၃။ နတ်တို့ပြဟိတ်၊ လေးနိမိတ်၊ ထိတ်ထိတ်သံ ဝေငြီးဖို့ ။

၄၄။ သူအိုကြီး၊ ရှေ့ကလာ ။

၄၅။ သူသေ၊ သူနာ၊ ယပ်ကိုထမ်းလို့ ။

၄၆။ ဆရာရဟန်း၊ ကြွမမြန်းလာ ။

၄၇။ မည်သူမည်ဝါ၊ ငါမသိဟု ။

၄၈။ ဝါစေယျာသီး ။

၄၉။ ဗျာဒိတ်တော်သံ၊ အာဏံစက်ကို ။

၅၀။ ဦးခေါင်းယှက်တင်၊ ဆယ်ဖြာလက်ဖြင့် ။

၅၁။ ပျောင်းညွတ်တင်တော်ရှာရေ ။

၅၂။ စုံစွာနားလည် ကြောင်းတဲ့လေး ။

၅၃။ ညှိုးရွှေမျက်နှာ၊ မသက်သာရေ ။

၅၄။ လွန်စွာပူပင်၊ ပွားကြောင်းလေ ။

၅၅။ စိတ်တော်မအေး၊ သံဝေစွဲ၊ နီဆဲခဏတွင် ။

၅၆။ တောင်ညာနန်းပျော်၊ မေယရေ်၊ သားတော်မြတ်ရွှေစင်ကို ။

၅၇။ ဖွားမြင်ပါကြောင်း၊ သဝဏ်တော်ဟု၊ ညွတ်ပျောင်းဆက်သလာရေ် ။

၅၈။ နတ်ကြိးသူရိတ်၊ ရာဟုမင်းရေ ။

၅၉။ ဖန်နန်းဘုံရှည်၊ ရွှေလမင်းကို ။

၆၀။ ကျပ်ကျပ်တင်းတင်း၊ ဖမ်းတော်ရှာရေ ပမာထိုထက်၊ ကဲစီးလေ ။

၆၁။ ရာဟုသညာ၊ သားရတနာကို ။

၆၂။ နာမဘွဲ့တော်၊ ပီးစီလေး ။

၆၃။ ရာဟုရေ၊ သားရတနာကို၊ နာမဘွဲ့ပီး၊ စိတ်မအေး ။

၆၄။ ကြာပြန့်မူ၊ ဆာပူတထင့်ထင့် ။

၆၅။ ဂနိ့ညပင်၊ တောမြိုင်ခွင်။ အလျှင်ထွက်မှသင့်ဟု ။

၆၆။ စိတ်တော်ချင့်၍ ချိန်သင့် သန်းခေါင်ယံမှာ ။

၆၇။ ဖွားဖက်တော်မှန်၊ မတ်မောင်ဆန်ကို၊ အြမ်သွား၍နှိုး ။

၆၈။ ငါ့အကျိုး သယ်ပိုးကတ်လေလို ။

၆၉။ ဖွားဖက်တော်လှ၊ ကဏ္ဍကကို၊ ကကြိုးဆင်ချေ ဆိုရေ ။

၇၀။ မြိုင်ညိုတောသို့၊ ထွက်ကြောင်းလေ ။

၇၁။ မကြာမတင်၊ ယနိ့ပင်လျှင် ။

၇၂။ အသျှင် ရဟန်းပြုကြောင်းလေ ။

၇၃။ ရဟန်းပြုကြောင်း၊ မိန့်တော်ညောင်း ထပ်လောင်း ငဆန်တင် ။

၇၄။ တော်ဘူးသခင်၊ သားရွှေစင်ကို၊ ဖွားမြင်ယနိ့ည ။

၇၅။ သွေးသံနုနယ်၊ ရာဟုမေမှာ၊ ခက်ဖွယ်မှန်မုခချဟု ။

၇၆။ အကြောင်းမူ၊ ပေါင်းစုတင်လေရေ် ။

၇၇။ မတားနန့်ဖွားဖက်၊ မတ်မောင်ဆန် ။

၇၈။ လျင်စွာခဏ၊ ဖွားဖက်လှ၊ ကကြိုးဆင်၍လာရေ် ။

၇၉။ ထပ်ခါထပ်ခါရေ၊ အာဏာသံညောင်းညောင်း ။

၈၀။ မိန့်တော်မကြာ၊ မပယ်သာရေ ။

၈၁။ လွယ်စွာပြင်၍ ပြီးကြောင်းလေ ။

၈၂။ ကျွန်သျှင်သုံးဖော်၊ တူပျော်ပျော်ရေ ။

၈၃။ ချိန်တော်သန်းခေါင်ကြီး၌လေ ။

၈၄။ ချိန်တော်သန်းခေါင်၊ ညဉ့်နက်မှောင်၊ ဘုန်းခေါင်ထွက်ဆဲဆဲ၌ ။

၈၅။ သံသရာဝဲ၊ ကန္တာခဲမှ၊ အမြဲနှောင်၍လာ ။

၈၆။ သံယောဇဉ်ထယ်စင်း၊ ကြိုးတင်းလင်း၊ အတင်းချည်နှောင်လာသို့ ။

၈၇။ ရင်သွေး ရတနာ၊ ရာဟုလာ၊ နန်းလျာမောင်သက်စုအား ။

၈၈။ မြင်ပါချင်မှု၊ စိတ်တော်ညု(ငြု)၊ ဖြေမှုအတန်တန် ။

၈၉။ စိတ်တော်မပြယ်၊ လောင်းဘန်းဝေမှာ၊ ကြာခြည်သွား၍လှစ် ။

၉၀။ သားတော်မေတော်၊ တူနှစ်ဖော်၊ စက်တော်ပျော်တုန်းခိုက် ။

၉၁။ ရင်သွေးမျက်နှာ၊ လစကြာကို၊ ရာဇာရိမြင်လိုက်က ။

၉၂။ အရေးနစ်အောင်၊ စွဲချစ်ဘလောင်ဆန် ။

၉၃။ မြင်၍မဝ၊ သားပန်းခိုင်ကို၊ ချတိုင်းနှမ်းချင်လှဟု ။

၉၄။ မြတ်ဗုဒ္ဓ၊ လောင်းလှဗုဒ္ဓကူ ။

၉၅။ စိတ်တော်ကိုထိန်း၊ အာရုံသိမ်း၊ ထွက်ကိန်းဆင်တော်မူ ။

၉၆။ ပြည်သူ အိပ်ပျော်တုန်း၌လေ ။

၉၇။ သံယောခြူခြာ၊ ပူဆာဆာရေ ။

၉၈။ ရာဇာကြံတော်၊ ပျက်လုလေ ။

၉၉။ စိတ်တော်ကိုထိန်း၊ မြင်းကိုစိမ်း၊ ထွက်ကိန်းဆင်ကာ၊ ထွက်လာမြန်စွာထိုခဏ ။

၁၀၀။ ဗိုလ်တစ်ထောင်အား၊ မြို့တံခါးကို၊ နတ်တိကူဖွင့်ကတ်၍ ။

၁၀၁။ ချမ်းမြသာယာ၊ ကြွတော်ရှာ၊ ဒေဝါနတ်အတိ ။

၁၀၂။ မီးခိုး၊ မီးဝါ၊ မီးပြာ၊ မီးစိမ်း၊ တထိန်ထိန်ညီး၊နတ်ဆီမီးကို ။

၁၀၃။ ထွန်းညီးပျော်ပျော်၊ လောင်းတော်ကြွမြန်း၊ ကန္တာလမ်းသို့ ။

၁၀၄။ ဝိုင်းဝန်းပို့တော်ရှာရေ ။

၁၀၅။ ခေမာအငူကမ်းသို့လေ ။

၁၀၆။ နတ်လူဗြဟ္မာ၊ ငုံတျာတျာရေ ။

၁၀၇။ လွယ်စွာအမြန်၊ ပွင့်ကြောင်းလေး ။

၁၀၈။ ဝေနီယျတြာ၊ ဗိုလ်သတ္တဝါရေ ။

၁၀၉။ အောင်ချာရွှေမြို့၊ ဆိုင်ကြောင်းလေ ။

၁၁၀။ သျှင်ပြုမင်္ဂလာ၊ ရတုစာ၊ ကြိုးတန်း၊ တောထွက်ခန်းရေ ။

၁၁၁။ တစ်ခန်း ဤတွင်ရပ်ဧ့လေး ။

၁၁၂။ တစ်ခန်း ဤတွင်ရပ်ဧ့လေး ။

၁၁၃။ ကြားသူနာသူ၊ သဒါ္ဓဖြူရေ ။

၁၁၄။ နာသူသာဓု၊ ခေါ်ဧ့လေး ။

၁၁၅။ နာသူသာဓု၊ ခေါ်ဧ့လေး ။

သျှင်ပြုမင်္ဂလာ ရတုစာကြိုန်းတန်းပြီးပြီ။

မှတ်ချက်။ ။ ဤကြိုးတန်းရတုစာကို မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်း၊ နန်းကျားကျောင်းဆရာတော် ဦးသုန္ဒရထံမှ ကျေးဇူးပြုရေ။

ကိုကား

[edit | edit source]

အသျှင်စက္ကိန္ဒ (ရခိုင်ပြည်) ၁၉၈၅-၈၆ စစ်တွေ ဒီဂရီကောလိပ်မဂ္ဂဇင်း

၁၉၈၇ခု၊ မတ်လထုတ်မှ(အသျှင်စက္ကိန္ဒ- ရခိုင်ယဉ်ကျေးမှုတိ အမှတ်(၈)မှ -)