Jump to content

Wp/rki/ရခိုင်လျှောက်ထုံး(၅၅)

From Wikimedia Incubator
< Wp | rki
Wp > rki > ရခိုင်လျှောက်ထုံး(၅၅)

မင်းရို့ ကျင့်အပ်၊တင့်အပ်ရာဘုန်းကျက်သရေကိုညွှန်ပြရေ လျှောက်ထုံး

[edit | edit source]

တစ်ရံရောအခါ၌ ပြည့်သျှင်မင်းကြီးက မင်းရို့ကျင့်အပ် ဘုန်းကျက်သရေကို မေး တော်မူလီရေ။ ထိုအခါ အမတ်ကြီးမဟာပညာကျော် လျှောက်ထုံးမူကား- အသျှင်မင်းမြတ်။ မင်းရို့အား တင့်အပ်ရေ့ ခြောက်ပါးရေဘုန်းမူကား-

၁။ ဣဿရိယ - ဟူရေအစိုးရခြင်း။

၂။ ယသ - ဟူရေအခြံအရံတိခြင်း။

၃။ ဓမ္မ -ဟူရေအကျင့်တရား ထိုးထွင်းဉာဏ်ပညာဟိခြင်း။

၄။ သီရိ - ဟူရေအလားအနီ၊ အစားအပြောအဆို၊ အအိပ်၊ အဝတ်အနီ အထိုင် တင့်တယ်ခြင်း။

၅။ ကာမ - ဟူရေခပ်သိမ်းရေအမှုရို့၌ အလိုတော်ဟိကေ ပြည့်စုံခြင်း။

၆။ ပယတ္တ - ဟူရေကောင်းရေနှလုံးနန့်ပြည့်စုံခြင်း။

ထို့ပြင် ပြည့်သျှင်မင်းရို့၌ စက္ခုငါးပါးရေဟိအပ်ဧ။ ထိုစက္ခုငါးပါး ဟူရေကား- အသျှင်မင်းမြတ်။ မံသစက္ခု၊ ပညာစက္ခု၊ ဓမ္မစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခုတို့ပေတည်း။ ထိုငါးပါး၌

၁။ မံသစက္ခု - ရေကား မိမိ၌ဟိမြဲစက္ခု

၂။ ပညာစက္ခု-မူကား၊ မူးမတ်ပြည်သူရို့ထက်ပညာကြီးကျယ် သိမြင်ရေ စက္ခု

၃။ ဓမ္မစက္ခု - မူကား၊ တရားတော်ကို ထိုးထွင်းသိမြင်နိုင်ရေ စက္ခု

၄။ ဒိဗ္ဗစက္ခု - မူကား၊ အမှုကြီးငယ်ရောက်လာ၍ ဆိုခွင့်ဟိလတ်မူ မပွားစီရ ထိုအမှု သေရာကိုမြင်တတ်ရေ စက္ခု

၅။ ဗုဒ္ဓစက္ခု - မူကားရတနာသုံးပါးကို ကြည်ညို၍ မြတ်စွာဘုရား ကျေးဇူး တော်ကိုသိမြင်ရေ စက္ခု။

ဒေပိုင်စက္ခုငါးပါးစုံရေမင်းရို့ရေ အပါယ်သို့မလားနိုင်ရာ။ ထိုမှတုံလည်း- အ ရိယဝံသ ဓမ္မလေးပါးဟိဧ။ ထိုလေးပါးကား-

၁။ ဝီဝရသန္တော - သင်္ကန်း၌ ရောင့်ရဲလွယ်ခြင်း။

၂။ ပိဏ္ဍပါပသံန္တောသ - ဆွမ်း၌ ရောင့်ရဲလွယ်ခြင်း။

၃။ သေနာသနသန္တောသ - နီရာကျောင်း၊အိပ်ရာရို့၌ ရောင့်ရဲလွယ်ခြင်း။

၄။ ဘာဝနာရာမတာ - ကမ္မဌာန်းစီးဖြန်းရာ၌ မွေ့လျှော်ခြင်း။ ဒေချင့်ပိုင် ဂုဏ် ကျေးဇူးနန့်ပြည့်စုံရေ ပုဂ္ဂိုလ်ရဟန်းအား၊ ဆည်းကပ်၍ ပြည့်သျှင်မင်းရေ တရားစကား နာကြားအပ်ပါရေ။

ထိုမှတုံလည်း ေြွမလေစင်းကေကား၊ ဆဌမုခြွေမ၊ ပုတိမူခြွေမ၊ အဂ္ဂိမူခြွေမ၊ သတ္တ မူခြွေမ။ ထိုေြွမနန့် တူရေမဟာဘုတ်လေးပါး-

၁။ ပထဝီ မဟာဘုတ်နန့် ဆဌခူမြွေမတူဧ။

၂။ အာပေါ မဟာဘုတ်နန့် ပုတိမူခြွေမတူဧ။

၃။ တေဇောမဟာဘုတ်နန့် အဂ္ဂိမူခြွေမတူဧ။

၄။ ဝါယောမဟာဘုတ်နန့် သတ္တမူခြွေမတူဧ။

ဒေချင့်ပိုင် ေြွမလေစင်း- မဟာဘုတ်လေးပါးကိုလည်း၊ ရေမြေသနင်း မင်းရို့ နိုင်နင်း အပ်ပါရေ။ (မှတ်ချက်။ ဓါတ်ကြီးလေးပါး သဘာဝတရား၌ ကျွမ်းကျင်နိုင်နင်း၊ သိမြင်ခြင်း ကို ဆိုလိုရေ။)

ကျမ်းဂန်၌လည်း ဘုရားမြတ်စွာရေ ဆွမ်းစားရာရေအရပ်ကို ဆိုရာ၌မူကား- ဗုဒ္ဓေါနာမ ပစ္စန္တဇနပဒေသုအဂုဏံနဥစ္စာပေတိ။ သို့ကျမ်းလာဟိရေ အကြောင်းမူ ကား-မြတ်စွာဘုရားရေ ပစ္စန္တရာဇိအရပ်၌ အာရုံခံတော်မူကြောင်းကို သိရာရေ။ ထို နည်းတူ ရေမြေမင်းရေလည်း တင့်အပ်ရေ အရပ်တွင်သာ စားသုံးရာရေ။ ပြည့်သျှင်မင်း၌အံ့ခြင်း ရှစ်ပါး၊ မဟာသမုဒ္ဒရာမူလည်း အံ့ခြင်းရှစ်ပါး၊ မဟာ သမုဒ္ဒရာကဲ့သို့ မင်းရို့ တူရာရေ။

မဟာသမုဒ္ဒရာ၌ အံ့ခြင်းရှစ်ပါး

၁။ သမုဒ္ဒရာ၌ လှိုင်းတံပိုးမကင်းခြင်း။

၂။ ကမ်းသို့ ရေမလွန်ခြင်း။

၃။ အပုတ်အနံ့အမှိုက်ရို့ကို ကမ်းသို့တင်ခြင်း။

၄။ မြစ်ကြီးငါးစင်း စရေမြစ်ငယ်ချောင်းငယ် ရို့သို့ပြည့်အောင် ရေဝင်စီခြင်း။

၅။ ကြည်လင်စွာဟိခြင်း။

၆။ ရတနာတိခြင်း။

၇။ နတ်ရို့ပျော်မြူးရာဟိခြင်း။

၈။ ကြီးစွာရေ ငါးဟိခြင်း။

ဒေချင့်ပိုင်နည်းပင် မင်းရို့၌ အံ့ဘွယ်ရှစ်ပါးမူလည်း-

၁။ ပညာထိုးထွင်းကြီးကျယ်ရေကိုအံ့ခြင်း။

၂။ တစ်တိုင်းတစ်ပြည်ရို့နန့်မိတ်ဆွေဝင်ရေကိုအံ့ခြင်း။

၃။ လောကီ လောကုတ္တရာ ထိုနှစ်ဖြာရေအမှု ကျမ်းဂန်စရေ နီလား၊ လ လား၊ နက္ခတ်တာယာ၊ ဆေးဗိန္ဓောထုံးဟောင်းနည်းနာ တတ်လိမ္မာရေကိုအံ့ခြင်း။

၄။ ပညာဟိမှူးကောင်း၊ မတ်ကောင်းဟိရေကိုအံ့ခြင်း။

၅။ ဆင်ကောင်း၊ မြင်းကောင်းပေါတိ၍ သူရဲသူခတ်လက်နက်စုံရေကို အံ့ခြင်း။

၆။ ပြည်သူရို့၌ အခွန်ဘဏ္ဍာခံရာတည့်မတ်ရေကိုအံ့ခြင်း။

၇။ ပြည့်သျှင်မင်းဧ ကျက်သရေကို ထွန်းစီရေအင်္ဂါ ကျိုးပြစ်သိရေမင်းမိဖုရား မင်းသား မင်းသမီးတိရေကိုအံ့ခြင်း။

၈။ အဝီးအနီးဟူ၍ ကတိမလိုက်၊ ဖြောင့်မတ်ရေကိုအံ့ခြင်း။

ဤရှစ်ပါးရို့ရေ မင်းကောင်းမင်းမြတ်ရို့ဧ ကျက်သရေဒေချင့်ပိုင်စုံရာရေ။ လျှောက်လီရေ။

ထိုမှတစ်ပါးမူလည်း-လူရို့သာ မိကဖြစ်ရေ မင်းမတောင့်တအပ် ရေသုံးပါး၊ ရှေးပညာဟိဆိုခရေ အရာ၌-

၁။ တစ်တိုင်း တစ်ပြည်ကို အဓမ္မြုပု၍ယူလိုခြင်းငှာ မတောင့်တအပ်။

၂။ မေထုံအကြိမ်တိစွာ ဖြစ်စီလိုမှု မတောင့်တအပ်။

၃။ သတ္တဝါရို့အသားကို သတ်ညှစ်စားလိုမှု မတောင့်တအပ်။

ထို့ပြင်-မင်းမသုံးအပ်ရေသူ ရှစ်ယောက်ဟူရေကား-

၁။ အမိဝမ်းထဲမှ အင်္ဂါမစုံရေသူအားလည်း မင်းမသုံးအပ်။

၂။ အနူဆယ်ပါးဝင် ရောဂါဟိသူအားလည်း မင်းမသုံးအပ်။

၃။ ယောင်ယန်းလန့်ဖျပ် ကြောက်တတ်ရေသူအားလည်း မင်းမသုံးအပ်။

၄။ ပျက်ချော်သွပ်သွမ်း ဟော့ရမ်းစကားပြောတတ်ရေသူအားလည်း မင်း မသုံးအပ်။

၅။ အရွယ်လွန်၍ ထိုင်းမှိုင်းရေသူအားလည်း မင်းမသုံးအပ်။

၆။ ကျိုးပြစ်မသိ၊ ငယ်ရေသူအားလည်း မင်းမသုံးအပ်။

၇။ ယစ်မျိုးကိုြုကိက်တတ်ရေသူအားလည်း မင်းမသုံးအပ်။

ဒေချင့်ပိုင်ရှစ်ယောက်ကိုသုံးချေကေ မင်းတန်ခိုးနည်းရာရေ။ မင်းရို့ မတိုင် ပင်ရာရေသူ ငါးယောက်ဟူရေကား-

၁။ အရွယ်လွန်၍ ထိုင်းမှိုင်းရေသူအားလည်း မင်းမတိုင်ပင်အံ့။

၂။ ယစ်မျိုးြုကိက်ရေ သေရေက်ကြူးကိုလည်း မင်းမတိုင်ပင်အံ့။

၃။ ဟော့ရမ်း၊ရေ့သွမ်း ပြောတတ်ရေသူအားလည်း မင်းမတိုင် ပင်အံ့။

၄။ အပြစ်ကိုမသိရေ သူမိုက်အားလည်း မင်းမတိုင်ပင်အံ့။

၅။ သဘင်ရေကိုလည်း မတိုင်ပင်အပ်။ (ဓညဝတီအရီးတော်ပုံ၌ သဘင် ရေမပါ။ လေးဦးသာဆိုရေ။ မဟာပညာကျော်လျှောက်ထုံး၌သာ သဘင်ရေကို ထည့်၍ ငါးဦးဆိုရေ။)

မင်းခွင့်မပီးသင့်ရေသူ ကိုးယောက်ဟူရေကား-

၁။ ရသေ့ရဟန်းကိုလည်း မင်းခွင့်မပီးအပ်။

၂။ ပုဏ္ဏားကိုလည်း မင်းခွင့်မပီးအပ်။

၃။ အရူးကိုလည်း မင်းခွင့်မပီးအပ်။

၄။ မိန်းမကိုလည်း မင်းခွင့်မပီးအပ်။

၅။ သူငယ်ကိုလည်း မင်းခွင့်မပီးအပ်။

၆။ ရတနာသုံးပါးအမှန်မသိသူအားလည်း မင်းခွင့်မပီးအပ်။

၇။ သေရေက်ကြူးအားလည်း မင်းခွင့်မပီးအပ်။

၈။ သူမိုက်အားလည်း မင်းခွင့်မပီးအပ်။

၉။ အရွယ်လွန်၍ထိုးမှိုင်းသူအားလည်းမင်းခွင့်မပီးအပ်။

ဒေချင့်ပိုင်အကြောင်း ရှေးသူဟောင်းရို့ ပညတ်ထားခရေ ကျမ်းဂန်၌လည်း

မဟာကမ္မံ ခုဒ္ဒကကမ္မံဝါ၊ သံကမ္မံတာတုမိစ ္ဆတိ။

သမ္ဘာရမ္ဘေနကာတဗ္ဗံ၊ သီတရာဇာတဒါတဝေ။

ထိုသို့ဆိုရာရေအဓိပ္ပါယ်၌-မဟာကမ္မံဝါ-ကြီးရေ လုံ့လကိုလည်းကောင်း၊ ခုဒ္ဒက ကမ္မံဝါ-ငယ်ရေလုံ့လကို ကေလည်းကောင်း၊ ယံကမ္မဝါ-အကြင်အမှုရို့ကို၊ ငါရို့ြုပ၁၆၀ ရေအကြောင်းဖြင့်၊ ဣစ ္ဆတိ-ဆင်ခြင်ထောက်ရှုလျက်၊ တံကမ္မံ-ထိုအမှုရို့ရေ၊ သမ္ဘာ ရမ္ဘေန-ဉာဏ်ပညာဖြင့်၊ တာတဗ္ဗံ-ဆင်ခြင်လျက်၊ သီဟရာဇာ-ခြင်္သေ့မင်းနန့်တူစွာ၊ သမ္ဘာရ မ္ဘေန-တည်ကြည်ရေ ရဲရင့်ခြင်း ဟိရာဧ ဟူ၍ မြင့်မြတ်တော်မူရေ ဉာဏ်တော်စွဲရင်း ဟိရေကြောင့်၊ ပတ္တမြားကျောက်မြတ်ရေ အခံကောင်း၌တင်ထားရာ ဝင်းဝင်း တောက်ပြောင်အရောင်တင်ဘိသကဲ့သို့ လည်းကောင်း၊ တိမ်ပုတ်၊ တိမ်မည်း၊ တိမ်ပြာရို့ ကို၊ ဥတ္တရေ-မြောက်အရပ်ကလာရေ၊ ဝါရေ-လီခတ်သဖြင့်၊ ထိုအညစ်အပုတ်သန့် စင်စွာဟိလတ်ရာ၌၊ သူရိယော-နီအရောင်မိုက်လတ်ကေ၊ ထိန်ထိန်လက်လက် ြုပိုးြုပိုး ပြက်ပြက်ထွက်ရေ အလျှံအရောင်ပမာ၊ ပြည့်သျှင်မင်းမြတ် ဉာဏ်ပညာတော်ရေလည်း၊ တစ်ချက်တည်း အလုံးစုံကိုသိတော်မူလီရေ။ ပြည့်သျှင်မင်းကြီးရေ အမတ်ကြီးလျှောက် ရေစကားကို အလွန်ြုကိုက်တော်မူလျှက်၊ အမတ်ကြီးသို့ ရှေ့ဆောင်ကြိမ်နှစ်စင်း၊ မင်းစီး ရထား၌ မိုးလီရေတံခွန်၊ ဆင်ပေါက်တန်ဆာရို့ကို ဆုပီးတော်မူလီရေ။[1]

ကိုးကား

[edit | edit source]
  1. ရခိုင်လျှောက်ထုံးများ၊ နန္ဒာထွန်း၊ ရခိုင်သားကြီးစာပေ၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၂၀၀၃

    ကျမ်းကိုးစာရင်း

    [edit source]
    • ၁။ ဓညဝတီအရေးတော်ပုံ အသျှင်ကဝီသာရမထေရ်၊ သံတွဲမြို့ နန်းမြင့်စာပေ၊ ၂၂၅-ပန်းဆိုးတန်း၊ရန်ကုန်
    • ၂။ မဟာပညာကျော်လျှောက်ထုံး အသျှင်ကတိသာရမထေရ်၊ သံတွဲမြို့။ ဟံသာဝတီပုံနှိပ်တိုက်၊ အမှတ်(၅၃) နတ်မောက်လမ်းသွယ်၊ ရန်ကုန်မြို့။
    • ၃။ ရခိုင်ရာဇဝင်သစ်ကျမ်း ဦးစန္ဒာမာလာမင်္ကာရ၊ ရမ်းဗြဲမြို့တောင်(ပထမအုပ်) ကျောင်းဆရာတော်၊ ဟံသာဝတီပုံနှိပ်တိုက် မန္တလေး
    • ၄။ ၎င်း-(ဒုတိယအုပ်) -၎င်း-
    • ၅။ ဓညဝတီရာဇဝင်သစ်ကျမ်း အထက်ကျောင်းတော်ဆရာတော် ဦးဉာဏ (ပထမတွဲ) ရသေ့တောင်မြို့။
    • ၆။ င/မည်ရာဇဝင် ပေမူမှတဆင့်ကူးလျက် ရေးမူ တက္ကသိုလ်များစာကြည့်တိုက်၊ ရန်ကုန်
    • ၇။ မင်းရာဇာကြီးအရေးတော်ပုံ -၎င်း-
    • ၈။ မဟာရာဇဝင်တော်ကြီး ဦးသာထွန်းအောင် ရခိုင်ပြည်သတင်းစာပုံနှိပ်တိုက်၊ စစ်တွေ
    • ၉။ ဝိမလလျှောက်ထုံးများ ပေမူ၊ စာရေးသူထံတွင်ရှိ
    • ၁၀။ ဦးဦးသာထွန်း၏ မှတ်စုများ လက်ရေးမူ
    • ၁၁။ ဖားပြုတ်ကေရာဇဝင် ပေမူ၊ ဦးပညာစာရ၊
    • ၁၂။ င/စည်ရာဇဝင် မဟာမုနိဗုဒ္ဓဝိဟာရကျောင်း၊ စစ်တွေ
    • ၁၃။ ရခိုင်ကျမ်းနတ်ဓမ္မသတ် ဦးပညာစာရ၊ မဟာမုနိဗုဒ္ဓဝိဟာရ၊ စစ်တွေ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၄။ သစ္စနိဒါန်းကျမ်း ပေမူ၊ အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်
    • ၁၅။ ဦးဒိုးဝေရာဇဝင် ပေမူ၊ မြို့မကျောင်းတိုက်၊ တောင်ကုတ်
    • ၁၆။ မောင်ပုံရာဇဝင် ပေမူ
    • ၁၇။ ကျောက်ရိုးရာဇဝင် လက်ရေးမူ၊ စာရေးသူထံရှိ