Wp/rki/ရခိုင်လူမျိုးရို့၏ ကျင့်ဝတ်တရား(၄၈)ပါး
ရက္ခိုင်လူမျိုးရို့၏ လိုက်နာကျင့်သုံးအပ်ရေ ကျင့်ဝတ်(၄၈)ပါးဟိကြောင်း ရက္ခိုင်မဟာရာဇဝင်ကြီးမှာ လာဟိပါရေ။ ထိုရက္ခိုင်မဟာရာဇဝင်ကြီးလာ (၄၈) ပါးသော ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်ကို ဖော်ပြရသော်-- ၁။ ရှိဦးစွာ ရတနာသုံးပါးအား မမိမလျော့ဘဲ ကျင့်သုံးဆောက်တည် ဆည်းကပ်ကိုးကွယ်ရန်တပါး။
၂။ မိဘဆရာသမားရို့၏ဆုံးမသြဝါဒကို မြီဝယ်မကျမှတ်သားနာယူ ကျင့်သုံးစောင့်ယှောက်ရန်လည်း တပါး။
၃။ မိမိရို့၌မငြိမ်သက်ဘဲ သော့သွမ်းရမ်းကြွခြင်း၊ မကောင်းသောအကျင့်များကို ပါယ်ယှားရန်လည်း တပါး။
၄။ ပညာသိပ္ပ တတ်မြောက်စီရန်ကြိုးစားအားထုတ်လျှက် သင်အံလေ့လာရန်လည်း တပါး။
၅။ အသက်သိက္ခာကြီးရင့်သောသူရို့နှင့် မိဘ၊ ဆရာ၊ ရီမြီအသျှင် ဘုရင်မင်းမြတ်ရို့အားလည်း မရိုမသေ မလေးမစား အဂါရဝပြုလုပ်ခြင်းကို အထူးယှောင်ကြည်ရန်လည်း တပါး။
၆။ မိမိကိုယ်ကို ပညာနှင့်ပေါင်းယှဉ်လျှက် လောဘ၊ ဒေါသ၊ မောဟစသော မကောင်းသောဆန္ဒများကို ပယ်ယှားခြင်းသည်လည်း တပါး။
ရ။ ငါးပါးသီလကို စောင့်ယှောက်ပြီးလျှင် မိမိရို့အားလျှော်စွာ အလှူဒါနကုသိုလ်များကို နိညမပြတ် စိုက်ပျိုးရခြင်းသည်လည်း တပါး။
၈။ လောက၌ သူတပါးရို့အား နှုတ်ဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ဖြင့်ကျူးလွန်ခြင်းတည်းဟူသော မကောင်းသောတရားနှစ်ပါးကို ဖယ်ယှားပြီး စိတ်ကြည်လင်စွာဖြင့် မိတ္တာတရားကိုရှိထားလျှက် သဘောဖြောင့်မတ်စွာဖြင့် နီရခြင်းသည်လည်း တပါး။
၉။ ထို့အပြင် လောကဓမ္မ နှစ်ဌာနတည်းဟူသော ကျင့်ဝတ်တရားနှစ်ပါးကို ပစ္စုပ္ပန်သံသရာ၌ ချမ်းသာခြင်းဖြင့် သိစွမ်းဆောင်ရွက်နိုင်သော ပညာဟိပုဂ္ဂိုလ်များအား အလေးအမြတ်ပြုပြီးလျှင် မိတ်ကျွမ်းဝင်ရခြင်းသည်လည်း တပါး။
၁၀။ ၎င်းမိတ်ကျွမ်းဝင်သော ပုဂ္ဂိုလ်ရို့၌ ပညာဖြင့်ပေါင်းဖော်ပြီးလျှင် တရားလက်လွတ်လျှက် ကျင့်ဝတ်တရား မှောက်မှားသောသူရို့သည် လောကတွင် သတ္တဝါရို့၌လည်း အကျိုးစီးပွါးမဟိ၊ သံသရာ၌လည်း အကျိုးမဟိသောသူများကို ဝီးစွာရန်သူကဲ့သိ့ု မိမိစိတ်၌ထားပြီး ယှောင်ကြည်ရခြင်းသည်လည်း တပါး။
၁၁။ သူတပါး ဥစ္စာပစ္စည်းများကို ခိုးယူခြင်းမှလည်းကောင်း၊ သူတပါးသားမယားရို့အား လွန်ကျူးခြင်းမှ အထူး ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၁၂။ မိမိအား သူတပါးရို့သည် လွန်ကျူးခြင်းဖြင့် ကြိမ်းမောင်းငြားသော်လည်း မျက်မာန်ဒေါသတိထိန်းချုပ်လျှက် သည်းခံခြင်းဖြင့် ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၁၃။ လူရို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုဆိုအပ်သော လက္ခဏာရေးသုံးပါးကို အလေ့အလာအားဖြင့် အခါခါအောက်မိပြီး မိမိခန္ဓာကိုယ်ကို ပညာမျက်စိဖြင့် ကြည့်ရှုဆင်ခြင်ဆုံးမကာ တပြောင်းပြန်ပြန် စက်အဟန်သို့ ဖြစ်ပျက်နီခြင်းကို ဒုက္ခတရားဖြင့်သိမြင်ကာ ကြောက်ရွံထိတ်လန့်စီရန် ရှာမှီးရခြင်းသည်လည်း တပါး။
၁၄။ ထို့အပြင် လောဘ၊ ဒေါသ၊ မောဟဟုဆိုအပ်သော စိတ်ဆင်ရိုင်းကို နိညမပြတ် ယိုင်ကျေးစီခြင်းငှာ ပညာဖြင့် ထိန်းသိမ်းစောင့်ယှောက်လျှက် ငြိမ်သက်တည်တံ့စွာဖြင့် နီရခြင်းသည်လည်း တပါး။
၁၅။ ထို့ပြင် အမိ၊ အဘရို့အား ချစ်ခင်မြတ်နိုးပြီးလျှင် ဘုရားတဆူ၊ ဂူတလုံးကဲ့သို့ နိညမပြတ် အရိုအသေ အလေးအမြတ် ရှိခိုးဦးတင်လျှက် ပြုစုလုပ်ကျွေး မွီးမြူရခြင်းသည်လည်း တပါး။
၁၆။ ထို့အပြင် မိမိရို့ ဆွီမျိုးညာတိရို့၌ သက်ကြီးရွယ်အိုရို့အား အရိုအသေ အလေးအမြတ်ပြု လုပ်ဆောင်ရွက်ခြင်းသည်လည်း တပါး။
၁၇။ ထိုမှတပါး အရပ်လေးမျက်နှာမှ ရောက်လာကုန်သော ရဟန်း၊ ပုဏ္ဏားစသည်ရို့တွင် အဝတ်အစားရိက္ခာ ချို့တဲ့သော ပုဂ္ဂိုလ်များအား ကောင်းမွန်စွာပီးကမ်းထောက်ပံ့ခြင်းဖြင့် ကုသိုလ်ဥစ္စာထုပ်ကို သိုမှီးပြုလုပ်ရခြင်းသည်လည်း တပါး။
၁၈။ ထို့အပြင် လယ်လုပ်၊ ကုန်သွယ်၊ ကုန်ရောင်း၊ ကုန်ဝယ်၊ ဖောက်ကား ပြုလုပ်ကုန်သောသူရို့၌ မိမိ လုပ်ကိုင်လျှက်ဟိသော အလုပ်ရို့တွင် နိညမပြတ် အစီးအပွါးတွက်ချက်ပြီး မယုတ်မလျှော့စီအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း တပါး။
၁၉။ ထိုသို့လုပ်ကိုင်ခြင်းမှ စောင့်ယှောက်ပြီးလျှင် အစာရိက္ခာရို့ကို ပြည့်ဝှမ်စွာ ကျီကျရို့ဖြင့်သိုမှီး၍ ဆွီမျိုးရို့အား ထောက်ပံ့မစရခြင်းသည်လည်း တပါး။
၂၀။ ထိုသို့ထုံးနည်းရို့ကို ပညာဟိတိထံ ချဉ်းကပ်ပြီး သူရို့အားထောက်ပံ့ကာ သင်ယူမှတ်သားရခြင်းသည်လည်း တပါး။ ၂၁။ ဆရာထံမှရသော ထုံးနည်းများကို စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားနာယူပြီး သူ့ကျေးဇူးကို သိရခြင်းသည်လည်း တပါး။
၂၂။ ၎င်းအပြင် ဖိုး၊ ဖီး၊ စိုင်ဆက် မိမိရို့မျိုးရိုးမှ ဆင်းသက်လာသော ဓမ္မတာကျင့်ရိုးများကို မဖောက်မပြန် ကျင့်သုံးစောင့်ယှောက်ရခြင်းသည်လည်း တပါး။
၂၃။ အစဉ်တရားစောင့်ယှောက်ခြင်းဖြင့် အိမ်ထောင်ပြုရာတွင် ရှိသူဟောင်း သက်ကြီးဝါကြီးရို့၏ ထုံးနည်းနာများကိုယူဆောင်၍ ပြုလုပ်ရခြင်းသည်လည်း တပါး။
၂၄။ တပါးသောအမျိုးရို့က လှည့်ပတ်ဖြားယောင်သော်လည်း မိမိရို့မျိုးရိုးဇာတိများ မပျောက်ပျက်စီရန် ရဲဝံ့စွာ အဝီးမှ ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၂၅။ နိုင်ငံတော်ဝယ် အတတ်ပညာလုံခြုံစွာ မတတ်သူရို့အား တစုံတခုသော လူမှုအိမ်ထောင်စီးပွါးဆောင်ရန် ပေါင်းဖော်ခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၂၆။ တစုံတခုသော အတတ်ပညာမဟိသောသူရို့အား ညဉ့်မှောင်မသိ၊ ကြက်မျက်အိပ်သောသူရို့နှင့် အလားတူဘိသကဲ့သို့ လူမှုစီးပွါးဆောင်ခြင်းကို ယှောင်ကြဉ်ခြင်းသည်လည်း တပါး။
၂၇။ အိမ်ထောင်သားမွီးပြုလုပ်ရာ၌ လူမှုရေးကိစ္စအ၀၀ကို ကျီပွန်စွာ နားလည်လိမ္မာသိတတ်ခြင်းဖြင့် ပြည့်စုံရခြင်းသည်လည်း တပါး။
၂၈။ ထိုသို့ သိတတ်ပြီးမှ အိမ်ထောင်သားမွီးရာဝယ် ကြံစည်တွက်ဆလုံ့လထုတ်ကာ စီးပွါးချမ်းသာခြင်းဖြင့် ပြည့်စုံရခြင်းသည်လည်း တပါး။
၂၉။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတရားတိ ကို ထိန်းချုပ်လျှက် သူတပါးက မကောင်းသောဆန္ဒဖြင့် ပျက်စီးစီရန် နည်းပီးသော်လည်း မိမိက ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၃၀။ မိဘရို့၏ကျေးဇူးတရားသည် မြင့်မိုရ်တောင်နှင့်နှိုင်းဆငြားသော်လည်း အတိုင်းမသိ ကြီးမားသော ကျေးဇူးတရားပင်တည်းဟု ဖန်တလဲလဲ အောက်မိသတိရခြင်းသည်လည်း တပါး။ ၃၁။ အသင့်ပေါင်းဖက်ကုန်သော သားမယား၊ မြီး၊ မြစ်၊ ဆွီမျိုး၊ ကျေးကျွန်စသည်များကို စောင့်ယှောက် ထောက်ပံ့ရခြင်းသည်လည်း တပါး။
၃၂။ လူပယ်၊ လူပြက်ရို့က ကဲ့ရဲ့ကတ်သော်လည်း ဝမ်းထဲသံဝေဂစိတ်ဖြင့်ဖြေလျှက် ထိုသူရို့အား ဝီးစွာယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၃၃။ လူကောင်းရို့က ချီးမွမ်းခြင်းဖြစ်စီရန် ဆွီမျိုး၊ ခင်ပွန်း၊ အခြံရံသင်းပင်းရို့အား ချစ်ပန်းဖြင့် မပျက်စီခြင်းငှာ စောင့်ယှောက်ရခြင်းသည်လည်း တပါး။
၃၄။ အိမ်ထောင်စီးပွါးသိုမှီးရာတွင် မြီအိုး၊ မြီခွက်များဖြင့် တံစက်ရီကို ခံယူဘိသကဲ့သို့လည်းကောင်း၊ ခြကောင်ရို့သည် မိမိ၏ပါးစဖြင့် ကိုက်ချီယူလျှက်၊ တောင်ပို့ပြုလုပ်သကဲ့သို့လည်းကောင်း၊ စီးပွါးဥစ္စာကို ကောင်းစွာလုံစွာ စုဆောင်းရခြင်းသည်လည်း တပါး။
၃၅။ လူရို့၌ ပညာ၊ ဝီရိယနဲ့ မြဲမြံခိုင်မာစွာ ကြံဆောင်လုပ်ဆောင်ရခြင်းသည်လည်း တပါး။
၃၆။ ထိုသို့လုပ်ကိုင်ရာတွင် သေသပ်စွာသော ယောကျ်ားမြတ်ရို့လုပ်ကိုင်ခြင်းသည် မိမိထင်မှတ်သည့်အတိုင်း ပြည့်ဝစွာ ချမ်းသာစီးပွါးပြုခြင်းသည်လည်း တပါး။
၃၇။ ထို့ပြင် ပညာချို့တဲ့သောသူရို့၌ လုံ့လမဲ့မှု၊ အများသူရို့၏ကဲ့ရဲ့ပြစ်တင်မှုကို ခံနိုင်ရခြင်းသည်လည်း တပါး။
၃၈။ ကိုယ်ကိုမချစ်၊ အကျင့်စာရိတ္တပျက်စီးခြင်းဖြင့် လူသွမ်းရို့က မည်ကဲ့သို့မသိ၊ ပျင်းရိရိနှင့် ကြမ္မာပိုက ငါရို့နီရာ စီးပွါးလာအံ့ဟု ကြမ္မာကို ယိုးစွပ်လျှက်နီခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၃၉။ နိုင်ငံတော်၌ သူဌီး၊ သူကြွယ်၊ ကုန်သွယ်လယ်လုပ်ရို့က သူတပါးမှီခိုရာဖြစ်သည့် လက္ခဏာသည်ကား အလွန်အရိပ်အာဝါသကောင်းသော ပြိုင်ညောင်ပင်ကြီး၏လက္ခဏာနှင့် အလားတူ ဖြစ်စီရခြင်းသည်လည်း တပါး။
၄၀။ ထိုပြိုင်ညောင်ပင်ကြီး၏သဘောသည် လမ်းခရီး၌ လားလာသူအပေါင်းအား အရိပ်ခိုအောင်းရာဖြစ်သကဲ့သို့၊ ထိုနည်းတူစွာ လူသုံးပါရို့ မှီခိုချမ်းသာရစီရန် နီထိုင်ဆောင်ရွက်ရခြင်းသည်လည်း တပါး။
၄၁။ ပြိုင်ညောင်ပင်ကြီး၏ အသီးအပွင့်ရို့ကို မှီခိုလာသော ငှက်အပေါင်းသည် သာယာအီးချမ်းစွာ စားသောက်ရသကဲ့သို့ ငါရို့အမျိုးလေးပါး မှီခိုစားသောက်ခြင်း၌ ချမ်းသာသုခပြည့်စုံစီရန် ဆောင်ရွက်ရခြင်းသည်လည်း တပါး။
၄၂။ သူဆင်းရဲရို့သည် သူဌီး၊ သူကြွယ် အသီးသီး ညာတိသင်္ဂဟတိအား မှီခိုလျှက် လုပ်ကိုင်စားသောက်ရစီရန်လည်း တပါး။
၄၃။ မှီခိုလုပ်ကိုင်သူတိအား စောင့်ယှောက်သူရို့က သွန်သင်ပြောဆိုရာတွင် သူတပါးရို့ ချစ်မြတ်နိုးစိမ့်သောငှာ သာသာချိုချိုပြောဆို၍ စောင့်ယှောက်ရခြင်းသည်လည်း တပါး။
၄၄။ ကြမ်းတမ်းယုတ်မာစွာ ပညာမဲ့စောင့်ယှောက်ခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၄၅။ မိမိ၌ မှီခိုသူရို့အား လောကဝတ်ထိုက်သည့်အားလျှော်စွာ ပြည့်ဝစီ၍ အမှုခပ်သိမ်းတိကို ဆောင်ရွက်ထိန်းသိမ်းရခြင်းသည်လည်း တပါး။
၄၆။ သူစိမ်းသူပျက်ပင်ဖြစ်သော်လည်း မှီခိုနီသူရို့အား စောင့်ယှောက်ရာတွင် မိဘသဖွယ် သာသာကြည်ကြည် စောင့်ယှောက်ခြင်းသည်လည်း တပါး။
၄၇။ မိမိရို့၌ ဆွီရင်း၊ သားမြီး၊ ကျေးကျွန်သင်းပင်းရို့အား ပျော်ပျော်ပါးပါးဖြစ်စီရန် နှုတ်ချိုသာစွာဆုံးမလျှက် အဝတ်အစား ပီးကမ်းဆောင်ရွက်ပြီးလျှင် မညှိုးမနွမ်းစီရန် မွီးမြူရခြင်းသည်လည်း တပါး။
၄၈။ ရက္ခိုင်မျိုးရိုးတိ၌ အစိုင်ဆင်းသက်လျှက် ကျင့်သုံးဆောက်တည်ရကုန်သော ပညတ်တရားတိကို မမိမလျော့ဘဲ စောင့်ယှောက်ရခြင်းသည်လည်း တပါး။
အထက်ဖော်ပြပါ ရက္ခိုင်မဟာရာဇဝင်တော်လာဖြစ်သည့် ရက္ခိုင်လူမျိုးရို့၏ ကျင့်ဝတ် (၄၈) ဖြာကို စာရှုသူများ ဖတ်ရှုခြင်းဖြင့် ရက္ခိုင်လူမျိုးရို့၏ ယိုင်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကျင့်ဝတ်များကို သိဟိကာ လောကီ၊လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုး တိုးတက်ကြီးပွါးနိုင်ကတ်ပါစီဟု လေ့လာမှတ်သားကာ ရွီးသားဖော်ပြလိုက်ရပါသည်။ ပဉ္စဂုဏံ အဟံဝန္ဒာမိ သဗ္ဗဒါ။ (သန္တာမြီ မောင်သော်တာ)
ကျမ်းကိုး
[edit | edit source]၁။ သန္တာမြီ မောင်သော်တာ(ရခိုင်လူမျိုးရို့၏ ကျင့်ဝတ်တရား(၄၈)ပါး)
၂။ ကွယ်လွန်သူ ရက္ခိုင်ရာဇဝင်ဆရာကြီး ဦးဦးသာထွန်း (မြောက်ဦး) ၏ ဟောပြောချက်များ။
၃။ ရက္ခိုင်ရှိဟောင်း ဂါထာမန္တန်ထူးများ (အသျှင်ဝါသဝ)