Jump to content

Wp/rki/ရခိုင်ရိုးရာ ဒုံးယိမ်းပွဲ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ရခိုင်ရိုးရာ ဒုံးယိမ်းပွဲ

ဒုံးပွဲ နန့် ဒုံးယိမ်းမှာ ရခိုင်ပြည်နယ်တစ်ဝန်းတွင် ဂနိတိုင် ထိန်းသိမ်းနီရေ ရိုးရာအမွေအနှစ်တစ်ခု ဖြစ်နီပါသိမ်းရေ။ ရခိုင်ပြည်နယ်တွင် ဘုန်းကြီးပျံပွဲကို ဒုံးပွဲဟု ခေါ်ခြင်းဖြစ်ရေ။ ဒုံးပွဲတွင် အဓိကကြည့်ရှုစရာ နှစ်မျိုးဟိရေ။ ယင်းရို့မှာ ဘုန်းတော်ကြီးရုပ်ကလာပ် ယာယီစံကျောင်းဆီသို့ ယမ်းတုံးတိဖြင့် ဒုံးတိုက်ခြင်းဖြစ်ပြီးကေ နောက်တစ်ခုမှာ လှပစွာပြင်ဆင်ထားရေ တလားတိကို ဒုံးယိမ်း အဖွဲ့တိက တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်သီဆို ကပြခြင်းပင်ဖြစ်ရေ။

ဘုန်းကြီးပျံပွဲတိတွင် ဘုန်းတော်ကြီးဧ့ ရုပ်ကလာပ်ကို ဒုံးဟုခေါ်ရေ အခေါင်းပြုလုပ်ထားသည့် သစ်သားတုံးကို မီးစနက်တံဖြင့် မီးရှို့ပြီး ရုပ်ကလာပ်သို့ ကြိုးဖြင့်သွယ်ပြီး ပစ်ဖောက်ရသဖြင့် ယင်းကို အစွဲပြုကာ ဘုန်းကြီးပျံပွဲကို ဒုံးပွဲဟုပင် ခေါ်လာခခြင်းဖြစ်ကြောင်း မှန်သားရရေ။

ဒုံးပွဲတိတွင် သီဆိုကခုန်ရန် ဖွဲ့နွဲ့ရေးသားခြင်းကို ဒုံးချင်းဟု ခေါ်ကတ်ရေ။ သီဆိုကခုန်ရေ ယိမ်းကို ဒုံးယိမ်းဟုခေါ်ရေ။ ကုန်းဘောင်ခေတ်က ဖိုးသူတော်ဦးမင်းနန့် လူဦးမင်းရို့မှာ ဒုံးချင်းတိကို အပြိုင် စပ်ဆိုခဲ့ကတ်ကြောင်းလည်း သိရရေ။ ယကေလည်း ရိုးမအရှေ့ဘက်တွင် ဒုံးချင်းမှာ ကုန်းဘောင်ခေတ်မှ အစပြုကာ ထွန်းကားခကေလည်း ဂနိအချိန်ခါ ကရင်ဒုံးချင်း၊ ကရင်ဒုံးအကရို့မှအပ ပျောက်ကွယ် ခဲ့လေပြီဖြစ်ရေ။

ရခိုင်ဒုံးချင်းမှာကား မြန်မာသက္ကရာဇ် ၉၀၀ ကျော်ခန့် မြောက်ဦးခေတ်ကတည်းကပင် ထွန်းကားခဲ့ကြောင်း သိရရေ။ ရခိုင်ပြည်နယ်တွင် ဒုံးပွဲဟုခေါ်ရေ ဘုန်းကြီးပျံပွဲတိကို တပေါင်းလတွင် ကျင်းပကတ်ပြီး ဒုံးချင်း ဟုခေါ်ရေ ယိမ်းသီချင်းတိ၊ အကသီချင်းတိကိုလည်း စပ်ဆိုကတ်ရေ။

ဒုံးချင်းတိမှာ ကခုန်မှုတီးကွက်နန့် ပြည့်ဝစုံလင်သည့်အပြင် တစ်ဦးကိုတစ်ဦး ချိုးနှိမ်ပြောင်လှောင် ပြိုင်ဆိုင်လိုရေ သဘောဖြင့် ရေးစပ်ရေအဖွဲ့အနွဲ့မျိုး ဖြစ်ရေသာမက ဇာတိမာန် တက်ကြွစေရေ နိုးကြားစေရေ၊ စည်းလုံးညီညွတ်မှုရှိစေရန် စေ့ဆော်စေရေ သဘောပါဝင်ရေ အပြင်၊ တက်ကြွ ဖွယ်အရီး အဖွဲ့နန့် တီးကွက်ပါရေ စာပီအစီကုံး တစ်မျိုးဖြစ်ရေ။ ရခိုင်ရိုးရာတွင် ဒုံးအကနန့် ပတ်သက်ပနာ ဒုံးကြမ်းနန့် ဒုံးယိမ်းအကဟု နှစ်မျိုးရှိကြောင်းမှတ်သားရရေ။

ယကေလည်း ဒုံးကြမ်းကို သက္ကရာဇ် ၈၉၀ ကျော်တွင် ဆရာတော် အဂ္ဂသိဉ္စေယျဧ့ ဈာပနာပွဲတော်မှ အစပြုကာ ကပြခကြောင်း သိရရေ။ ယောကျ်ားသီးသန့်ကပြကတ်ပြီး လူငယ် ၂၅ယောက်မှ ၅၀ ထိ လေးယောက်တစ်တွဲစီတန်းကာ တူရိယာစုံဖြင့် ကွက်စုံနင်း ကလေ့ ဟိကြောင်းသိရရေ။

ဒုံးကြမ်းအကတွင် အရေးကြီးရေအပိုင်းမှာ အတက်အဆင်းအကပင် ဖြစ်ရေ။ အတက်အဆင်းကကြိုး ကကွက်တိကို သရုပ်ဖော်ရေ ဇာတ်နိပါတ်တော်ကိုလိုက်ကာ ကပြကတ်ရရေ။ ယင်းချင့်အပြင် ဒုံးကြမ်းအကမှာ ခြေနင်းတစ်ကွက်တွင် လက်ခုပ်တစ်ချက်စီမြှောက်ကာ တစ်နီရာမှ ကုန်းထ လက်ခုပ်တီးရသဖြင့် ကပြသူတိအဖို့ တိစွာပင်ပန်းခက်ခဲကတ်ရေ။ ယင်းအတွက် ဂုချိန်အခါ ဒုံးကြမ်းကလူတိ မရှိသလောက် ဖြစ်လာရာဖြစ်ဖြစ်ကြောင်းလည်း သိရရေ။ ပြီးကေ ဒုံးကြမ်းအကကို ဘုန်းကြီးပျံပွဲမှလွဲပနာ တခြားပွဲတိတွင် ထည့်သွင်းကပြမှု မရှိခဲ့ကြောင်းလည်း သိရရေ။

ရခိုင်တွင် ဒုံးယိမ်းအကကို ကပြရာတွင် စစ်ချီတက်ပုံ၊ စစ်တိုက်ပုံရို့ကို သရုပ်ဖော် ကပြခဲ့ကတ်ရေ။

ပထမ ကမ္ဘာစစ်ကြီးအတွင်းတွင် ဗြိတိသျှရို့ကိုသော်လည်းကောင်း၊ တိုင်းရင်းသားရို့ဧ့ စရိုက်ဘာသာ လုပ်ကိုင်စားသောက်မှုရို့ကိုသော် လည်းကောင်း ဖော်ထုတ်ကပြခဲ့ကြောင်း သိရရေ။ စစ်သားဒုံးအက တွင် စစ်ချီတက်ပုံ၊ တိုက်ခိုက်ပုံ၊ အမိန့်ပီးပုံရို့မှာ တကယ့်စစ်တပ်နှင့် မခြား သရုပ်ဖော် ကကတ်သဖြင့် ယင်းခေတ်က မျက်နှာဖြူခရိုင်ရဲဝန် (DSP)ရို့သဘောကျသဖြင့် ဒေးဝန်းမြောက်မှာကရေ စစ်တပ်ဒုံး အဖွဲ့ဧ့ ယိမ်းအဖွဲ့ဆရာနှစ်ဦးကို တိုက်ရိုက်ရဲကြပ် (HE) ရာထူးပီခဲ့ရေတိလည်းရှိကြောင်း မှတ်သား ရရေ။


ဒုံးယိမ်းအကမှာ အမျိုးသား၊အမျိုးသမီး ကနိုင်သဖြင့် ဂုချိန်အခါ တွင်ကျယ်နီသိမ်းရေ။ ထူးခြားချက်မှာ ယိမ်းတစ်ယိမ်းတွင် လူငယ် ၆၀ မှ ၁၀၀ ထိ ပါဝင်ရပြီး နှစ်တန်း၊ လေးတန်း စသည်ဖြင့် အတန်းတိခွဲကာ ကပြရရေ။ ဒုံးယိမ်းအကရို့ကို ခေတ်နှင့်အညီ သီချင်းစာသားတိကို ပြောင်းလဲခကတ်ရေ။

"လမ်းတကာ ကွမ်းယာရောင်းစားတာက ကျွန်စာရေးထက်လည်း တကယ်သာ။ ဝမ်းည်း ဝသဗျ ခြောက်ပြစ်စင်ပါ။ နှစ်ဖက်စားခါ ပလီတာတာတတ်ပါတဲ့ ပလီဒါ အလုပ်ကိုလည်း မလုပ်ချင်ပါဗျာ။ ရှေ့နီအလုပ်ကိုလည်း အန်ချင့်ပါ့သဗျာ။ မဲလိမ်တောင်းခါ တိုင်းပြည်ကို ရောင်းပါတဲ့၊ မင်းတိုင်ပင် အလုပ်ကိုလည်း မလုပ်ချင်ပါကွယ်၊ အမ်းအိပ်ချာအလုပ်ကိုလည်း အော့ဂလီဆန်သဗျာ"

စသဖြင့် ဒုံးသီချင်းတိမှာ ခေတ်ကို သရော်ခသဖြင့် လူထုက နှစ်သက်သဘောကျခရေ။ သက္ကရာဇ် ၁၃၀၀ ပြည့်နှစ်ကလည်း ကိုလိုနီပညာရေးစန်စကို တိုက်ဖက်သည့်သဘောကိုလည်းကောင်း၊ ဗြိတိသျှရို့ ဖိနှိပ်ချုပ်ချယ်မှုကိုလည်းကောင်း၊ အလုပ်သမား၊ လယ်သမားရို့ဧ့ ဘဝတိုက်ပွဲကိုလည်းကောင်း ဖော်ထုတ်ရေ တစ်ရာကိုးယိမ်း၊ ရေနံမြေသပိတ်၊ လယ်သမားနန့် သခင်ယိမ်း စသည်ရို့ဖြင့် နယ်ချဲ့တော်လှန်ရေးယိမ်းတိလည်း ပေါ်ပေါက်ခဲ့ရေ။

မင်းတိုင်ပင်အမတ်ယိမ်းတိတွင် သီဆိုရေ ဒုံးချင်းစာသား တချို့မှာ "ကြားပါစ အမတ်မင်းရို့ရယ်၊ ဟောဟိုထောင့်က လယ်သမားတိ၊ သူရို့ချောင်ရေးလုပ်ပီးစီချင်၊ တောင်းပန်နီပါရေ။" "အိုမဟုတ်စွာ ပီးနိုင်ပါဘူးကွယ်၊ သူရို့တိချောင်ရင် ရို့မှာကျပ်မယ်"ဟု ခေတ်ကို သရော်ခဲ့ကတ်သေးရေ။

ဒုံးချင်း၊ ဒုံးယိမ်းတိမှာ ဘုန်းကြီးပျံပွဲတိတွင်သာ တွေ့မြင်လာရကေလည်း ခေတ်ကို ထင်မြင်စီရေ ဒုံးချင်းတိ၊ ဒုံးယိမ်းတိအဖြစ် ဆက်လက်ထိန်းသိမ်းသွားရန် ဖြစ်ရေ။

ကိုးကား

[edit | edit source]

ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ- သားရွှေဦး(ကစ္ဆပ) -Weekly Eleven Journal Vol(5),No(9)မှ-