Wp/rki/ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ

ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ[edit | edit source]

·        (ရခိုင်အရွီးအသားတိဖြစ်ပနာ မြန်မာလို စီလျော်အောင် ပြင်ပေးစေခြင်ရေ။) ကျင်ဆိုရေမှာ ကျင်ပင်ဖြစ်ရေဟူပနာ ဆိုရပီမည်။

ကျွမ်းကျင်ရေ။ ကျင်လည်ရေ။ ကျင်ပစ်ချရေဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်ရေ။

ကျင်အဓိပ္ပာယ်[edit | edit source]

"ကျင်" ဝေါဟာရနန့်ပတ်သက်ပနာ အမျိုးမျိုးရွီးဖွဲ့ကြတတ်ရေကို တွေ့ရရေ။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌

လောကီဘက်က၊

ဆောင်ရွက်တခန်း၊

ကျင်လက်ပန်းနန့်၊

မြီဝန်းရုပ်သီး၊

ရှုမငြီးအောင်” ဟူပနာူ ရွီးဖွဲ့ထားရေ။

ဆယ့်နှစ်လရာသီလင်္ကာတပိုဒ်တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူပနာူ ဖွဲ့ဆိုထားပြန်ရေ။

လမုချောင်းဆရာကျော်မဲရွီးဖွဲ့ရေ မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေတိဖြင့်၊ တီးကာရစ်မြည်၊ စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်ပနာ” ဟူပနာလည်းကောင်း

မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်ရေ ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ (၂၄-၈-၆၄) တွင် ကျင်နန့်ပတ်သက် ဆောင်းပါးတိကိုရွီးသားခရာ- “ကျင်ဟူရေမှာ ကျားနန့်ယင် ဝေါဟာရနှစ်လုံးပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျားယင်၊ ယင်-ကျား” ကစပ်နည်းကိုအခြီခံပနာ ကျင်ဖြစ်ပေါ်လာရကြောင်းဆိုထားရေ။ “ကျားယင်” ကစပ်နည်း၊ ကျားကယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ယှောင်ပြီးလိုက်နန့် ယင်အကောင်နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်လိုက်ဖမ်းရန်အကွက် ရွှိကစပ်နည်းကိုအခြီမှီပြီး ကျင်သန်နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နန့် မြီသို့ကျအောင် ကစပ်ရရေ နည်းအတတ်ပညာ” ဟူပနာ ယှင်းပြထားရေ။

တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံတိ (ရခိုင်) (၁၉၇၆) စာအုပ်၌ကား “ကျင်ဟူရေမှာ ကျားလျှင်မှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ကျားရေ သားကောင်ကိုဖမ်းသည့်အခါ လျင်မြန်သည့်အဟုန်ဖြင့် ဖမ်းအောင်းရသကဲ့သို့ ဖြတ်လတ်လျင်မြန်ရသည့်အတွက် “ကျားလျှင်” ဟုခေါ်ရာမှ ကျင်ဖြစ်လာရေ” ဟုဆိုထားရေ။

သဇင်နွယ် (မန္တလေးတက်ကသိုလ်) ဧ့ လက်နှှိပ်စက်မူ ကျင်စာတမ်းငယ်၌ “ကျားကဲ့သို့ ခွန်အားဗလနန့် ပညာကိုအသုံးချကိုင်ရသည့် အားကစပ်နည်းဖြစ်သည့် “ကျားအင်” လို့ခေါ်ရာမှ “ကျင်” ဖြစ်လာကြောင်းဆိုထားပြန်ရေ။

ရမ္မာဝတီပညာစာရနန့် လှအောင်ရွှေရို့ရွီးသားသည့် “ရမ္မာဝတီတေးကဗျာတိစာအုပ်” (၁၉၉၀) တွင်းလည်း ရမ်းဗြဲဒေသိယသဘာဝတေးကဗျာတချို့ကို တွိရပြီး ထိုကဗျာတိထဲတွင် ကျင်ဝေါဟာရနန့်ပတ်သက်ပနာ “ကျအယင်၊ ကျီးယင်၊ ကျယင်၊ ကျအားယင်” စရေဖြင့် အမျိုးမျိုးအသံထွက်ကာ ဖွဲ့ဆိုရွီးသားထားရေကို တွိရရေ။ ကဗျာတပိုဒ်ကိုထောက်ပြရလျှင် - “ရွာဘုံကေရာ ရေင်းလဲ၊ တိဘုံဆင်ကေ၊ ရွာတွင်လူတိ၊ ကျအင်တိုက်တေ ထိုပွဲလယ်မှာ၊ မျှောကာကြည့်ကေ၊ ဝမ်းနည်းနည်းနန့်” ဟူပနာ ဒေသိယလီသံဖြင့် ဖွဲ့ဆိုထားရေကို တွိရရေ။ မြောက်ဦးခေတ်တွင် ဓမ္မရာ (ထမရာ၊ အမရာ) မင်းသား ကျင်အတတ်ပညာသင်ယူပုံနန့် ပတ်သက်ပနာ “ထမရာဖွဲ့” ၌ -

“ကျောက်တလင်းတွင်၊ ပျော်ပွဲရွှင်ရေင်းသဲ၊ ကတူပွဲနန့်၊ ပျော်ပွဲသဘင်၊ ကျင်ခြင်းသင်ပနာ၊ ကာကောင်းခြင်းနန့်၊ သိုင်းခြင်းသုံးဆယ်၊ သင်လတ်တေလေး။ ဒိုင်းခြင်းသုံးဆယ် သင်လတ်တေလေး။ စစ်ဆုတ်စစ်တက်၊ သင်လတ်တေလေး” ဟူပနာ တွိရရေ။

မဇ္ဈိမဒေသအရွီးတော်ပုံကျမ်းနိဒါန်းရှည် (စာ-ငဲ) တွင်လည်း - “ရခိုင်သားရို့ရေ ဗဒုံမင်းဧ့ခိုင်းစေခြင်းအမျိုးမျိုးကို လုပ်ဆောင်ကတ်ရရေ။ ၎င်းရို့မှာ အမရပူရနီပြည်တော်တွင်ကျင်းပရေ ပွဲလမ်းသဘင်တိတွင် အတီးအမှုတ်၊ အကအခုန်၊ ကျယင်စရေ ဖြေဖျော်မှုတိ လားရောက်ဆောင်ရွက်ရဧ့။” ရခိုင်ရာဇဝင်သစ်ကျမ်း (ဒုတွဲ)(စာ ၂၉၆) (ရခိုင်သားကြီးစာပီထုတ်) တွင်လည်း -

“ဒါးပိုင်ကြီးကျော်ပုံလည်း လေးတောင်စားလျှောက်ထားရေကိုသိလီလျှင် လျှောက်ထားရာသလောဟု အချက်ဝင်ပနာ လက်ဝှေ့ကျေးယင်ပွဲဆင်ပနာ သဘင်ပြုကြရာတွင် အကျူးအလွန်ပြုရေဟု လေးတောင်စားခေါ်မဲလွယ်ရို့ ညီအစ်ကိုသုံးယောက်ကို ဖမ်းယူလျှက် ဒါးပိုင်ကြီးကျော်ပုံရေ သတ်လီဧ့။” ဟူပနာလည်းတွိရရေ။

ကျင်နန့်ပတ်သက်ပနာ စကားပုံ၊ ဥပမာတချို့လည်းဟိရေ။ “အဘကျင်သန်၊ သားအင်တန်” “ကျင်သန်အို ကြက်နှင်မရ” “ကစပ်ကြီးကေ ကျင်ဖြစ်တေ” စရေဖြင့်ဖြစ်ရေ။

မြန်မာ့အဘိဓာန်ကျမ်း (ပတွဲ) (၁၉၉၁) ၌ ကား -

ကျင် (ကြိ) ။ မြီကြီးနန့်ရောနီရေ ရွှေမှုန့်၊ ငွေမှုန့်တိကို ကျင်ခွက်တွင်ထည့်ကာ ရီတွင်သဲ့ယူရေ။ ကျင် (ကြိ) ။ တတ်မြောက်လိမ်မာရေ။ “လူ့ပြည်နတ်ပြည်၊ ဘုံသုံးထပ်တွင်၊ နိုင်အံ့မထင်၊ ပညာကျင်ရေ၊ ထွတ်တင်မော်ကွန်းထားဧ့တည်း” ကျင်ကိုင် (ကြိ)(ရခိုင်) ။ တဦးနန့်တဦး၊ အနိုင်အယှုံးလုံးသတ်ရေ။ တောင်ကျော်ကိုင်ရေ၊ နပန်းလုံးရေ - ဟူပနာဖြစ်ရေ။

သို့ဖြစ်ပနာ ကျင်ဝေါဟာရအဓိပ္ပာယ်ကို နိဂုံးကောက်ချက်ချပါက ကျင်ဆိုရေမှာ ကျင်ပင်ဖြစ်ရေဟူပနာ ဆိုရပါဖို့။ ကျွမ်းကျင်ရေ။ ကျင်လည်ရေ။ ကျင်ပစ်ချရေဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်ရေ။

ကျင်သမိုင်းကြောင်း[edit | edit source]

ကျင်သမိုင်းကြောင်းနန့်ပတ်သက်ပနာ တောင်ကျောင်းဆရာတော်ဧ့ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့ဧ့အလိုအရ လက်ပန်းရေရို့ လက်ပန်းသတ်ကြရေကို ဝါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားရေ။ ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်ရေ ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းရေ မုဠိအလက်ပန်းရေရို့နန့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံတိကို ရွီးဖွဲ့ထားရေ။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနန့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်” ဟူပနာရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်ရေ။

ပါမောက္ခချုပ်ဦးကျော်ရင်ဧ့ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် -

“ရှိရခိုင်မင်းဆက်တိလက်ထက်တွင် ဘီလူးကို အသီသတ်ခရေ ကျင်သမားဟုဟိရေ။ ထိုနည်းတူ မွန်မင်းတိလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်ရေ ကုလားလန်ဘားနန့် နပန်းလုံးသတ်ခရေ။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးရေ မိကျောင်း၊ ကျား၊ ဆင်ရို့နန့်နပန်းလုံးကာ သတ်ပုတ်အောင်မြင်ပနာ အနန္ဒသူရိယဘွဲ့ကိုပင် ရဟိခရေ။ အသားမင်းသား ကုလားလန်ဘားနန့် နပန်းသတ်ရေမှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ဟိလတ်ပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားရေမှာ နှစ်ပေါင်းထောင့်ငါးရာကျော်လတ်ပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက်ပနာ် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခရေမှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိရေ။” ဟူပနာ သုံးသပ်ပြထားရေ။

ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျရေ “ဗျည်း-၃၃ လုံးလှီလှော်သံ” ကိုစပ်ဆိုခရေ။ ယင်းလှီလှော်သံကို ကျင်သန်ကြီးတိက ပြိုင်တူရွတ်ဆိုပနာ စည်ကြီးဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးတိကိုလှော်ပနာ ရခိုင်ရီတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်းဆိုထားရေ။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ -

“ရှိခေတ်ရီတပ်မတော်တိတွင် စစ်ချီထွက်ရေခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးတိက လှီကိုလှော်ခတ်ရရေ။” ဟူပနာ ရွီးထားရေ။ ၎င်းလှီလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်တိ စပ်ဆိုခရေ။

“ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” (ရခိုင်ညွန်ဖူး၊ ၁၉၆၈--စာ-၈၃) “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး” စရေဖြင့်ဖြစ်ရေ။ မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာတိ သင်ယူပုံကိုဖွဲ့ဆိုထားဟိပြီးဖြစ်ရေ။ အမရပူရနီပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း “မဇ္ဈိမဒေသအရွီးတော်ပုံကျမ်း” ၌ တွိရရေ။ ရုပ်ဝတ္ထုသက်သီအဖြစ် သျှစ်ရေင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ်နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွတိ ထွင်းထုထားရေကို ကနိထိ တွိမြင်နိုင်ရေ။

ဤအကြောင်းအချက်တိကိုဆက်စပ်ပနာ ကျင်အားကစပ်နည်းအတတ်ပညာရေ ရှိခေတ်အဆက်ဆက် ရခိုင်မင်းတိလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်ရေကို တိတိကျကျပြောနိုင်ရေ။ ရှိရခိုင်မင်းတိလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲတိကို မင်းညီလာခံနန်းတွင်းသဘင်တိ၌ ကျင်းပလာမြဲဖြစ်ရေ။

တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသတိ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပရေ။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲတိရေ ရခိုင်ရို့ဧ့တိုက်ရွီး၊ ခိုက်ရွီး၊ စစ်ရွီးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုတိအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်ရေ။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဆိုလောက်ရေ။

ရခိုင်ရိုးရာအက “ကျင်ယိမ်း” ၌ -

“ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊ အကျလည်း ယင်၊ ကျယင် ကျင်၊ ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊ ခေါ်တွင်လာကတ်၊ အားကစပ်၊ ပွဲတိုင်းမလွတ် သူပါဝင်” ဟူပနာ စပ်ဆိုထားရေ။

ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့်ကြောင်းသိရရေ။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်ရေ ရှိဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနန့်တူကြောင်း သဇင်နွယ်ဧ့စာတမ်းငယ်၌ ရွီးသားထားရေ။ ယခုထိကျင်သန်တိအား “ပန်းဆု”ဟူပနာူ ချီးမြှင့်ရေကို တချို့နီရာတိ၌ တွိရသိမ့်ရေ။

ရှိက ကျင်ပွဲကိ ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူပနာ ခွဲခြားကျင်းပရေ။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုတိချီးမြှင့်ရေ။ ရွှေမောင်း၊ ငွေမောင်းတိမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိ အလီးဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်ပနာ လိုင်ဖင်း၌စွပ်ပနာ ချီးမြှင့်ရေ။ အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်တိကို ချီးမြှင့်ခကတ်ရေဟုဆိုရေ။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုတိကို ရှိမူမပျက်ချီးမြှင့်ကျင်းပမြဲဖြစ်ရေ။ ကျင်တခေတ်ဆန်းသစ်လာရေ ကနိကာလ၌ ကားကျင်ပွဲတိကို ခေတ်နန့်အညီ ဆန်းသစ်တီထွင်ကာ ရွှေမောင်းဆုတိကျည်း ချီးမြှင့်ကျင်းပလာလတ်ရေ။

ကျင်ပညာဧ့နက်နဲပုံ၊ စနစ်ကျပုံနန့် အကျိုးသက်ရောက်ပုံ[edit | edit source]

(က) နက်နဲပုံ၊ စနစ်ကျပုံ[edit | edit source]

(၁) ကျင်ပညာရေ ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီးစရေတိကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။

(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နန့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရရေ။

(၃) အခံကျင်သန်ရေလည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိဧ့လက်နန့်ခြီကို အသုံးချရရေ။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့်လုံးဝမဟိ။

(၄) အဖမ်းသားအခွင့်အရွီးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စရေဖြင့် လက်၊ ခြီတိကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိရေ။

(၅) အခံသားအခွင့်အရွီးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းတိသီးခြားစီ အပြန်အလှန်စနစ်တကျဟိရေ။

(၆) အဖမ်းသားကျင်သန်ကို အခွင့်အရွီးပိုပီးထားပြီး ယင်းအခွင့်အရွီးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်ရေ။ အခံသားကျင်သန်ရေလည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ပဲ အခံကျင်သန်ဧ့ခုခံခွင့်အတတ်ပညာကိုပါ တီထွင်ဖန်တီးထားရေ။ အဖမ်းသားဧ့လုံးဖမ်းကိုင်တွယ်ခွင့်နန့် အခံသားဧ့ခုခံကာကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစပ်နည်းပညာရပ်ဖြစ်ရေ။

(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိရေ။

(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းတိ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိရေ။

(ခ) ကျင်ပညာဧ့အကျိုးသက်ရောက်ပုံ[edit | edit source]

1.     ကျင်ပညာရေ လူငယ်ရို့ဧ့ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရွီးပါသည့် နည်းပညာရပ်ဖြစ်ရေ။

2.     ဇွဲ၊ သက္တိကိုခိုင်မာစီရေ။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည်ု့စိတ်ကို ရဟိစီရေ။

3.     တက်ကြွမှုအားမာန်ကို ရစီရေ။

4.     ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီရေ။

5.     ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်တိကို ကင်းပျောက်စီရေ။

6.     မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီရေ။

7.     ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစီရေ။

8.     ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျင်မြန်ဖျတ်လတ်မှုဖြစ်စီရေ။

9.     လူ့ဘောင်ဝန်းကျင်နန့် ေပေါင်သင်းဆက်ဆံရွီးကိုတိုးတက်စီရေ။

10. အတိအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်တိကိုပြည့်ဝစီရေ။

သို့ဖြစ်ပနာ ဤအမျိုးသားရွီးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စီသည့် အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဖြစ်သည့် ကျင်အားကစပ်နည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး လက်ဆင့်ကမ်းထိန်းသိ်မ်းရမည်။ သို့မှသာ ကျင်ပညာဧ့ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်ရေ။

ကျင်သန်တိနန့် ကျင်အတန်းအစားခွဲခြားပုံ

(က) ကျင်သန်အတန်းအစားခွဲခြားပုံ[edit | edit source]

(၁) ကျင်သန်။ ။ ကျင်အတတ်ပညာတတ်ကျွမ်းပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသူအားလုံးကိုပေါင်းရုံးပနာ ကျင်သန်ဟုခေါ်ရေ။

(၂) ကျင်သန်ချေ။ ။ ကျင်ပညာသင်စ၊ ကျင်ကိုင်စ၊ အသက်အရွယ်ငယ်နုရေ သူလူငယ်တိ၊ ငွေမောင်းတန်း (အငယ်တန်း) ၌ ဝင်ကိုင်စလူငယ်တိကို ကျင်သန်ချေ (ကျင်သန်ငယ်) ဟုခေါ်ရေ။

(၃) ကျင်သန်ကြီး။ ။ ကျင်ပညာရည်ပြည့်ဝပြီး ကျင်ပွဲတိစွာကိုင်ဖူးပြီး ပွဲအတွိအကြုံရင့်ကျက်သည့် အားခွန်ဗလပြည့်စုံသည့် ကျင်သန်၊ ရွှေမောင်း၊ ငွေမောင်း အကြိမ်ကြိမ်ရဖူးသည့်ကျင်သန်မျိုးကို ကျင်သန်ကြီးဟု ခေါ်ရေ။ အထူးသဖြင့် ရွှေမောင်းတန်း (အကြီးတန်း) မှ ရွှေမောင်းရကျင်သန်ကြီးတိကို ခေါ်ရေ။

(၄) ပြည်ကျင်သန်ကြီး။ ။ ပြည်ကျင်သန်ကြီးဆိုရေမှာ ကျင်လောကဧ့ အထွတ်အထိတ်ဂုဏ်ပုဒ်ပင်ဖြစ်ရေ။ ရခိုင်ပြည်ဒေသအနှံ့က ပွဲတိုင်းလိုလို၌ ရွှေမောင်းမြောက်တိစွာရဟိထားပြီး၊ ပရိသတ်ကြိုက်နှစ်သက်ရေ ကျင်သန်ကြီး၊ အင်အားနန့်ပညာရပ်၌ အံ့မခန်းလောက်အောင် ထူးချွန်ပြည့်စုံပြီး လေးစားချီးကျူးထိုက်ရေ ပုဂ္ဂိုလ်မျိုးကို ပြည်ကျင်သန်ကြီးအဖြစ် ပြည်သူရို့နှုတ်ဖျားမှ ကင်းပွန်းတပ်ပီးသည့် ဘွဲ့ဖြစ်ရေ။ အဆင့်မြင့်ဆုံး ပြိုင်စံယှား ကျင်ပညာသျှင်တိဖြစ်ရေ။

(ခ) ကျင်အတန်းအစားခွဲခြားပုံ[edit | edit source]

(၁) ရှိအစဉ်အလာ ကျင်အတန်းအစားခွဲခြားပုံ[edit | edit source]

ရှိအစဉ်အလာအရ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်း အတန်းနှစ်မျိုးခွဲခြားကျင်းပရေ။ ရွှေမောင်းတန်းမှာ ရွှေမောင်းဆု၊ ငွေမောင်းတန်းမှာ ငွေမောင်းဆု ချီးမြှင့်ရေ။ ရွှေမောင်းတန်း၌ နိုင်မောင်း (ပထမဆု)၊ ကျမောင်း (ဒုတိယ) ပီးသကဲ့သို့ ငွေမောင်းတန်း၌ ထိုသို့ချီးမြှင့်ရေ။ ငွေမောင်းတန်း၌ ပွဲမြောက်တိစွာကိုင်ဖူးပြီး ငွေမောင်း (ပထမဆု) အကြိမ်ကြိမ်ရဖူးကာ ကျင်အတွိအကြုံရင့်ကျက်သူ၊ အားအင်လည်းပြည့်စုံသူကို ရွှေမောင်းကျင်သန်အဖြစ် တန်းတင်ပနာတိုက်တတ်ရေ။ ရွှေမောင်းတန်းကျင်သန်မှာ ငွေမောင်းတန်း၌ဆင်းကိုင်ခွင့်မဟိ။ ငွေမောင်းတန်း၌ တက်ရောက်ယှဉ်ပြိုင်ကိုင်နိုင်ခွင့်ဟိရေ။

(၂) ခေတ်သစ်ကျင်အတန်းအစား ခွဲခြားပုံ[edit | edit source]

ကနိ ရခိုင်ပြည်ဧ့ အထင်ကရကျင်ပွဲကြီးတချို့ ၌ ကျင်ကိုခေတ်နန့်အညီတိုးတက်အောင် တီထွင်ကြံဆကျင်းပလာပြီးဖြစ်ရေ။ မိမိအသက်အရွယ်အလိုက် ကြီးငယ်မရွီး ကျင်သန်တိုင်း ကျင်ကိုင်ခွင့်ရစီရန်စီစဉ်ပြီး ကျင်အတန်းအစားတိကို အောက်ပါအတိုင်း ခွဲခြားကျင်းပလာရေ။

1.     သက်ကြီးတန်း (ကျင်အိုတန်း)

2.     အကြီးတန်း (ပထမတန်း)

3.     အလတ်တန်း (ဒုတိယတန်း)

4.     အငယ်တန်း (တတိယတန်း)

5.     တန်းသစ်

မမျှော်လင့်ပဲ မတန်တတန် ယှုံးနိမ့်လားရသည့်ကျင်သန်တိ၊ မပြတ်သားအယှုံးပီးလားရသည့် ကျင်သန်တိ၊ ပရိသတ်အကြိုက် (သို့မဟုတ်) ကျင်ကော်မတီတိအကြိုက် ကျန်သန်တိကိုလည်း (မောင်းမရပဲ ယှုံးလားရသည့်ကျင်သန်ထဲမှ) ရွီးထုတ်ပြီး တိုက်ပီးသည့် စိန်ခေါ်မောင်း (စိန်ခေါ်ပွဲ) သို့မဟုတ် (ကြည့်ချင်ပွဲ) ဟူပနာလည်း စီစဉ်ကျင်းပပီးတတ်ရေ။

ကျင်ကိုင်ပုံ

အခြေခံသဘော နှုတ်ဆက်

(က) ကျင်ကိုင်ပုံ ယျေဘုယသဘော[edit | edit source]

ကျင်ကိုင်ရေကို ကျင်လုံးရေဟုလည်းဆိုရေ။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ဟိရမည်။ ကျင်သန်နှစ်ဦး ကျင်ကိုင်ရေကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ်ရေ။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နန့် (အခံ) ကို ရွီးချယ်ပီးရရေ။ ကျင်သန်တဦးကဖမ်းပြီး ကျန်တဦးက ခံပီးရရေ။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူဟုခေါ်ပြီး ကျင်ခံပီးသည့်သူကို အခံသား(သို့) အခံကျင်သန် (သို့) အဖမ်းလူဟုခေါ်ရေ။ ဖမ်းလှည့်ကိုရရေ ကျင်သန်က လက်မောင်းနှစ်ဖက်ကိုမြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျသည့်ကျင်သန်က လက်မောင်းနှစ်ဖက်ကို နံဘေးမှာကပ်ပနာ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်းညွတ်ဦးတည့်ပြီး သတိဖြင့်ခံပီးရရေ။

အခံသားခြီနှစ်ဖက်ကိုလည်း ပြိုင်မရပ်ဘဲ ရှိနောက်ဟန်ချက်ညီညီ ထားပြီးခံရရေ။ အဖမ်းသားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင်ရေ။ ကျင်ခြင်း၊ ကျင်ကွက်ဖြင့်ပစ်ချနိုင်ရေ။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစားလာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်ကလည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ဟိရေ။ ပြန်လည်ပစ်ချခွင့်ဟိရေ။[edit | edit source]

(ခ) ကျင်တည်းပုံ၊ ကျင်တိုက်ပုံ ယျေဘုယျသဘော[edit | edit source]

ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌ ကျင်တိုက်ရရေ။ “ကျင်တည်း” တိကို “ကျင်တည်းအဖွဲ့” (ကျင်စာရင်းထိန်းကော်မတီ) ကတည်းပီးပြီး၊ ၎င်းကျင်တည်းတိကို ကျင်ကွင်းထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရွီးကော်မတီ” ကဖိတ်ခေါ်ပီးရရေ။ ကျင်သန်နှစ်ဦးစလုံးရောက်ဟိက ၎င်းကျင်တည်းကို “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦးတာဝန်ယူကြီးကြပ်ပြီး ကျင်တိုက်ရရေ။

တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနန့်တွဲဖက်ပနာ “ကျင်တည်းအဖွဲ့က” နာမည်ကြော်ငြာပီးရရေ။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင် အရွီအတွက်အပေါ်မူတည်ပနာ ကျင်တည်းတိကို တတည်းကနီ၊ လေး၊ ငါးတည်းထိ တပြိုင်တည်းတိုက်နိုင်ရေ။ ကျင်တလင်း၌ ကျင်ဒိုင်အဖွဲ့က ကြီးကြပ်ရေ။ တချို့ပွဲ၌ “ကျင်ဒိုင်ချုပ်” ဟူပနာ သီးသန့်ထားပီးရေ။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံသတ်မှတ်ပီးရရေ။ ကျင်တတည်းဧ့အယှုံးအနိုင်ကို ကြီးကြပ်ကွင်း ကျင်ဒိုင်တိဧ့အဆုံးအဖြတ်ဖြင ့်မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ထံ စောဒကဝင်တင်ပြနိုင်ရေ။ ကျင်ခုံသမာဓိအဖွဲ့ဧ့ဆုံးဖြတ်ချက်ရေ နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်ရေ။

(ဂ) ကျင်တတည်းဧ့ကျင်ကိုင်ပုံအဆင့်ဆင့်[edit | edit source]

ကျင်တတည်းဧ့ကျင်ကိုင်ပုံအဆင့်ဆင့်ကို အနှစ်ချုပ်သာဖော်ပြပါမည်။ အဖမ်းသားက အခံသားကို ခြီတကြိမ် ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ပနာ အခံသားမကျပဲ ရုန်းလွတ်လားပါက အဖမ်းတခေါက်ပြီးလားပြီးနောက် တကြိမ်ထပ်ဖမ်းရရေ။ နောက်တကြိမ်လည်း အဖမ်းသားက ခြီတင်၊ ပေါက်ချိတ်၊ လိမ်ကျစ်ပစ်ပနာ အခံသားမြီပေါ်မကျပဲ လွတ်လားပါက အဖမ်းနှစ်ခေါက် ပြီးလားပြီဖြစ်ရေ။ နှစ်ခေါက်ရာ ခြီတင်ပစ်ခွင့်ဟိပြီး အခံသားက ပြန်ဖမ်းရမည်ဖြစ်ရေ။ ကျင်တည်းတတည်းဧ့အယှုံးအနိုင်သတ်မှတ်ပုံကို အောက်တွင် ဇယားဖြင်ဖော်ပြထားရေ။

ဥပမာ။

စဉ်....... မောင်ဖြူ........... မောင်နီ............ ကျသူ................... အနိုင်ရသူ

(က)

…….....အဖမ်း ...............အခံ ................မောင်နီကျ............. မောင်ဖြူနိုင်

..........အခံ ..................အဖမ်း .............မောင်နီကျ..............

(ခ)

.….... အဖမ်း ..............အခံ ...............မောင်ဖြူကျ............. မောင်နီနိုင်

..........အခံ .................အဖမ်း .............မောင်ဖြူကျ

(ဂ)

.…....အဖမ်း ..............အခံ................ မောင်နီကျ................. မောင်ဖြူနိုင်

........အခံ................ အဖမ်း................ မောင်နီဖမ်းမရ

(ဃ)

……....အဖမ်း ............အခံ ..................မောင်နီကျ

..........အခံ ...............အဖမ်း ................မောင်ဖြူကျ

..........အဖမ်း ............အခံ ...................မောင်ဖြူကျ

.........အခံ ................အဖမ်း ................မောင်နီကျ

.........အဖမ်း .............အခံ ...................မောင်ဖြူဖမ်းမရ

..........အခံ ...............အဖမ်း .................မောင်နီဖမ်းမရ

အဖမ်းတခေါက်၊ အခံတခေါက်စီ သူတလှည့်ကျနီပြီး အယှုံးအနိုင်မရဖြစ်နီပါက “အဖမ်း၊ အခံ” ကိုပြန်ပနာ “အသစ်တဖန် မျောက်ပန်းလှန်ပီးပနာ ဖမ်းသူမှာ ခြီတခေါက်ရာ ပေါက်ချိတ်၊ လိမ်ဖမ်းခွင့်ပြုရရေ။ ကျသူကို အယှုံးပီးရရေ။ လုံးဝအယှုံး၊ အနိုင်မရပါက အယှုံးအနိုင်ကို မျောက်ပန်းလှန်ပနာ ဖြစ်စီ၊ မဲဖြင့်ဖြစ်စီ ဆုံဖြတ်နိုင်ရေ။

ကျင်ပွဲကျင်းပရွီးကော်မတီတိ

ကျင်ပွဲကျင်းပရွီးကော်မတီအသီးသီးရေ မိမိရို့ဧ့လုပ်ငန်းတာဝန်ဝတ္တရားတိကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှနီပနာ ပြည့်ပြည့်ဝဝကြိုးပမ်းဆောင်ရွက်ရရေ။ ကျင်ပွဲ၌ ဖွဲ့စည်းရမည့် လုပ်ငန်းကောမတီတိမှာ --

1.     ကျင်ခုံသမာဓိအဖွဲ့ (ကျင်အကဲဖြတ်လူကြီးအဖွဲ့)

2.     ကျင်ဒိုင်အဖွဲ့

3.     ကျင်တည်းအဖွဲ့ (ကျင်စာရင်းထိန်းအဖွဲ့)

4.     ပြန်ကြားရွီးအဖွဲ့

5.     ကျင်ဇေပြား ရောင်းချရွီးအဖွဲ့

6.     ကျင်ဇေပြားကို (ဆုငွေ) ပြန်ပီးရောင်းချရွီးအဖွဲ့

7.     ကြိုဆိုနီရာချထားရွီးအဖွဲ့

8.     ကျင်တလင်း၊ ကျင်မဏ္ဍပ်ပျင်ဆင်ရွီးအဖွဲ့

9.     ကျင်ပွဲအခမ်းအနားပျင်ဆင်ရွီးအဖွဲ့

10. ကျင်သန်တိဆုခံစဉ် လိုက်ပါကူညီရွီးအဖွဲ့

11. လျှပ်စစ်မီးတပ်ဆင်ရွီးအဖွဲ့

12. စာရင်းထိန်း၊ စာရင်းစစ်အဖွဲ့….

စရေဖြင့်ဖြစ်ရေ။

(ခ) ကျင်ဒိုင်အဖွဲ့ဧ့တာဝန်နန့် ကျင့်ဝတ္တရားတိ[edit | edit source]

၁။ တာဝန်တိ[edit | edit source]

1.     ကျင်ဒိုင်တိရေ မိမိနန့်သက်ဆိုင်ရာကျင်တည်းတိကို ကျင်တလင်းသို့ ခေါ်ယူပြီး ခါးစည်းကြိုးကို မှန်ကန်စနစ်တကျနှောင်စီးရမည်။ ဘောင်းဘီဖြင့်ကျင်ကိုင်းခြင်းကို တားမြစ်ရမည်။

2.     အန္တရာယ်ဖြစ်စီနိုင်သည့် လက်ဝတ်ထည်တိကို ဝတ်ဆင်ထားသည့်ကျင်သန်ကို ယင်းလက်ဝတ်ထည်အား ချွတ်ထားဖို့ပြောရမည်။ လက်သည်းရှည်ကျင်သန်တိကို ချက်ချင်းလှီးဖြတ် စေရမည်။

3.     ကျင်သန်နှစ်ဦးအတူ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ဝင်စီရမည်။

4.     ကျင်သန်နှစ်ဦးကို ဒေါသမပါဘဲ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ပြီးမှ စည်းကမ်းနန့်အညီ ကျင်ကိုင်စေရမည်။

5.     ကျင်သန်နှစ်ဦး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း စီစဉ်ဆုံးဖြတ်ပေးရမည်။

6.     ကြီးကြပ်ကျင်ကိုင်ဒိုင်နှစ်ဦးရေ မိမိတို့ နန့်သက်ဆိုင်ရာကျင်တည်းကို မျက်ခြေမပြတ် စိစပ်သေချာစောင့်ကြည့်နိုင်ရမည်။ ထိုင်မနီရ။ တနီရာတည်း၌ ရပ်မနီရ။ ကျင်းတည်းနန့်အတူ လိုက်ပါလှုပ်လျှားနီရရေ။

7.     ကျင်သန်နှစ်ဦး အဖမ်းအခံကို အငြင်းပွားပါက သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ဆုံးဖြတ်ပေးရမည်၊ တွန်းပစ်ချမှုမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရေ။

8.     ကျင်သန်နှစ်ဦး သတ်မှတ်ကျင်တလင်းနီရာ၌သာ ကျင်ကိုင်နိုင်စေရန်နန့် လူထုထဲ (သို့) စည်းအပြင်သို့ တွန်းချမှုမျိုးမဖြစ်စေရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရမည်။

9.     ကျင်တလင်းရေ စည်းအပြင်ဘက် လူထုထဲသို့ပစ်ချခြင်း။ ကြိုးဝိုင်းစည်းပေါ်၌ ပစ်ချခြင်းမျိုးကြောင့် ကျင်သန်တဦး လဲကျလာပါက အရှုံး၊ အနိုင်၊ မပေးပဲ ပြန်ကိုင်စေရမည်။

10. ကျင်သန်တဦးဦး ကျင်ကိုင်ပနာ တကြိမ်ပြီးသဖြင့် အနားယူခွင့်တောင်းပါက ပေးသင့်က ပေးရမည်။ တကြိမ်မှာ (၁၅) မနစ်ထက် ပိုအနားယူခွင့်မပေးရ။

11. ကျင်သန်တဦးဦး ကျင်ကိုင်နီစဉ် စည်းကမ်းဖောက်ဖျက်မှုဟိပါက သတိပီးတားမြစ်ရမည်၊ ထုတ်ပယ်သင့်ရေထင်မြင်က ကျင်သမာဓိထံ တင်ပြအတည်ပြုချက်ယူရမည်။

12. ကျင်ဒိုင်ရေ ကျင်တတည်းတိုက်ပြီးတိုင်း အယှုံးအနိုင်ကို ကျင်တည်းအဖွဲ့သို့ ပြန်လည်တင်ပြပေးရမည်။

13. ကျင်တွဲတိကို ကျင်ကွင်းအနီအထားကိုကြည့်ပြီး ထုတ်တိုက်ရမည်။ ကျင်တည်းမတိစေရ။

14. ကျင်ကွင်း၌ ကျင်တည်းမပြတ်စေရန်လည်း ဂရုစိုက်ရမည်။

15. ကျင်သန်တိ ကျင်ကွင်းပြလိုက စီစဉ်ပေးရမည်။

16. ကျင်သန်တိရေ ကျင်ပွဲမစမီကပင် ကျင်တလင်း၌ အဆင်သင့်ရှိနီရမည်။

၂။ ကျင်ဝတ္တရားတိ[edit | edit source]

1.     ကျင်ဒိုင်တိရေ ကျင်တည်းတတည်းဧ့အယှုံးအနိုင်ကို ချက်ချင်းမှန်ကန်တိကျ ပြတ်သားစွာ ဆုံးဖြတ်ပီးနိုင်ရမည်။ ကျင်ဒိုင်နှစ်ဦးစလုံး ဆုံဖြတ်ချက်မှန်ရပါမည်။

2.     ကျင်သန်တိ ကျင်ကိုင်နီစဉ်ဖြစ်စီ။ အနားယူနီစဉ်ဖြစ်စီ တဦးတဖက်ကိုမျှ အားပီးအမြှောက်ပြောခြင်း၊ အကြံပီးခြင်း လုံးဝမလုပ်သင့်။

3.     ကျင်သန်တဦးဦး ကျင်နိုင်သည့်အခါ ဝမ်းသာအားရလက်ခုပ်တီးခြင်း၊ ထပြီးကျင်ကွင်းခြင်းတိ လုံးဝမလုပ်သင့်။

4.     အဖမ်းကျင်သန်က အခံကျင်သန်ဧ့ခါးကို ကိုင်ဖက်ထမ်းထားလျှင် အဖမ်းသားကို လွှဲပစ်မချစီရန် ချက်ချင်းတားပြီး အခံသားကိုအကျပီးရမည်။ အခံသားအကျမခံလိုက ပစ်ချခွင့်ပြုရမည်။

5.     ကျင်ဒိုင်တိရေ ကျင်ကိုင်နည်းပညာ၊ ကျင်ကိုင်းခြင်းစုံစုံလင်လင်ကို နှံ့စပ်အောင်သိထားရမည်။

6.     ကျင်ဒိုင်အတွိအကြုံရင့်ကျက်အောင် ကြိုးစားရမည်။

7.     ကျင်စည်းကမ်းတိကို ပြည့်ပြည့်စုံစုံသိထားရမည်။

8.     ဘက်လိုက်မှု လုံးဝကင်းယှင်းပြီး သမာသမတ်ကျရမည်။

9.     ကျင်သန်တိနန့် ကျင်ပွဲကာလ၌ ရောရောနှောနှောမနီသင့်။

10. လာဘ်ပီးလာဘ်ယူ လုံးဝကင်းယှင်းရမည်။

11. ကျင်ဒိုင်တိ ဆီးလိပ်ရေက်ခြင်း၊ အရက်ရေက်ခြင်း လုံးဝယှောင်ကြည်ရမည်။

12. ကျင်ဒိုင်တိ သက်လုံကောင်စီရန် လေ့ကျင့်ခန်းတိလုပ်သင့်ရေ။

13. ကျင်သန်းတိအပေါ်၌ ကြောသားရင်သားမခွဲခြားဘဲ စိတ်ထားစေတနာမှန်ရမည်။

14. ကျင်တိုက်နီချိန် ကျင်ဒိုင်အချင်းချင်းဖြစ်စီ၊ တခြားသူတိနန့်ဖြစ်စီ စကားပြောမနီသင့်။

15. ကျင်ဒိုင်ဝတ်စုံစနစ်တကျပနာ ဝတ်ဆင်ကြီးကြပ်သင့်ရေ။

ကျင်ပွဲကျင်းပခြင်း

ကျင်ပွဲကို ကွင်းအဖွင့်ရတုဆိုပနာ မင်္ဂလာစည်တော်တိတီးခတ်ကာဖွင့်လှစ်ရေ။ ကျင်းကွင်းကို နံ့သာရည်တိပက်ဖြန်းရရေ။

ကျင်တည်း (ကျင်တွဲ) တိကို စမတင်မှီ မင်္ဂလာကျင်တည်းတိကို စပနာတိုက်လေ့ဟိရေ။ ကျင်တိုက်ရာ၌ ကျင်စည်တီးပီးရရေ။

ကျင်စမတိုက်မှီ စာရင်းဝင်ကျင်သန်တိ ကျင်ကွင်းထဲ၌ ကျင်ကွင်းပြရရေ။

ကျင်ကိုင်ပနာ ကျင်တတည်းနိုင်သူကို “နှစ်ခေါက်နိုင်” ဟု သတ်မှတ်ရေ။ နှစ်တည်းနိုင်ပါက လေးခေါက်နိုင်။

သုံတည်းနိုင်ပါက ခြောက်ခေါက်နိုင်စရေဖြင့် မောင်းလုပွဲ၊ ဗိုလ်လုပွဲရောက်အောင်ထိ ဆက်နိုင်လားရရေ။

ကျင်တတည်း အယှုံးအနိုင်ပြီးတိုင်း ပရိသတ်ထံ ယှုံးသူရော၊ နိုင်သူပါ ဆုခံယူရရေ။

ခုံသမာဓိလူကြီးအဖွဲ့က စတင်ပြီး “ပန်းဆုငွေ” ချီးမြှင့်ပီးရရေ။

ကျင်ပွဲကျင်းပပြီးခါနီး၌ ကျင်ဒိုင်အချင်းချင်း ချစ်ကြည်ရွီးကျင်ကိုင်ရရေ။

ကျင်သန်တိကျင်နိုင်သည့်အခါ ကျင်ကွင်းပြရရေ။

ကျင်သန်တိ နောက်ဆုံးဗိုလ်ဆွဲမောင်းရသည့်အခါလည်း ကွင်းထဲပတ်ပနာ ကျင်ကွင်းပြပနာ ကျင်ပွဲကြည့်ပရိသတ်တိရေ ကျင်ဇေပြားတိဝယ်ယူပြီး ကျင်သန်တိဆုခံစဉ် ကျင်းကွင်းပြစဉ်၌ ဆုချီးမြှင့်ပီးရရေ။ ငွေသားလည်း ဆုချီးမြှင့်ပီးနိုင်ရေ။

ကျင်သန်တိက မဏ္ဍပ်တွင်းပရိသတ်ထံမှ ဆုချီးမြှင့်မှုခံယူပြီး ရလာသည့်ကျင်ဇေပြားတိကို ကျင်ဇေပြားဖိုး ဆုငွေပြန်ပီးချေရွီးအဖွဲ့ထံ၌ ဇေပြားနန့်ငွေ ဖလှှယ်ယူရရေ။ “ကျင်ခုံသမာဓိအဖွဲ့” က ကျင်ဒိုင်တိထံမှတင်ပြလာသည့် ကျင်သန်တိနန့်ပတ်သက်သည့် တင်ပြချက်တိကို ဆုံးဖြတ်ပီးရရေ။

ကျင်းပွဲကျင်းပရာ အငယ်တန်း၊ အလတ်တန်းစသည့် အောင်တန်းမှ ကျင်သန်တိကို စတင်တိုက်ရပြီး ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်တိကို ပွဲတော်နောက်ဆုံးရက်တိ၌ရာ တိုက်လေ့ဟိရေ။ ကျင်တည်းတိကို ယှုံးဖြုတ်စနစ်ဖြင့် ကျင်းပသော်လည်း ယခုအခါ တချို့ပွဲတိ၌ ကျင်သန်ဦးရေနည်းရေ ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်ကြီးတိကို ပရိသတ်က အားရပါးရကြည့်ရှုနိုင်စီရန် ပတ်လည်စနစ်ဖြင့် ကျင်းပရေလည်းဟိရေ။

ကျင်ကွင်းနည်းတိ[edit | edit source]

ကျင်သန်တိရေ ကျင်းကွင်းထဲ ကျင်ကွင်းပြရာတွင် ကျင်ပွဲအသီးသီးမှ မိမိရဟိထားရေ ရွှေ၊ ငွေ ဆုတံဆိပ်တိကို လိုင်တွင်ဆွဲပနာ ကျင်ကွင်းပြရရေ။ ရှိဦးစွာ မိမိဧ့ကျင်ကွင်းနည်းပြဆရာတိကို ကန်တော့ရရေ။ ကျင်ခုံသမာဓိ လူကြီးအဖွဲ့ကို ဂါရဝပြုရရေ။ နောက်ပရိသတ်ဘက်သို့လှည့်ပနာ ဂါရဝပြုရရေ။ ပြီးမှ ကွင်းတပတ