Jump to content

Wp/rki/ရခိုင်ရို့ ဧ့ တူရီယာစည်တိ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ရခိုင်ရို့ ဧ့ တူရီယာစည်တိ

အတီးအမှုတ်စရေ တူရိယာ စည်မျိုး၊ တပိုးမျိုး၊ စောင်းမျိုး ဟူ၍ အသီးသီးဟိကတ်ဧ့။ ပါဠိစာပီတွင် စည်ငါး မျိုးကိုပင် "တူရိယာငါးမျိုး"ဟူ၍ ခေါ်ဆိုထားရေ။ ထို့ကြောင့် ရှေးရခိုင်စာဆိုတိက "ပဉ္စင်တူရိယာ၊ တီးမှုတ် ကာဖြင့်" ဟုဖွဲ့ဆိုခဲ့ကတ်လေရေ။ ထို့အတူ တိုရိယာ ငါးပါးဆိုစွာမှာလည်း စည်မျိုးငါးပါးပင်ဖြစ်ဧ့။

အတီးအမှုတ် တူရိယာရို့တွင် စည်တူရိယာမှာ တီးခတ်အပ်ရေ တူရိယာမျိုးပင်ဖြစ်ဧ့။ ဤစည် အမျိုး အစားတိစွာကို ပါဠိစာပီနန့် ကက္ကတရို့တွင် တိစွာပါဟိပီဧ့။ စည်မှာ အမျိုးအမည်ထူးပြားလှဧ့။ ဤစည် တီးခတ်ခြင်းနန့်ပတ်သက်ပနာ ရခိုင်ပြည်နယ်တွင် အဘယ်အခါကပင် စတင်လာခဲ့ကြောင်းကို အတိအကျ ဖော် ပြရန် မဖြစ်နိုင်ပီ။

အဘယ်ကြောင့်ဆိုသော် ရခိုင်စွာ မြန်မာထက်စောစွာကပင် အိန္ဒိယမှ တစ်ဆင့် အနုပညာ သုခုမဂီတရို့ စွာ ရခိုင်ပြည်နယ်သို့ နွှယ်ယှက်ဆက်ပွားခဲ့ရရေဟု ဆိုနိုင်ပီရေ။ ဂီတတိရေလည်း ထိုမှဆက်နွှယ် ခြင်းကို ပညာသျှင်ရို့ လေ့လာသိဟိ နိုင်ခဲ့ဧ့။

ရခိုင်ပြည်နယ်၌ စည်တီးခြင်း၌ စည်တီးခြင်း စတင်လာစွာမှာ အိန္ဒိယမှပင် ဆက်နွှယ်ခဲ့စွာဟု ဆိုစေ ကာမူ အခြခံမှု၊ အတုယူမှု စသည့် နည်းလမ်းအမျိုးမျိုးလည်း ဟိနိုင်မည်ဖြစ်ဧ့။ တိုင်းပြည်နန့်လူမျိုး တိုးတက် လာနိုင်သလောက် ယဉ်ကျေးမှု အနုပညာ တေးဂီတတိမှာလည်း တိုးတက်လာနိုင်သလောက် ယဉ်ကျေးမု အနုပညာ တေးဂီတတိမှာလည်း တိုးတက်နိုင်သဖြင့် ရခိုင်ပြည်နယ်ဧ့ လူနီမှု စတင်လာပုံကို ခန့်မှန်းဖော် ထုတ်နိုင်ကတ်ပါလျှင် ပို၍ သေချာရေရာပီမည်။

မြန်မာပြည်တွင်လည်း လူမျိုးစုအလိုက် စည်စသည့် တူရိယာတိ အသီးသီး မိမိတု့ိလူမျိုးဧ့ အခြေခံမှုနန့် ဆက်နွှယ်ဆင့်ပွားမှုကြောင့် တိုးတက်ခဲ့ကတ်ပီဧ့။ အသွင်အပြင်မူဟန် အသုံးအစွဲမှာလည်း မိမိရို့ လူမျိုး အ လိုက် ဖန်တီးတီထွင်ခဲ့ကတ်ပီဧ့။

ရခိုင်ပြည်နယ်တွင် အောက်ပါစည်အမျိုးအစားတိကို အဆက်ဆက် သုံးစွဲခဲ့ကြောင်း တွေ့ရဧ့။

၁။ မြှောက်စည် (ပဟိုရ်စည်)

၂။ သံလွင်စည်

၃။ မုရိုးစည် (စည်ဗျော)

၄။ စည်ပုတ်

၅။ စည်ကြီး (ရွန်းစည်)

၆။ ဒုံမင်း

၇။ စည်ပန်းတောင်း (စည်ပဒေါင်း)

၈။ စည်ဝန်း

၉။ ပတ်သာ (ပတ်မ)

၁၀။ တစ်ဘက်စည်

၁၁။ ပန်တျာ (ပန်းတျား)

၁၂။ ခတ်စည်

၁၃။ စည်လေး (စည်သေး)

၁၄။ စည်အိုင့် (အိုးစည်)

စသည်ကို သုံးစွဲခြင်းနန့် ပတ်သက်၍ ရာဇဝင် သာဓကတိကို ဖော်ပြလိုပါဧ့။


"နတ်မြစ်စန်းအောင်"က "ရခိုင်လူမျိုးရို့၌ ကိုယ်ပိုင် ဂီတသူခုမ အနုပညာရပ်တိစွာ ဟိသည့်အနက် ရှေးမင်း တိလက်ထက်နန့် ဂနိ့တိုင် ခေတ်စားနီသည့် "စည်" အမျိုးအမျိုးအကြောင်း" ကိုတင်ပြထားဧ့။ ပျောက် ကွယ်နီရေ တူရိယာတိကို သုတေသနလုပ်ပနာ ရှာဖွေထိန်းသိမ်းရန်မှာ ရခိုင်အမျိုးသားတိုင်းဧ့ တာဝန် ဖြစ်ပီသည်။

ရခိုင်ရာဇဝင်၌ ဒဿဘာတီက ရို့ ရေကစားရာသို့ မျောပါလာရေ ကက္ကဋ ပုစွန်လက်မကို ပဟိုရ်စည် ကြက်လုပ်ပနာ မြှောက်စည်ပြုထားခဲ့စွာဟု အဆိုဟိရေ။ စန္ဒသူရိယမင်း မဟာမုနိသျှင်ပင်ကို သွန်းလုပ်စဉ်က ပဉ္စတူရိယာ တီးမှုတ်ခြင်း ဟိခဲ့ရေ။ စန္ဒရားမင်းတိ လက်ထက် စည်တော်ရွန်းခဲ့ရေ တောင်မှာ ယခုတိုင် ကျောက်လှေကားမြို့၌ ဟိပနာ စည်ကြီးတောင်ဟု ခေါ်တွင်ကတ်ဧ့။ မြောက်ဦးမြို့ နန်းတော်ဦးတောင်မှာလည်း စည်တော်ရွန်းခဲ့သဖြင့် ရွန်းတောင်ဟု ခေါ်တွင်လျက် ဟိသေးဧ့။ ဥဂ္ဂါပျံစာဆိုရို့ဧ့ ရာသီဖွဲ့တိ၌လည်း " ပိန် ပေါင်ခရာ၊ စည်ဒုပ္ပါနန့်" ဟုလည်းကောင်း၊ "စည်ပုတ်သံဝါ၊ တောမှုတ်ကာသည်" ဟုလည်းကောင်း စပ်ဆိုခဲ့ ဧ့။ သတိုးသုဓမ္မမင်းစွာ ပိတောက်ပင်ကို ထွင်းပနာ ဗဟိုရ်စည် ကြက်ခဲ့ဧ့။ ဤသို့စည်တီးခြင်းတိ ထင်ရှား နိုင်သည့်အပြင် ပုန်းပုလက်ရာရုပ်တုလည်း အထင်အရှားတွေ့နိုင်ဧ့။ သျှစ်သောင်း သိမ်တော်ကြီး နံရံတွင် စည် တီးခတ်နီရေ တူရိယာသမားပုံကို တွေ့ရဧ့။ ထို့ကြောင့် စည်ကြက်လုပ် တီးခတ်ခဲ့ကတ်ပုံ၊ တူရိယာ အဖြစ် လည်းကောင်း၊ ပွဲလမ်းသဘင်ကန္နားတွင် လည်းကောင်း အသုံးပြုခဲ့ကတ်ပုံတိမှာ ထင်လင်းစွာ သက် သေခံ လျက်ဟိနီရေ။

ဤစည်တိ အားလုံးကို ယခုအခါ မတွေ့သိဟိရသော်လည်း သုံးစွဲနီသမှုကို အောက်၌ ဖော်ပြပါအံ့။

၁။ ပန်တျာ (ပန်းတျား)

၂။ မုရိုးစည် (စည်ဗျော)

၃။ ခတ်စည်

၄။ ကျင်စည်

၅။ စိုင်တမျိုး

၆။ ဗုံရှည်စည်

ဤစည်ရို့ကို ရှာဖွေတွေ့ဟိနိုင်ရေ။ တခြားရေ တူရိယာ အစိတ်အပိုင်းနန့် နှဲ၊ ပလွေ စသည့် မှုတ်အပ် ရေ တူရိယာတိကား စစ်တေကောင်းနယ်ဟိ ရခိုင်ရို့ ယခုတိုင် သုံးစွဲလျက် ဟိသေးဧ့။

၁။ ပန်းတျားစည်

ဤစည်ဧ့ စတင်လာပုံကို ရခိုင်ဇာတိဝံသ မော်ကွန်းစာတမ်း၌ တွေ့ရဧ့။ ရခိုင်မင်းတိစွာ တိုင်းသူပြည် သားရို့ကို အနှောင့်အယှက်ပီးရေ ရက္ခဘီလူး၊ နတ်မိစ္ဆာကြမ်းရို့အား မိုးဦး၊မိုးနှောင်း လစဉ်မပြတ် ပန်း တျားစည်နန့် တီးခတ်ကာ နတ်ပွဲပသပူဇော်ရာ၌ သုံးစွဲခဲ့သည့် "ပန်းတျားသည်"ပညာသျှင် တစ်ဦးကိုလည်း လက်ဝဲးသင်း ရှစ်ဦးတွင် တစ်ဦးအပါအဝင် ရာထူးခန့်ထားခဲ့ရရေ။ (စည်သဘင် အမတ်ကြီးရို့လည်း ထို ကဲ့သို့ ပွဲသဘင်နန့်ဆိုင်ရာ၊ ယဉ်ကျေးမှု သုခုမတေးဂီတနန့် ဆိုင်ရာခန့်အပ်ထားရေ သဘင်ဝန်ကြီး ပင်လောဟု အောက်မေ့အပ်ရေ။) ထိုအခါမှစပနာ နတ်နန့်ပတ်သက်သမျှ ပန်းတျားတီးခတ်မှု ဟိလာခဲ့ရဧ့။

ပန်းတျားဧ့ အရင်းမှာ ကြီးပြီးလျှင် အဖျားမှာ သေးသွယ်ရေ။ သားရေကြက်ပြီး ကြိုးနန့်လွယ်ကာ တီးခတ် ရရေ။မြောက်ဦးမြို့နယ်ရို့တွင် ယခုတိုင် တွေ့နိုင်ဧ့။ ၎င်းနန့်သီဆိုရရေ သီချင်းလည်း သိးခြားပင် ဟိဧ့။ ဤစည်ကို ရခိုင်ပြည်(နယ်)၌ ဦးစွာသုံးစွဲခဲ့ပြီး ဘယ်ခေတ်တွင်မှ မတိမ်ကောခဲ့သည့် စည်ဖြစ်ခဲ့ရေ။ "ပတ် တီးသည်"ဟုလည်း အချို့ဒေသ၌ သုံးနှုန်းဧ့။

၂။ မုရိုးစည်

(ရခိုင်က စည်ဗျော ခေါ်ဧ့) ဝါကျွတ်ပွဲ၊ တန်ဆောင်မုန်းပွဲ၊ အတာသင်္ကြန်ပွဲ၊ ဘုရားပွဲ၊ ကျောင်းတက်အလှူပွဲ၊ သျှင်ပြုပွဲစသည့် မင်္ဂလာပွဲရို့၌ တီးခတ်လေရေ။ မင်းပြားမြို့နယ်၌ ယခုတိုင် ထိုစည်ကို တွေ့ဟိနိုင်ရေ။ မင်းပြားမြို့ ကျန်းတောင်ဘုရားပွဲကျင်းပတိုင်း ဤစည်နန့်ပင် တီးခတ်ပူဇော်လျက် ဟိသိမ်းရေ။

၃။ ခတ်စည်

"သမက်တက်ပွဲ" ခေါ် မင်္ဂလာဆောင်ပွဲရို့၌ တီးခတ်ကတ်ရေ။ ရခိုင်ပြည်တွင် စစ်ပြီးခေတ် သမက်တက်ပွဲ၌ စည်တီးခတ်မှု ပျောက်ကွယ်ခဲ့ပြီးသော်လည်း စစ်တကောင်းနယ် မရှက်ချောင်းတို့၌ ယခုထိဟိရေ။ ရခိုင် နန်းကျကြီး မင်းလက်ထက် စည်သဘင်သမီး ပန်းနီလာကို ပီးစားထိမ်းမြားစဉ် စည်တီးခတ်မှုကြောင့် ဘုရင် စွာ အမျက်ရှပနာ ပိတ်ပင်ခဲ့ဖူးဧ့။ ဘုရင်မှာ ပန်းနီလာကို ချစ်ရေးဆိုခဲ့သော်လည်း စည်သဘင်ဧ့ "သေပြီ" ဟူသည့် လိမ်လှည့်စကားကို ယုံကြည့်ခဲ့ကာ နီခဲ့ဧ့။ ကာလကြာသော် တစ်ဖန် တခြားသူနန့် ထိမ်းမြားပွဲ လုပ်ပနာ စည်တီးခတ်သံကို ဘုရင်ကြားရသဖြင့် သေပြီဟုဆိုခဲ့ရေ လိမ်လည်မှုကို ပြုသည့်အတွက် ငါ့အားမ ပန်ကြားဘဲ တိုင်းပြည်၌ တူရိယာ တီးမှုတ်ခွင့် မပြုရဟာ အမိန့်ထားခဲ့ဖူးသည့် တစ်ရပ်ဟိရေ။

၄။ ကျင်စည်

ရခိုင်လူမျိုးရို့ဧ့ ထင်ရှားရေ ကစားခုန်စား တစ်ခုဖြစ်သည့် ကျင်ကိုင်ပွဲရို့၌ တီးခတ်ရဧ့။ ဤစည်ကို တီးခတ်လိုက်လျှင် ကျင်သန်တိစွာ စိတ်ရဲရင့်လာပြီး ကြောက်စိတ်ပျောက်သွားလေ့ဟိရေ။ ဤစည်ကို ပခုံးတွင်စလွယ်သိုင်းလွယ်လျက် အထက်သို့ မျက်နှာဝကို စောင်းငဲ့ကာထားပြီး၊ လွှားရင်းခုန်ရင်း စိတ်အား တက်ကြွလာစေရန် တီးခတ်ရဧ့။ ယခုတိုင် ကျင်ပွဲရို့၌ တီးခတ်လျက် ဟိသေးကြောင်း တွေ့ရဧ့။

၅။ စိုင်တစ်မျိုး

"စိုင်" ခေါ် စည်တစ်မျိုးရေ ကျောက်ဖြူ၊ ရမ်းဗြဲ ကျေးလက်နယ်တိတွင် သုံးစွဲလျက်ဟိသေးကြောင်း သိဟိရ ဧ့။ ထိုစည်ကို တပျော်တပါး စည်ကားသိုက်မြိုက်စွာနန့် ပြိုင်ပွဲတိဖြင့်ပင် ကျင်းပလေ့ဟိစွာဟူဧ့။ ထိုကို ကြည့်ခြင်းဖြင့် "စိုင်းစည်" ဟု ခေါ်ဟန်တူဧ့။ ထို့ပြင် လူပျိုကာလသားတိ အဖို့ နွေဦးရာသီရို့တွင် တီးခတ် ကခုန်ရခြင်းဖြင့် ပျော်စရာ အကောင်းဆုံးပင်ဖြစ်သည့်အတွက် ထိန်းသိမ်းထားအပ်ဧ့။

၆။ ဗုံရှည်စည်

မာန်အောင်ကျွန်း၌ တီးခတ်လျက်ဟိကတ်သေးဧ့။ ထိုစည်မှာ ပါးလွှာစွာ အခေါင်းထွင်းပြီး သားရေကြက်ထား သဖြင့် ပေါ့ပါးလှရေ။ အသံမှာလည်း ထိန့်ထိန့်ကြိုးမျှ မြည်ဟည်းလှဘိရေ။ ၎င်းဒေသတွင် ထိုစည်ကို "ဗုံ" ဟု ခေါ်ဆိုကတ်ရေ။ အတာသင်္ကြန်ပွဲ၊ ဘုရားပွဲ စသည်ရို့၌ တီးခတ်လေ့ဟိရေ။

မြန်မာရို့ရေ ရခိုင်ရို့ထံမှ တူရိယာအချို့ကို အတုယူတီထွင်သုံးစွဲ ခဲ့ကတ်မည်ကို ခန့်မှန်းရဧ့။ အဘယ်ကြောင့်ဆိုရေ ရခိုင်စွာ မြန်မာထက် အိန္ဒိယပြည်နန့် ဆက်သွယမှု နီးစပ်လာနိုင်သဖြင့် ရခိုင်သို့ တူရိယာတိ စောစွာ ဆက်သွယ်နိုင်ခဲ့မည်ကို သိသာလှရေ။ ထို့ကြောင့်ပင် အလောင်းစည်သူမင်း တိုင်းခန်း လှည့်လည်စဉ် ရခိုင်ရို့ဒေသသို့ ရောက်ခဲ့ပနာ တူရိယာပုံစံတိကို တွေ့မြင်ခဲ့သဖြင့် ပုံစံယူကာ ဇမ္ဗူ့သပြေသီး ကြွေဟန်စသည့် တူရိယာတိကို တီထွင်တော့ကြောင်း ခန့်မှန်းသိသာနိုင်ဧ့။ ထို့အတူ ရခိုင်ရို့ထံမှ ဆက် သွယ်ခဲ့ကတ်ရေ လူမျိုးစုတိဧ့ တူရိယာတိလည်း ဟိကတ်သေးမည်ဟု သိရရေ။

မောရို့ဌာနီဟုတွင်ရေ ရှမ်းပြည်တောင်ပိုင်း အင်းလေးတွင်နီကတ်ရေ ထားဝယ်မျိုးနွယ်စုဝင် အင်းသား ရို့ သုံးစွဲလျက်ဟိသည့် လံစည်မှာ ရခိုင်မာန်အောင် ဗုံရှည်စည်နန့် သဘောတူဖြစ်ဧ့။ အလုံးအလျား အသွင် အပြင် လုံးဝတူညီလှဧ့။ ထိုလံစည်အက တေးသီးချင်းမှာ လည်ချောင်းနှာသံဖြင့် သီဆိုကတ်ရသဖြင့် ရခိုင်သိုင်း ဟန် သာချင်းတစ်မျိုးကဲ့သို့ဟု ခန့်မှန်းလေ့လာရရေ။

အင်းသားမှာ ထားဝယ်မှ သံလွင်မြစ်ကြောင်းဖြင့် ညောင်ရွှေ အင်းလေးတွင်လာပနာ အခြေစိုက်သူတိ ဖြစ် သဖြင့် ထားဝယ်လူမျိုးစု အပါအဝင်ပင်ဖြစ်ဧ့။ ထားဝယ်မှာ ရခိုင်လူမျိုး ဆက်နွယ်တိ သာဖြစ်ကတ်ဧ့။ ဒသရာ ဇာမင်း လက်ထက် မာန်အောင်ကျွန်းမှ တနင်္သာရီကမ်းတစ်လျှောက် သွားရောက်နီ ထိုင်သည်မှ အခြေစိုက် ခဲ့ သူတိဖြစ်ရေ။ ထို့ကြောင့် ရခိုင်စည် တူရိယာရေ ၎င်းရို့ထံ လက်ငုတ်လက်စ ဟိနီခြင်းဖြစ်ဧ့။ ထား ဝယ်ဒိန်း သာချင်းမှာလည်း ရခိုင်ဒုံးချင်းနန့် ဆင်တူလှဧ့။ ဘိုးတော်မင်းလက်ထက် ရှမ်းပြည်နယ်သို့ ရခိုင်တိ မှာလည်း ရောက်ဟိသွားခဲ့ကတ်ဧ့။

ထို့ကြောင့် ရခိုင်စည်တူရိယာစွာ ရခိုင်တွင်သာမက အရပ်ရပ် ဆက်သွယ်နှဲ့စပ်မှု ဟိခဲ့သော်လည်း ဂနီ့ ရခိုင်တွင် ရှားပါးတိမ်ကော နီစွာကို တွေ့ရသဖြင့် ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်ကတ်သင့်ဧ့။ ဂနီ့ ကမ္ဘာတွင် မိမိရို့ အနုပညာဖြင့် ဂုဏ်ဝင့်ဝါနီကတ်ဧ့။ ရခိုင်ပြည်နယ်စွာလည်း မိမိရို့ အနုပညာဂုဏ်ဖြင့် ဝင့်ဝါနိုင်ကတ်ပါစေသတည်း။

ကိုးကား[edit | edit source]

အသျှင်စက္ကိန္ဒ (ရခိုင်ပြည်နယ်) ရခိုင်ယဉ်ကျေးမှုတိ အမှတ်(၂) စာအုပ်မှ