Jump to content

Wp/rki/ရခိုင်စကား အသံနီ အသံထားတိ

From Wikimedia Incubator
< Wp | rki
Wp > rki > ရခိုင်စကား အသံနီ အသံထားတိ

ရခိုင်မြန်မာ ကာရံကိုက်ကွဲရေ စကားသံရို့မှာ--

မြန်မာ အု၊ အာ ကာရံကို ရခိုင် အ ကာရံ

မြန်မာ အေ ကာရံကို ရခိုင် အီ ကာရံ

မြန်မာ အည် ကာရံကို ရခိုင် အိုင် ကာရံ

မြန်မာ အစ် ကာရံကို ရခိုင် အိုက် ကာရံ

မြန်မာ ယပင့်သံကို ရခိုင် ရရစ်သံနန့် ပြောဆိုကတ်ပါရေ

အု၊ အာ ကာရံ ဥပမာတိ

မြန်မာသံရခိုင်သံ
လူပျို၊ လူပျင်း၊ လူရူးလပျို၊ လပျင်း၊ လရူး
သူခိုးသခိုး
နွားထီး၊ နွားမနထီး၊ နမ
ပါးစပ်ပဇာ့
နားရွက်နရွက်
ဒါးမ၊ ဒါးပြဒမ၊ ဒမြ (ဒမရ)
ရေအိုးခွက်ရဝခွက်

စကားတိ ယှဉ်တွဲသုံးရေ အခါတိမှာလည်း ရှေ့စကားသံကို “အ” ကာရံသံနန့် ပြောပါရေ..။

မြန်မာရခိုင်
ကောင်းကောင်းမွန်မွန်ကကောင်းမမွန်
ကျန်းကျန်းမာမာကျကျန်းမမာ
ကျယ်ကျယ်ပြန့်ပြန့်ကျကျယ်ပြပြန့်
သောင်းသောင်းဖြဖြသသောင်းဖဖြ
အေးအေးချမ်းချမ်းအအီးချချမ်း
သာသာယာယာသသာယယာ
တိုးတိုးတိတ်တိတ်တတိုးတတိတ်
လှလှပပလလှပပါ့
ရူးရူးမိုက်မိုက်ရရူးမမိုက်
သွေ့သွေ့ခြောက်ခြောက်သသွိ့ခခြောက်
ဖြူဖြူဖွေးဖွေးဖဖြူဖဖွေး
ဆူဆူညံညံဆဆူညညံ
နီနီရဲရဲနနီရရဲ
ကျိုးကျိုးနွံနွံကျကျိုးနွနွံ
သန့်သန့်ရှင်းရှင်းသသန့်ရှရှင်း
ဆင်းဆင်းရဲရဲဆဆင်းရရဲ
ချမ်းချမ်းသာသာချချမ်းသသာ
ကြွယ်ကြွယ်၀၀ကြွကြွယ်ဝဝါ့
ပျော့ပျော့ပျောင်းပျောင်းပပျော့ပပျောင်း
ခက်ခက်ခဲခဲခခက်ခခဲ
ထထကြွကြွထထာ့ကကြွ
ဆူဆူ၀၀ဆဆူဝဝါ့
ပိန်ပိန်ပါးပါးပပိန်ပပါး
စွဲစွဲမြဲမြဲစစွဲမမြဲ

စသည်ဖြင့် ပြောဆိုကြပါသည်။

အေကာရံ ဥပမာတိ

မြန်မာရခိုင်မြန်မာရခိုင်
လေလီသွေးသွီး
ရေရီပေးပီး
ဈေးဈီးပြေးပြီး
အေးအီးမြေးမြီး
ခွေးခွီးဆေးဆီး
နေနီမြွေမြွီ
နေတယ်နီရေပလွေပလွီ
နေ့နိစာပေစာပီ

အည် ကာရံ ဥပမာတိ

မြန်မာရခိုင်
လည်ပင်းလိုင်ဖင်း
ချည်နှောင်ချိုင်နှောင်
ပျည်ပြားပျိုင်ပြား
စဉ်းစားစိုင်းစား

အစ် ကာရံ ဥပမာတိ

မြန်မာရခိုင်မြန်မာရခိုင်
စစ်စိုက်လစ်လိုက်
ပစ်ပိုက်တစ်တိုက်

ယပင့် ဥပမာတိ

မြန်မာရခိုင်
ကြွားဝါ (ကျွားဝါ)ကြွားဝါ (ရရစ်သံပပီသသနန့်)
ကြွက် (ကျွက်)ကြွက် (ရရစ်သံပပီသသနန့်)
ကြွေ(ကျွေ)ကျတယ်ကြွီကျရေ

တခြား အသံနီ အသံထားတိကို ဆက်ပနာတွေးကတ်ပါလေ။ တစ်နည်းမှတ်သားရန်မှာ

အ သရသံကို ရခိုင်က အီ သရသံသို့ ပြောင်းပြောသည်။

- စ် သံကို အိက် သံသို့ ပြောင်းပြောသည်။

မြန်မာ အေ၊ အေ့၊ အေး ကို ရခိုင် အိ- အီ- အီး ထွက်သည်။

အယ်၊ အယ့်၊ အဲ့ အသံကို အေ- အေ့ - အေး ဟုထွက်သည်။

ပြင်ပလင့်ခ်တိ

ရခိုင် ဘာသာစကား လမ်းညွှန် (ဦးစက္ကိန္ဒ-ရခိုင်မြေ)