Wp/rki/ရခိုင့် နွားလားဥဿဘ
ရခိုင်ပြည်နီရာ အနှဲ့အပြား၌ နွားလားဥဿဘ ရုပ်တိကို သမိုင်းရုပ်ကြွင်းတိအဖြစ် တွိရရေ။ ဓည၀ တီ ခေတ်မှကပင် မြောက်ဦးခေတ်အထိ နွားလားဥဿဘရုပ်တိကို ဘာသာရေးဆိုင်ရာ ဘုရားပုထိုး စေတီ တိတွင်လည်းကောင်း၊ ဗုဒ္ဓဝင်အုတ်ခွက် ကျောက်ခွက်တိတွင်လည်းကောင်း၊ ငွေဒင်္ဂါးတိတွင် လည်းကောင်း၊ ပုရပိုက်မော်ကွန်းတိတွင် လည်းကောင်း၊ ၁၂-လရာသီ စက် လက္ခဏါတိတွင် လည်းကောင်း၊ ထွင်း ထု သွန်းလုပ်ခကတ်စော်တိကို တွိရရေ။
အချို့ရေ သုတေသီတိက နွားလားဥဿဘစော် သီဝဘုရားသခင်နန့် ကြိချတော်ဘုရားသခင်ရို့ဧ့ တ မန်တော် နန္ဒိနွားလားကို ကိုးကွယ်ကတ်ရေ။ ရခိုင်က နွားလား ဥဿဘရုပ်တိရေ အိန္ဓိယပြည် ဟိန္ဒူဘာ သာမှ ပျံ့နှံ့စိမ့်ဝင်လာခြင်း ဖြစ်မည်။ ရှေးခေတ် ရခိုင်ရို့သည်လည်း နွားလား ဥဿဘရုပ်တိကို ကိုးကွယ် ကတ်ရေ။ ဟိန္ဒူ ဘာသာဝင်တိသာ ဖြစ်မည်ဟု ကောက်ချက်ချတတ်ကတ်ရေ။
ဤသို့ယူဆခြင်းမှာ တစိတ်တဒေသအားနန့် မှန်ကန်ပီလိမ့်မည်။ ဇာကြောင့်လဲဆိုကေ ရှေးခေတ်ရခိုင် ပြည်၌ ရာဇာဌာနီမင်းနီပြည်တိ ထွန်းကားခဲ့သဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရို့ မှီတင်းနီထိုင် ခဲ့ကတ် ပီမည်။ ယင်းအထဲတွင် ဟိန္ဒူဘာသာဝင် နန္ဒိနွားလားကို ကိုးကွယ် ခဲ့ကတ်သူတိလည်း ဟိကောင်း ဟိပီလိမ့် မည်။
သို့သော် ရခိုင်ရို့ရေ ဓညဝတီခေတ် စန္ဒာသူရိယမင်း လက်ထက် ဗုဒ္ဓဘုရားသခင် ရခိုင်ပြည်သို့ ဒေသစာရီ ကြွချီလာစဉ်မှ အစပြု၍ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့ကတ်ပီရေ။ ဗုဒ္ဓဘာသာဧ့ တရားထူး တရားစစ်ဖြေစ်ရေ ယေဓမ္မာဂါထာတော်တိ ရေးထိုးထားရေ့ ကျောက်စာတိမှာ ရခိုင်ရို့ရေ စစ်မှန် ရေ ဗုဒ္ဓဘာသာ ဝင်တိသာဖြစ်ကြောင်း သက်သေထူနီပီရေ။
ဟိန္ဒူဘာသာအယူအဆတွင် နွားလားဥဿဘရေ ဘုရားသခင်ဧ့ တမန်တော်အဖြစ် ဘုရားအမှတ်အဖြစ် ကိုးကွယ်ရေ ရုပ်တုဆင်းတုတစ်ခု ဖြစ်ပီရေ။ ကိုးကွယ်ရေ ရုပ်တုဆင်းတုတစ်ခုဖြစ်၍ ဘာသာရေး ဆိုင်ရာ မြင့်မြတ်ရေ နီရာတိတွင်သာ တင့်တင့်တယ်တယ် ဟိနီကတ်ပီမည်။ သို့သော် ရခိုင်ပြည်၌ တွေ့ ရ ရေ နွားလားဥဿဘရုပ်တိမှာ ဘာသာရေးဆိုင်ရာ အခန်းကဏ္ဍတွင်သာမက၊ အခြားအခြားရေ အခန်း ကဏ္ဍတိတွင်လည်း ပါဝင်နီစွာတိကို တွေ့ရပီသည်။ သို့နန့် နွားလားဥဿဘရုပ်ရေ ဘာသာရေး တစ်ခုတည်း အတွက်သာ ရည်မှန်းထုလုပ် ကိုးကွယ်ခဲ့ကတ်ခြင် းမျိုးလော၊ ဘာသာရေးဟု ဆိုရာ၌ လည်း ဟိုန္ဒူ ဘာသာ အယူဝါဒ တစ်ခုတည်းအတွက်သာ ရည်သန်ခဲ့သလော၊ ဘာသာရေးနန့် မသက်ဆိုင် ရေ့ အခန်း ကဏ္ဍတိမှ နွားလားဥဿဘရုပ်တိကား မည်သည်ရို့ကို ရည်ညွှန်းခဲ့ပါလေသနည်း။ သုတေ သနပြုလုပ်ရန် လိုအပ်ပီမည်။
သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်ပါလျှင် ရခိုင်ဘုရင်ရို့စွာ ဓညဝတီခေတ် သူရိယမင်းဆက်မှ အစပြု၍ နန်းသိမ်းပွဲ၊ နန်းတက်ပွဲ၊ ရာဇဘိသေက ဘိသိတ်မင်္ဂလာ အထိမ်းအမှတ်တိ၌ နွားလား ဥဿဘရုပ်တိကို မင်္ဂလာ ပစ္စည်းတစ်ခုအဖြစ် ထည့်သွင်းခဲ့ကတ်ရေ။
ဤသို့ ထည့်သွင်းရခြင်းမှာ ရခိုင်ဘုရင်တိ အနီနန့် ဓညဝတီခေတ်မှ သည်မြောက်ဦးခေတ်အထိ မင်္ဂလာ ရက်မြတ်အဖြစ် ဘိသိက်မင်္ဂလာနိ့ကို က ဆုန်လဆန်းတစ်ရက်နိ့ကိုသာ အစဉ်အဆက်သတ်မှတ် ရွေး ချယ်ခဲ့ဲခြင်းကြောင့် ဖြစ်ရေ။ ကဆုန်လဆန်းတစ်ရက်နိ့ကို ရခိုင်ရို့စွာ မြေမနာ နိလနက္ခတ် မ ပုတ်ရေ နှစ်ဦးပေါ်နိ့ဟု အယူဟိကတ်ရေ။ မြေမနာ နက္ခတ်မပုတ်ဟု ဆိုခြင်းမှာလည်း နှစ်ဆန်း လဆန်း ဖြစ်ရေကြောင့် မြေငလျင်မလှုပ်သေး၊ နိလနက္ခတ် မကြတ်သေးခြင်းကို ဆိုလိုပီရေ။ ဤနိ့ ဤလဧ့ ရာသီမှာ ပြိဿရာသီ ဖြစ်ရေ။ ဤရာသီ၌ ရာသီရုပ် နွားလားဥဿဘရုပ်ဟိ ရေ။ ကောင်းမြတ်ရေ ပြိဿရာသီဧ့ ရာသီရုပ် နွားလားဥဿဘကို ဘိသိက်မင်္ဂလာ၌ မင်္ဂလာပစ္စည်းတစ်ခုအဖြစ် ထည့်သွင်းခြင်းမှာ သဘာဝကျလှပီရေ။
ဝေသာလီမှ ပေါ်ထွက်လာရေ ဘိသေကကျောက်ပြား (ဝါ) ၁၂-လရာသီစက်တွင်လည်း ပြိဿရာသီ၌ နွားလားဥဿဘရုပ် ပါရှီပီရေ။ မြောက်ဦးခေတ် မဟာပညာကျော်ရေး ၁၂-လရာသီဘွဲ့ ဧကပိုဒ်ရတု ကဆန်လတွင်လည်း "ရာသီပြိဿ၊ ကဆုန်လဝယ်၊ မာဃနငြိမ်၊ ပျော်ဟိန်သဲသဲ၊ ညောင်ရေပွဲဟု၊ ပါင့်မြဲစံကား၊ နှစ်ဖဝါးတိ၊ နွားလားဥဿဘ၊ တံငါ့တာရာ" စသည်နန့် နွားလားဥဿဘရုပ်ကို ပြိဿရာသီဧ့ ရာသီရုပ် အဖြစ် အသုံးပြုခဲ့ကြောင်းတွေ့ရရေ။
ဓညဝတီပြည် စန္ဒာသူရိယမင်း လက်ထက်တွင် ဗုဒ္ဓဘုရားသျှင်ရေ ဓညဝတီပြည်သို့ ကြွချီလာပြီး မဟမုနိ ရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ရေ။ ရုပ်ပွားတော်ကြီးဧ့ ထိုင်ရာပလ္လင်အောက်ခြေတွင် ဗုဒ္ဓမြတ်စွာဧ့ လေးခန်း ဗုဒ္ဓဝင်ဖြစ်ရေ ဆင်၊မြင်း၊ နွားလား၊ ခြင်္သေ့ရုပ်တိကို ထွင်းထုခဲ့ရေဟု သိရပီရေ။
လေးခန်းဗုဒ္ဓဝင်၌ နွားလား ဥဿဘရုပ်ကို ထည့်သွင်းရခြင်းမှာ ဗုဒ္ဓဘုရားသျှင်ရေ ပြိဿရာသီ ကဆုန် လပြည့်နိ့တွင် အလောင်းတော် သူမေဓါသျှင်ရသေ့ဘဝ၌ ဒီပင်္ကရာဘုရားသျှင်ဧ့ ခြေတော်ရင်းဝယ် နိဒ္ဓ ယံဗျာဒိတ်ပန်းကို ရောက်ဟိတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားအဖြစ်သို့ ရောက်ဟိတော်မူခြင်း၊ (ပရိနိ ဗ္ဗာန် စံပ္ပယ်တော်မူခြင်း) စသည့် အထိမ်းအမှတ်အဖြစ် ပြိဿရာသီဧ့ သင်္ကေတဖြစ်ရေ နွားလားဥဿဘ ရုပ်ကို ထည့်သွင်းထားခြင်း ဖြစ်ပီရေ။
စန္ဒာသူရိယမင်းမှ အစပြု၍ ရခိုင်ဘုရင်အဆက်ဆက်ရို့ရေ ဘုရားပုထိုးစေတီတော်တိဧ့ အောက်ခံတွင် လည်းကော်ငး၊ အုတ်ခွက်၊ ကျောက်ခွက်တိတွင်လည်းကောင်း နွားလားဥဿဘရုပ် ပါဟိရေ လေးခန်း ဗုဒ္ဓဝင်၊ ရှစ်ခန်းဗုဒ္ဓဝင်၊ ၁၂ခန်း ဗုဒ္ဓဝင်ရုပ်တိကို ထွင်းထုခဲ့ကတ်ပီရေ။
မြောက်ဦးမြို့ဧ့ မြောက်ဘက်တစ်မိုင်ကျော်ခန့်အကွာ သာရပပ္ပတတောင်ပေါ်တွင် ဝေသာလီခေတ် စန္ဒြား မင်းဆက်မှ တည်ထားကိုးကွယ်ခရေ သာရပပ္ပတ စေတီတော်ဧ့အောက်ခံ လေးခန်းဗုဒ္ဓဝင်တွင် နွားလား ဥဿဘရုပ်မှာ အလွန်ပင်လက်ရာ မြောက်လှပီရေ။
ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးစွာလည်း အသောကကျောက်တိုင်ထိပ်တွင် ဆင်၊ မြင်း၊ နွား လား၊ ခြင်္သေ့စသည့် လေးခန်းဗုဒ္ဓဝင်ရုပ်တိကို ထုလုပ်ခရေ။
တချို့သော သုတေသီတိက ဗုဒ္ဓဘာသာဝင်ရို့ရေ ဗုဒ္ဓဘုရားသျှင်ဧ့ ဆင်းတုတော်ကို အစိန္တေယျဖြစ်၍ ထုလုပ်ကိုးကွယ်ခြင်းငှာ ကြောက်ရွံ့ကတ်သဖြင့် လေးခန်းဗုဒ္ဓဝင်ဖြစ်ရေ ဆင်၊မြင်း၊ နွားလား၊ ခြင်္သေ့ရုပ်တိ ကိုသာ ထုလုပ်ကိုးကွယ်ခကတ်ရေဟု အဆိုဟိပါရေ။
ရခိုင်ပြည်၌ တွေ့ရရေ ဗုဒ္ဓမြတ်စွာဧ့ ခြေတော်စက်တါင်လည်း ဥပေါသကဆင်မွန်၊ ဆဒ္ဒန်တခြား၊ နဂါးစံ ပါယ်၊ မသွယ်တူစွ၊ ဥဿဘမကျန်၊ ဧရာဝဏ်မကာရ်း၊ ထူးဆန်းအံ့ဖွယ်၊ ရွှေလှီရောင်ဝါ၊ မျက်နှာလေးပါး၊ နွား သားမိစစ်၊ အဖြစ်တိစွာ စသည်နန့် နွားရုပ်တိကို တွေ့ရပီရေ။
မြောက်ဦးခေတ်ဦး မင်းဗာကြီးလက်ထက် တည်ထားကိုးကွယ်ခဲ့ရေ ရန်အော်ဇေယျ(ခေါ်) သျှစ်သောင်း ပုထိုးတော်ကြီးဧ့ လှိုဏ်ဂူတော်နံရံ၌လည်း " အစကြိုးကြာ၊ ဆယ့်ခြောက်ခါနန့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ် ကခို၊ ကျီးညိုသုံးခါ၊ သံသာကျူးထိပ်၊ ကရိတ်ငါး၊ လေးပါးကိန္နရီ၊ စာမရီဆယ့်ငါး၊ မျောက်ကားတဆယ်၊ ဆင် ဝယ်ဆယ့်တစ်၊ နွားဖြစ်ဆယ့်လေး၊ ဟကေးသိန္ဒဝ" စသည်နန့် နွားရုပ်ပေါင်း တစ်ဆယ့်လေးရုပ်ကို မြတ်စွာ ဘုရားကျင်လည်ခဲ့ရေ နွားလားဥဿဘအဖြစ် တွိရပါရေ။
ဝေသာလီခေတ် စန္ဒြားမင်းတိ ကျပ်သုံး၊ မူးသုံး၊ မတ်သုံး ဒင်္ဂါးတိတွင်လည်းကောင်း၊ ဝေသာလီမှ ပေါ်ထွက် လာရေ ကြေးပုရပိုက် မော်ကွန်းတစ်ဆူဧ့ ထိပ်ပိုင်းတွင်လည်းကောင်း ဝပ်နီရေ နွားလားဥဿဘရုပ် တိကို တွေ့ရပီရေ။ ဤနွားလားဥဿဘရုပ်မှာ အထက်တွင်တင်ပြခဲ့ရေ့ ဘာသာရေးဆိုင်ရာ အထိမ်း အမှတ်နန့်ရေ လည်းကောင်း၊ ရာသီရုပ်ဆိုင်ရာ သင်္ကေတနန့်သော်လည်းကောင်း၊ ဗုဒ္ဓမြတ်စွာဧ့ ခြေတော် ရာ ဖြစ်တော်စဉ်တိနန့်သော် လည်းကောင်း သက်ဆိုင်မည် မဟုတ်ပီ။ ရခိုင်ဘုရင် အစဉ်အဆက်ရို့ဧ့ ဘိသိက်မင်္ဂလာ အထိမ်းအမှတ်ပါ နွားလားဥဿဘရုပ်ကို ရည်သန်၍သော် လည်းကောင်း၊ ဓညဝတီ ဟူသော အမည်နန့်အညီ ဆန်ရေစပါး စိုက်ပျိုးခြင်း၌ အဓိကကျရေ နွားကို ရည်ညွန်း၍သော်လည်း ကောင်း၊ နိုင်ငံတော်ဧ့ တံဆိပ်အဖြစ် အသုံးပြု ခတ်နှိပ်ခဲ့ခြင်းမျိုးလောဟု ယူဆရပီရေ။
ယခုခေတ်ဒင်္ဂါးနန့် တံဆိပ်တိတွင် ခြင်္သေ့ရုပ်တိကိုလည်းကောင်း၊ ပြည်သူ့ရဲတိဧ့ တံဆိပ်တွင် ကြံ့နန့် မီးချောင်းစသည့် အရုပ်တိကို လည်းကောင်း၊ သုံးစွဲသကဲ့သို့ နွားလားဥဿဘရုပ်ကို နိုင်ငံတော်ဧ့ တံဆိပ် ရုပ်အဖြစ် သုံးစွဲခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်ပီရေ။
ဝေသာလီမှတွေ့ရှရေ ပရွင်းသံဒါ ကျောက်တိတွင်လည်း နွားလားဥဉဘရုပ်တိ ပါဟိစွာကိုတွေ့ရရေ။ လက်ဝတ်ရတနာ ကိုယ်ဝတ်ရတနာတိ၌ မည်သည့်အတွက် နွားလားဥဿဘရုပ်ကို အမြတ်တနိုး ထွင်းထု ခကတ်စော်ကိုမူ တပ်အပ်သေချာမသိဟိနိုင်သိပါ။
မြောက်ဦးမြို့နယ် နောင်ဦးကျေးရွာမှ ရရေ့ ကျောက်တိုင်ကြီးတိနန့် တည်ဆောက်ထားရေ နွားတင်း ကုတ်တွင် ဝပ်နီရေ နွားလားဥဿဘနန့် အွလွန်တူရေ နွားလားမျိုး၊ မင်းပြားမြို့နယ် ကျောက်ငနွား ရွာတွင်လည်း တစ်ရုပ်ဟိသေးရေဟု သိရရေ။
လွန်ခဲ့ရေနှစ်က ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဝေသာလီမြို့ဟောင်းကို ကွင်းဆင်းသုတေသနပြု တူး ဖော်မှုလုပ်ငန်းတိ ပြုလုပ်စဉ်က ကုန်းအမှတ်(၃)မှ ဝက်နီသည့်ပုံစံ နွားလားဥဿဘရုပ် နောက်ပိုင်း တစ်ခုကို တူးဖော်တွေ့ဟိခဲ့ရေ။ သုတေသနတစ်ဦးဧ့ လက်ထဲတွင်လည်း ရပ်နီရေ ကျောက်နွား ရုပ်ငယ်တစ်ခုကို တွေ့ရရေ။ မြောက်ဦးမြို့နယ် လက္ကားကျေးရွာမှလည်း ရပ်နီရေ့ပုံစံ ကြေးနွားရုပ် ငယ်တစ်ခုကို တွေ့ရရေ။ ဒုတိယကမ္ဘာစစ်ကြီး မဖြစမီက ပန်းတိမ်ဆရာကြီးတစ်ဦးဧ့ လက်ထဲ၌လည်း ရပ်နီရေပုံစံ နွားရုပ်နန့် ဝပ်နီရေပုံစံ နွားရုပ်သားမိကို တွေ့မြင်ဖူးရေ။
ဒေနွားရုပ်တိကား အသူ့ဘာသာ အယူဝါဒ၊ အသူ့အထိမ်းအမှတ်၊ အသူ့သင်္ကေတ၊ အသူ့ အယူအဆ၊ အသူ့တံဆိပ်တိအဖြစ် ထုလုပ်ခကတ်ရေကို ဆက်လက်သုတေသနပြုလုပ်ဖို့ ဖိတ်ခေါ်လျက်ဟိနီကတ်သရောင်...။
ကိုးကား
[edit | edit source]ဦးသာထွန်း (ပြည်နယ်စာစောင် ၁၂၊ ၁၉၈၂ ခုနှစ်)
ဦးဦးသာထွန်း(ရခိုင်၊မြန်မာ ပဏ္ဍိတ်)ရေးသားရေ ရခိုင်တန်ဆောင်ဆောင်းပါတိ စာအုပ်မှ-)