Jump to content

Wp/rki/မြီဩဇာ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > မြီဩဇာ
ဂနိခေတ် မြီဩဇာ ကျဲဖြန့်စက်
မြီဩဇာ ကျဲဖြန့်စက်တစ်စီးကို လယ်ယာပြပွဲတွင် တွိ့ရစဉ်

အပင်တိ ကြီးပွားဖြစ်ထွန်းရန် မြီဆီလွှာတွင် ဓာတ်ပစ္စည်းတိ အနည်းဆုံး တဆယ့်သုံးမျိုးလိုလီရေ။ လေနန့် ရေကောင်းစွာ ရဟိရေ သာမန်မြီမျိုးတွင် ဓာတ်ပစ္စည်း ဆယ်မျိုးကို အပင်တိအတွက် လုံလောက်အောင် ရဟိနိုင်ရေ။ သို့ရာတွင်ကျန်ဓာတ်ပစ္စည်း သုံးမျိုးဖြစ်သည့် နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်နန့် ဖော့စဖောရပ် ဓာတ်တိမှာမူ အချို့မြီမျိုးတွင် ချို့ရေနေသည့်ပြင် အသီးအနှံပင်တိက စုတ်ယူသုံးစွဲလိုက်အနိန်နန့် မြီဆီ၌ လျင်မြန်စွာ ကုန်ခန်းလားတတ်လီရေ။ ပုံစံအားဖြင့် ဂျုံစပါးအချိန်တစ်တန်ထွက်သည့် လယ်မြီမှ နိုက်ထရိုဂျင်ဓာတ် ၄၇ ပေါင်ခန့်၊ ဖော့စဖောရပ်ဓာတ် ၁၈ ပေါင်နန့် ပိုတက်ဆီယမ်ဓာတ် ၁၂ ပေါင်ခန့်မျှ ယုတ်လျော့လားကြောင်း သိရရေ။ မြီဆီလွှာတွင် အပင်တိဧ လိုရင်း ဓာတ်ပစ္စည်းတစ်ခုခု ချို့ရေနေကေဖြစ်စေ၊ အသီးအနှံပင်တိကိုလယ်မြီ၌ ဆက်ကာဆက်ကာ စိုက်ပျိုးခြင်းဖြင့် ထိုဓာတ်ပစ္စည်း ဩဇာတိ တစ်နှစ်ထက်တစ်နှစ် ယုတ်လျော့ကုန်ခန်း လားသည့်အခါဖြစ်စေ အသီးထွက်မှာ တဖြည်းဖြည်း ညံ့ဖျင်းလာဖွယ်ရာဟိလီရေ။ ယင့်ချင့်ကြောင့် လယ်မြီတိမှ အသီးအနှံအထွက် ပိုပြီးကေ ကောင်းမွန်လာစီရန်၊ အပင်နန့် တိရစ္ဆာန်တိမှ ဖြစ်ရေ မြီဩဇာကိုဖြစ်စေ မြီဆီလွှာတွင် ထပ်လောင်း ဖြည့်စွက်ပီးရလီရေ။ ဗက်တီးရီးယားတိက ထိုမြီဩဇာတိကို အပင်ဧ အစာဖြစ်အောင် ပြောင်းပီးလိုက်မှသာ အပင်တိရေ ထိုအစာကို စားသုံးမှီဝဲနိုင်ကတ်ရေ။ အပင်တိကြီးပွားဖြစ်ထွန်းရန် အလိုဆုံး ဓာတ်ပစ္စည်းမှာ နိုက်ထရိုဂျင်ပင်ဖြစ်ရေ ။ မြီဆီလွှာ၌လည်း ဒေနိုက်ထရိုဂျင်ဓာတ် မကြာမကြာလိုလျက် ဟိတတ်ရေ။ သို့ဖြစ်ခြင်းကြောင့် အပင်တိ အထူးလိုသည့် နိုက်ထရိုဂျင်ဓာတ်ကို အပင်တိ စားသုံးနိုင်လာရန် ဗက်တီးရီးယားတိက နိုက်ထရိတ်ဓာတ်နန့် အခြားနိုက်ထရိုဂျင် ဒြဗ်ပေါင်းတိ အဖြစ်သို့ ပြောင်းပီးလိုက်ကတ်ရေ။ တောင်အမေရိကတိုက်ဟိ ချီလီနိုင်ငံမြီာက်ပိုင်း၌ နိုက်ထရိုဂျင်ဓာတ်လိုနီရေ လယ်မြီတိအတွက် မြီဩဇာအဖြစ် အသုံးချနိုင်ရေ ဆိုဒီယမ်နိုက်ထရိတ်ဓာတ်ပါသည့်မြီမျိုးဟိလီရေ။ နိုက်ထရိုဂျင်ဓာတ်ပါဟိရေ အခြားမြီဩဇာတိမှာ အမ်မိုနီယမ် ဆာလဖိတ်နန့် လူရို့ ဖော်စပ်ယူရေ ကယ်လဆီယမ် နိုက်ထရိတ်နန့် ကယ်လဆီယမ် ဆိုင်ယနီမိုက်ရို့ဖြစ်ကတ်ရေ။ မြင်းသေ၊ နွားသေ၊ ခွေးသေ အစဟိသည့် တိရစ္ဆာန်ကောင်ရို့ဧ အသားမှုန့်၊ ငါးမှုန့်နန့် ဝါစေ့ဖတ်စရေရို့ရေလည်း ဩဇာဟိရေ၊ ခွေးသေ အစဟိသည့် တိရစ္ဆာန်ကောင်ရို့ဧ အသားမှုန့်၊ ငါးမှုန့်နန့် ဝါစေ့ဖတ်စရေရို့ရေလည် ဩဇာဟိဝတ္ထုမှရရေ မြီဩဇာတိဖြစ်ကတ်ရေ။

၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိ ဖြစ်ပွားခရေ ပထမကမ္ဘာစစ်ရေ ကမ္ဘာအရပ်ရပ်တွင်ဟိရေ တိုင်းပြည်တိတွင် မြီဩဇာအမျိုးမျိုး တီထွင်ကြဖို့မျက်စိဖွင့်ပီးရေဟု ဆိုရပါဖို့ ။ ယင်းကဲ့သို့ လယ်ယာစိုက်ပျိုးရီး လုပ်ငန်းတွင် လယ်မြီတိ သိမ်ဖျင်းမလားစီရန် မြီဩဇာကျွေးလျက် ပြုပြင်ပီးရကြောင်းကို ကောင်းစွာ သဘောပေါက်လာကြသည့်အလျောက် နိုက်ထရိုဂျင်ဓာတ်ကို ပုံသေကားချ သတ်မှတ်ကာ ဓာတ်မြီဩဇာအမျိုးမျိုးကို ဖော်စပ်ပနာအရောင်းအဝယ်ပြုလုပ် ကတ်ရေ။ အပင်ဧ အစာဖြစ်ရေ ပိုတက်ဆီယမ်နိုက်ထရိတ် ဓာတ်မြီဩဇာမျိုးကို မြီဩဇာ ပြုပြင်ရီးတွင် တနေ့တခြား အသုံးတိလာကတ်ရေ။ သို့ရာတွင် နိုက်ထရိုဂျင်ဓာတ်ချို့ရေနီရေ မြီဆီလွှာတွင် ဓာတ်မြီဩဇာ လိုနေသည့်ဓာတ်ကို ဖြည့်စွမ်းနိုင်ရေထက် အပင်နန့် တိရစ္ဆာန်ရို့မှ ဖြစရေ မြီဩဇာမျာကို ကျွေးခြင်းဖြင့်လည်းကောင်း၊ လူဆန်ပဲပင်မျိုးတိကို စိုက်ပျိုးခြင်းဖြင့်လည်းကောင်း နိုက်ထရိုဂျင်ဓာတ် ပိုပြီးကေပနာဖြည့်စွက်ပီးနိုင်ရေ။ အခြားအသီးအနှံပင်နန့်မတူ လူဆန်ပဲပင်တိရေ မြီဆီလွှာတွင်းဟိ နိုက်ထရိုဂျင်ဓာတ်ကို မကုန်ခန်းစေရေသာမက ထပ်လောင်း၍ပင် ဖြည့်တင်းပီးနိုင်လီရေ။ ကျွဲ နွားတိရစ္ဆာန်စား တောပဲပင်နန့် အခြားပဲပင်မျိုးတိရေလည်း ထိုလူဆန်ပဲပင်ကဲ့သို့နိုက်ထရိုဂျင်ဓာတ် ဖြည့်စွမ်းပီးနိုင်ကတ်ရေ။ ဥရောပတိုက်ဟိ ဂျာမနီနိုင်ငံ အယ်လဆက်နယ်၊ အိန္ဒိယ၊ အီဂျစ်နန့် ပါးရှားနိုင်ငံတိတွင်သာမန် မြီရို့၌ လိုနီရေ ပိုတက်ဓာတ်ပါသည့် မြီဆီမှုန့်တိကို မြီတွင်းတိ တူးဖော်ခြင်းဖြင့် ရဟိနိုင်ကတ်ရေ။ ဖော့စဖိတ်ဓာတ်လိုနေသည့်မြီမျိုးတွင် ထိုဓာတ်မျိုး ပေါင်းစပ်ပါဝင်လျက်ဟိရေ ကျောက်မှုန့်တိ၊ တိရစ္ဆာန်ရို့ဧ အရိုးမှုန့်တိနန့် သံရည်ကျိုရာတွင်ဖြစ်ပေါ်လာရေ ချော်တုံးချော်ခဲရို့ဧ အမှုန့်တိကို မြီဩဇာ အဖြစ်ဖြင့် ကျွေးပီးရရေ။ မြီကို ပြုပြင်ရာ၌ အသုံးချကတ်ရေ အခြားမြီဩဇာ တစ်မျိုးမှာ တောင်အမေရိကတိုက် ပစိဖိတ် သမုဒ္ဒရာကမ်းခြီနန့် ထိုသမုဒ္ဒရာ တွင်းဟိ ကျွန်းစုတိ၌ အသိုက်အအုံပြုကာ နီကတ်ရေ ပင်းဂွင်းခေါ် ပင်လယ်ငှက်တစ်မျိုးဧ ချေးဖြစ်ရေ။ ထိုမြီဩဇာကိုဂွာနိုဟု ခေါ်ရေ။ ဒေဂွာနိုမြီဩဇာတွင် ဖော့စဖိတ်ဇာတ်ပါဟိရာ မြီကို ပြုပြင်ရန် အထူးသင့်လျော်ဧ။ တခါက ထိုငှက်ချေးတိကို လိုက်လံစုသိမ်းပနာစီးပွားရှာသူရို့ရေ အတော်ပင် ကျေးဇူးဖြစ်ထွန်းခကတ်ရေ။ ဂုအခါ၌မူ ထိုဂွာနိုမြီဩဇာတိကို လိုသလောက်မရနိုင်တော့ချေ။

တခါတရံ တောင်သူလယ်သမားရို့ရေ ကျောက်မီးသွေးပြာ၊ သစ်ကိုင်းသစ်ခက် သစ်သားရို့မှဖြစ်ရေ ပြာစသည့် ပြာမြီဩဇာကိုလည်းကောင်း၊ ထုံးကျောက်မှုန့်တိ၊ ယောက်လားခွံ၊ ပုစွန်ထုပ်ခွံရို့ဧ အမှုန့်တိကို လည်းကောင်း၊ မြီစေးနန့်ထုံးကျောက်ရောစပ်ထားသည့် မြီဆီတစ်မျိုးကိုလည်းကောင်း၊ အမှိုက်သရိုက်နန့် ရေပုပ်ရေစပ်တိကိုလည်းကောင်း မြီဩဇာအဖြစ်ဖြင့် အသုံးချကတ်ရေ။ တောင်သူလယ်သမားရို့ရေ မိမိရို့ လုပ်ကိုင်လျက်ဟိရေ လယ်မြီတိကို အသီးအနှံ အထွက်ကောင်းရေထက် ကောင်းလာအောင် ပြန်လည်ပြုပြင်ရာ၌ ကူညီအားပီးလိုရေ ဆန္ဒအလျောက် မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရီးထွန်းကားသည့် တိုင်းနိုင်ငံရို့ဧ အစိုးရတိရေ ဓာတုဗေဒနည်းဖြင့် ဖော်စပ်ထားရေ မြီဩဇာတိကို ဈေးနှုန်းချိုသာစွာဖြင့် လယ်ယာ၊ ခြံမြီလုပ်ကိုင်သူရို့အားဖြန့်ချိရောင်းချလျက်ဟိကတ်ရေ။[1]

ကိုးကား

[edit | edit source]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)