Jump to content

Wp/rki/မိုဃ်းကုတ်စက်ဝိုင်း

From Wikimedia Incubator
< Wp | rki
Wp > rki > မိုဃ်းကုတ်စက်ဝိုင်း
အာကာသယာဉ် Endeavour မှမြင်ရရေ ကမ္ဘာဧ မိုဃ်းကုတ်စက်ဝိုင်း၊ ၂၀၀၂ ခုနှစ်နှောင်းပိုင်း။

မိုဃ်းကုတ်စက်ဝိုင်း (Horizon) ရေ ကမ္ဘာနန့်ကောင်းကင်အား ပိုင်းခြားထားရေ မျဉ်းဖြစ်ပြီးကေ အပိုင်းနှစ်ခုနန့် ခွဲခြားထားရေ။ ယင်းရို့မှာ ကမ္ဘာ့မျက်နှာပြင်နန့် အတွင်းဆက်ထားရေအရာ၊ (သို့) အတွင်းမဆက်ထားရေအရာရို့ဖြစ်ရေ။ နီရာအများစုမှာ သစ်ပင်၊ အဆောက်အအုံ၊ တောင်ကုန်းတောင်တန်းတိနန့် ကာဆီးထားရေကြောင့် စစ်မှန်ရေ မိုဃ်းကုတ်စက်ဝိုင်းအား မမြင်ရလီ။ ယင်းအချက်တိကြောင့် ဖြစ်လာရေမြင်ကွင်းကို မြင်နိုင်ရေ မိုဃ်းကုတ်စက်ဝိုင်းဟု ခေါ်ဆိုရေ။ မိုဃ်းကုတ်စက်ဝိုင်းအား ဂရိဘာသာစကား "ὁρίζων κύκλος" (horizōn kyklos) မှ ဆင်းသက်လာပြီးကေ ပိုင်းခြားထားရေ စက်ဝိုင်းဟု အဓိပ္ပာယ်ရရေ။[1] ရေဒီယို၊ တယ်လီဂရပ်နည်းပညာတိ မပေါ်ထွန်သိမ်းခင်က သမိုင်းတစ်လျှောက်တွင် ပင်လယ်ပြင်၌ မြင်နိုင်ရေ မိုဃ်းကုတ်စက်ဝိုင်းဧ အကွာအဝီးရေ ကကောင်း အရီးပါလှရေ။ ဂနိ့ခေတ်အခါ၌ပင်ကေ လေယာဉ်ပျံတိ ပျံသန်းရာတွင် မိုဃ်းကုတ်စက်ဝိုင်းအား အသုံးပြုနီရဆဲဖြစ်ရေ။

ကိုးကား

  1. "ὁρίζων"၊ A Greek-English Lexicon၊ Perseus Digital Library April 19, 2011 တွင် ပြန်စစ်ပြီး