Jump to content

Wp/rki/မာတင်လူသာ

From Wikimedia Incubator
< Wp | rki
Wp > rki > မာတင်လူသာ
မာတင်လူသာ (၁၄၈၃-၁၅၄၆)

မာတင်လူသာ(Martin Luther)(၁၄၈၃-၁၅၄၆)ရေ ခရစ်ယာန်ကျောင်းတော်ကို ဆန့်ကျင်ပြီး ပရိုတက်စတင့်တော်လှန်ရီးကို အစပျိုးပီးခသူဖြစ်ရေ။ သူဧ တော်လှန်ရီးကြောင့် ခရစ်ယာန်ဘာသာကိုသာမက ကမ္ဘာ့သမိုင်းဧ စာမျက်နှာတိပါ ပြောင်းလဲလားခရရေ။


ဘဝအစ

[edit | edit source]

မာတင်လူသာအား ဂျာမနီနိုင်ငံ၊အိုင်လဲဗန်မြို့တွင် ဖွားမြင်ရေ။ ဖခင်ဧတိုက်တွန်းချက်ကြောင့် ဥပဒေပညာကို သင်ယူခဖူးရေ။ ယကေလည်း ပညာကုန်မသင်ဘဲ ဩဂတ်စတီးနီးယား ရဟန်းဘောင်သို့ ဝင်ရောက်ပြီး ၁၅၁၂တွင် ပါရဂူဘွဲ့ ကို ဝတ်တင်ဘာ့ခ်တက္ကသိုလ်မှ ရပီးခရေ။ နောက် ထိုတက္ကသိုလ်အသိုင်းအဝန်းတွင် ပင်ပျော်ရွင်စွာနေထိုင်နေခရေ။ ဘာသာရီးအရ အလွန်ယုံကြည်သူ မာတင်လူသာရေ ခရစ်ယာန်ကျမ်းစာပါ လမ်းစဉ်တိအတိုင်း လိုက်နာကျင့်သုံးနေထိုင်ခရေဟု ဆိုကတ်ရေ။ မိမိပိုင် သာမန် ကျောင်းတော်ဂိုဏ်းအုပ်ကလေးရေပင်ကေ ဒေမျှ ဘာသာရီးကိုင်းရှိုင်းနေကေ အထက်နီရာတွင်ပီးကြသည့် ရောမမှဂိုဏ်းချုပ်၊ဂိုဏ်းအုပ် ဆရာတော်ကြီးတိ ဆိုကေ သူတော်စင်ကြီးတိသဖွယ် နေထိုင်ကြမည်ဟု ရိုးသားစွာယုံကြည်ခရေ။ ယကေလည်း ကျောင်းတော်မှ ဆောင်ရွက်ပုံ၊ အမိန့်ချပုံရို့ကို မူ စဉ်းစားဆင်ခြင်ဉာဏ်ပီးသည့် အခြားသူတိနည်းတူ မကျေနပ်ကေလည်း တော်လှန်ပြောဆိုခြင်းမပီးခပေ။

ဘာသာရီးတော်လှန်မှုစတင်ခြင်း

[edit | edit source]

ယကေလည်း ၁၅၁၀တွင် ရောမသို့လားရောက်ခရေအခါ မိမိအထင်နန့် အမြင်မှာတစ်ခြားစီဖြစ်နီရေကိုတွေ့ရတော့ရေ။ ဘုန်းတော်ကြီးတိအနိန်နန့် ဘာသာရီးကျင့်ဝတ်တိကို လှစ်လျှူရှုကာ လူဝတ်ကြောင်တိပိုင်ပင် ပေါ့ပျက်ဆိုးသွမ်းနေရေကို မျက်ဝါးထင်ထင်တွေ့မြင်ပြီးနောက် မာတင်လူသာအနိန်နန့် တိစွာတုန်လှုပ်မိခရှာရေ။ ယကေလည်း အမှန်တကယ် တော်လှန်ခြင်းအမှုကို ပြုရေမှာ ကျောင်းတော်မှ အပြစ်လွှတ်လွှာတိရောင်းချရာမှ အစပြုရေ။ ဗဟိုအဆင့်မှ ဂိုဏ်းအုပ်တိ သုံးဖြုန်းပျော်ပါးရန် ငွေလိုသဖြင့် ဂုပိုင် ငွေရလမ်းရှာခြင်းဖြစ်ရေ။ (အမှန်တွင် ခရစ်ယာန် ဘာသာအပြင် အခြားရေ ထာဝရဘုရား အယူဝါဒတိတွင် လူသားရို့တွင်ပီးသည့် အပြစ်မှာ ဘုရားသခင်နန့်သာ တိုက်ရိုက်သက်ဆိုင်မှုပီးရေ။ ဘုရားနိန်ပြီးကေ အပြစ်ပီးခွင့်၊အပြစ်မှနုတ်ခွင့်ပီးရေ။)

၁၅၁၇၊အောက်တိုဘာ၊၁၅တွင် မာတင်လူသာရေ စွဲချက် ၉၅ချက်ပါသည့် ကြေညာစာတမ်း(စွပ်စွဲချက်စာတမ်း)ကို ဝတ်တင်ဘာ့ခ်ကျောင်းတော် အဝင်တံခါးတွင် ချိတ်စွဲထားခရေ။ ထိုစွပ်စွဲချက်တိတွင် ဂိုဏ်းအထက်ပိုင်းမှ အကျင့်ပျက်ပုံကို တိတိကျကျ စွပ်စွဲပြီးနောက် ဂုပိုင် အပြစ်လွှတ်လွှာတိရောင်းချရေကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ရှုံ့ချထားရေ။ မိတ္တူတစ်စောင်ကို သာသနာပိုင်ထံသို့ ပို့ပြီး နိုင်ငံတစ်ဝန်းသို့လည်း ပုံနှိပ်ပြီး ဖြန့်ဝေပီးရေ။

ထိုပိုင် ဝတ်ကျောင်းငယ်လေးမှ စတင်လိုက်သည့် မာတင်လူသာဧ တော်လှန်ရီးရေ လျင်မြန်စွာပင် ပြန့်နှံ့လားပြီး မကြာမီ အချိန်အတွင်းမှာပင် ပုပ်ရဟန်းမင်းဧ ဩဇာကိုမခံတော့ဟု လူအတိက အတိအလင်းပြောဆိုရဲလာရေအထိပင် ဖြစ်လာတော့ရေ။ ယင့်ချင့်အပြင် ကျောင်းတော်မှ ကောင်စီချုပ်တိကိုလည်း မလေးစားနိုင်ကြောင်း၊ သမ္မာကျမ်းစာကိုသာ ရှေ့ဆောင်လမ်းပြ အဖြစ်သုံးစွဲတော့မည့်အကြောင်း၊ သာမန်လူရို့ဧ အတွေးမျိုးဖြင့်သာ ဘာသာရီးကို ယုံကြည်လိုက်နာတော့မည့် အကြောင်းတိကိုပါ ထင်ထင်ရှားရှားပင် သဘောထားတိကို ပြသလာကတ်ရေ။ ထိုပိုင်ရေ အဖြစ်မျိုးကို ကျောင်းတော်အနိန်နန့် မည်သို့မျှ လက်ခံနိုင်စရာမပီးသဖြင့် မာတင်လူသာအား ကျောင်းတော်အရာပီးတိ ရှေ့မှောက်သို့ အစစ်ဆီးခံရန် ဆင့်ခေါ်ရေ။ အကြိမ်ကြိမ် စစ်ဆီးပြီးနောက် ဘာသာစွန့်စီရေ။ နောက် ၁၅၂၁တွင် မိစ္ဆာဒိဋ္ဌိအဖြစ် စွပ်စွဲပြီး မာတင်လူသာရီးခသမျှ စာရို့ကို မီးတိုက်ဖျက်ဆီးစီရေ။

ထိုခေတ်ကာလက ကျောင်းတော်ဧ ဥပဒေတိအရ မိစ္ဆာဒိဋ္ဌိဟု အစွပ်စွဲခံရကေ ထိုသူမှာ ကားစင်တင်မီးရှို့သတ်ဖြတ်ခံရဖို့ သာဖြစ်ရေ။ ယကေလည်း မာတင်လူသာကို ဂျာမနီတစ်ဝန်းပီး ပြည်သူရို့ကသာမက၊ ခရစ်ကျောင်းတော်မှ ဂိုဏ်းအုပ်တိဧ နိုင်ငံရီးဩဇာကိုပါ ပယ်လှန်လိုကြသည့် ဂျာမန်မင်းဆွေစိုးမျိုးရို့ကပါ ဝိုင်းဝန်းထောက်ခံကြသဖြင့် အကောင်အထည်မပေါ်ခပေ။ မာတင်လူသာမှာမူ တစ်နှစ်မျှ ထွက်ပြေးတိမ်းရှောင်နေခရသေးရေ။ ဘာသာရီးရှေ့ဆောင်အဖြစ် ဇာတိဖြစ်ရေ အိုင်လဲဗန်တွင် နေထိုင်လားပြီး ၁၅၄၆တွင် ကွယ်လွန်ရေ။

စွမ်းဆောင်ချက်တိ

[edit | edit source]

မာတင်လူသာဧ ဘာသာရီးတော်လှန်မှုကြောင့် သိသာထင်ရှားသည့် အပြောင်းအလဲတိ ဖြစ်ပေါ်ခရရေ။

  1. ပရိုတက်စတင့်တော်လှန်ရီးကြောင့် နောင်နှစ်ပေါင်း ၄၅၀အတွင်းတွင် ထိုပရိုတက်စတင့်ဝါဒကျင့်သုံးသည့် နိုင်ငံတိမှ ထူးချွန်သူ လူစွမ်းကောင်း အတိအပြားပေါ်ပေါက်လာရရေ။ တစ်နည်းဆိုရကေ ကျောင်းတော်ဧ မျက်စိပိတ်၊ နားပိတ်ထားစေမှုကို ပယ်လှန်ပြီး အသစ်အဆန်းတိဖန်တီးနိုင်သည့် အတွေးအခေါ်ရို့ကို အုတ်မြစ်ချပီးခရေဟုဆိုနိုင်ရေ။
  2. ပြုပြင်ပြောင်းလဲရီးဧ အကျိုးဆက်အနိန်နန့် ဥရောပတစ်လွှားတွင် ဘာသာရီးစစ်ပွဲတိ ရာစုနှစ်နန့်ချီကာ တိုက်ခိုက်ကြခြင်းဖြစ်ရေ။ ဥပမာအနိန်နန့် ဂျာမနီတွင် ဖြစ်ပွားခသည့် နှစ်သုံးဆယ်စစ်မျိုးမှာ ကကောင်း ရိုင်းစိုင်းကြမ်းကြုပ်သည့် စစ်ပွဲဟု အတိကအသိအမှတ်ပြုကြရရေ။
  3. အကြီးဆုံးရေဘာသာမှ အကြီးဆုံးရေ ဂိုဏ်းကွဲမှုကိုဖြစ်စေကေလည်း ဘာသာဝင်ရို့ဧ ယုံကြည်ချက်ကိုမူ မပြောင်းလဲစေခပေ။[1]

လူသာ၊ မာတင်(ခရစ် ၁၄၈၃-၁၅၄၆)

[edit | edit source]

မာတင်လူသာရေ ဂျာမန်လူမျိုးဖြစ်ပနာ ခရစ်ယာန် သာသနာပြုပြင်ပြောင်းလဲရီးတွင် ဂျာမနီ၌ ခေါင်းဆောင်တော်လှန်သူဖြစ်ရေ။ ခရစ်ယာန်ဂိုဏ်း တစ်ခုဖြစ်ရေပရိုတက်စတန့်ဂိုဏ်းကို စတင်တည်ထောင်သူအဖြစ် မှတ်တမ်းတင်ထိုက်သူ လည်းဖြစ်ရေ။ ယင့်ချင့်အပြင် သမ္မာကျမ်းကို အတိပြည်သူရို့ နားလည်နိုင်စိမ့် ရေငှာ ဂျာမန်ဘာသာသို့ ပြန်ဆိုခြင်းဖြင့်လည်း ဂျာမန်ဘာသာကိုမြှင့်တင် ခရေ။ မာတင်လူသာရေ ဆက်ဆွန်နီနယ် အိုက်စလေးဗင်မြို့တွင် ခရစ် ၁၄၈၃ ခုနှစ်၌ ဖွားမြင်ရေ။ ဖခင်မှာ ချမ်းသာကြွယ်ဝသူ မဟုတ် ကေလည်း သားဖြစ်သူအားပညာတတ်စေလိုသဖြင့် မက်ဂဒီဗတ်နန့် အိုင်းဇနတ်မြို့တိပီး စာသင်ကျောင်းတိသို့ပို့ပနာ သင်ကြားစီရေ။

လူသာရေ ထိုကျောင်းတိတွင် စာသင်နေခိုက် ဘုရားပီးခိုးကျောင်း ဓမ္မတီး ဝိုင်း၌ သီချင်းဆိုခြင်းဖြင့်လည်းကောင်း၊ ကြေးရတတ်တိဧ အိမ်ရှေ့တွင် ဓမ္မ သီချင်းတိကို သိဆိုခြင်းဖြင့်လည်းကောင်း ကျောင်းစရိတ် အထောက်အပံ့ရရန် ကြိုးပမ်းခလီရေ။ လူသာရေ ၁၅ဝ၁ ခုနှစ်တွင် အားဖတ် တက္ကသိုလ်သို့ တက်ရောက်သင်ကြားပနာ ၁၅ဝ၅ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရပီးရေ။ ဦးစွာ၌ လူသာရေ ရှေ့နေလုပ်ရန် ရည်ရွယ်ခကေ လည်း တက္ကသိုလ်သင်တန်း နှစ်ကုန်ခါနီးတွင် စိတ်ပြောင်းလားခလီရေ။ ထို အချိန်တွင် အနောက်ဥရောပတိုက်၌ သာသနာရီး လှုပ်ရှားနေချိန်ဖြစ်ရာ ထို အရီးတွင် စိတ်ပါဝင်စားပြီးကေ ၁၅ဝ၇ ခုနှစ်တွင် ရဟန်းဘောင်သို့ ဝင် ရောက်ခရေ။ ၁၅ဝ၈ ခုနှစ်တွင် ဗစ်တင်ဗတ်တက္ကသိုလ်၌ ဒဿနိကဗေဒ ပါမောက္ခအဖြစ် ခန့်ထားခြင်းခံရလီရေ။ ၁၅၁၁ ခုနှစ်တွင် လူသာရေ ရောမမြို့သို့ လားရောက်ခရေ။ ၁၅၁၂ ခုနှစ်တွင် ဗြဟဒေဝဗေဒ ဆိုင်ရာ ပါရဂူဘွဲ့ကိုရပီးပြီးကေ ဗစ်တင်ဗတ်တက္ကသိုလ်၌ ဗြဟဒေဝဗေဒ ဆိုင်ရာ ပါမောက္ခအဖြစ် ခန့်ထားခြင်းခံရလီရေ။ ယင်းပိုင်ခါ သမ္မာ ကျမ်းစာ သင်တန်းတစ်ရပ် ဖွင့်လှစ်ပို့ချခရာ လူသာရေ ဆရာတစ်ဦး အဖြစ် နာမည် ရခရေ။ သာသနာနယ်ဆိုင်ရာ ဘုန်းကြီးအဖြစ်နန့်လည်း မိမိသာသနာနယ် ဆိုင်ရာ ဘုရားပီးခိုးကျောင်း၌ နေ့စဉ်တရားဟောခရေ။ ထိုအချိန်အခါက ခရစ်ယန်အယူဝါဒီရို့ရေ မိမိရို့ဧ အပြစ် ရို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ခရစ်ယာန် သာသနာ့ အဖွဲ့က ပြဋ္ဌာန်းထားသည့် ဒဏ်ခံခြင်း၊ ဆုတောင်းခြင်း၊ အာဟာရ ဖြတ်ခြင်း၊ အလှူပီးခြင်း စရေအာပတ်ဖြေနည်းတိကို လိုက်စားနေကြဧ။ ထိုအဖြစ် ကို လူသာ တွေ့ပီးရေအခါ တိစွာစိတ်မချမ်းမသာဖြစ်ရဧ။ လူသာကမူ ခရစ်တော်ဧတပည့်ကြီး စိန့်ပေါဧ တရားစာတိနန့် စိန့်အော်ဂတ်စတင်း ဧကျမ်းတိကို ဖတ်ရှုခသူဖြစ်လီရာ အထက်ပါနည်းအတိုင်း ပြုလုပ်ခြင်း ဖြင့် အပြစ်ဒဏ်မှ မလွတ်မြောက်နိုင်။ ခရစ်တော်ကို အကြွင်းမဲ့ယုံကြည်ကိုး စားခြင်းဖြင့်သာ အပြစ်မှ လွတ်မြောက်နိုင်မည်ဟု သဘောပေါက်ခလီရေ။ ထိုစဉ်က ပုပ်ရဟန်းမင်း ဒသမ လီယိုရေ ယိုဟန်းတက်ဇယ် နာမည်ပီးသူ ပုဂ္ဂိုလ်တစ်ဦးအား အာပတ်ဖြေ ခွင့်လွှတ်နိုင်ရန် အာဏာပီးပနာ ခွင့်ပြုထားသည့်အလျောက် တက်ဇယ်ရေ ဗစ်တင်ဗတ်တက္ကသိုလ် အနီး တစ်ဝိုက်၌လာရောက်ပနာ ဟောပြောခရေ။ ရောမမြို့၌ ဆောက်လုပ်နေဆဲ ဖြစ်ရေ စိန့်ပေါကသီးဒရယ် ဘုရားပီးခိုးကျောင်းသို့ အလှူငွေထည့်ဝင်သူ တိကိုလည်း အာပတ်ဖြေပီးလီရေ။

ဒေပိုင်ဖြင့် ဘုန်းကြီးရဟန်းတိက ဆင်းရဲသားရို့ထံမှ ဖြား ယောင်းငွေညှစ်နေသည့်အဖြစ်ကို လူသာတွေ့ပီးရေအခါ လူအပေါင်းရို့အဖို့ အကျိုးယုတ်သည့်အပြင် သာသနာဧ အဆုံးအမနန့်လည်း ဆန့် ကျင်ရေ ဟု သဘောရကာ ဝေဖန်ရှုတ်ချရေ စာတန်းကို လူသာကိုယ်တိုင်ရီးပနာ ဗစ်တင်ဗတ် ဘုရားပီးခိုးကျောင်းဧ တံခါးဝတွင် ကပ်ထားခလီ ရေ။ ယင်းရေ အချက်ကြီး ၉၅ ချက် ဟု ထင်ရှားလာခရေ။ ထိုအချိန် မှစပနာ လူသာနန့် ခရစ်ယာန်သံဃာအဖွဲ့ရေ ပဋိပက္ခဖြစ်လာရေ။ ဒေ ပဋိပက္ခအတွင်း လူသာဧ အယူအဆတိမှာ လျင်မြန်စွာ ပျံ့နှံ့လား ခရေ။ လူသာရေ ပုပ်ရဟန်းမင်းဧ ခေါင်းဆောင်မှုကိုပယ်ရေ။ ခရစ် ယာန်ဘုန်းကြီးတိရေ သာမန်လူထက် တန်ခိုးဣဒ္ဓိပါဒ် ပီးရေဆိုရေ အစွဲကို ချွတ်ရေ။ ခရစ်ယာန် ဘုန်းကြီး၊ သီလသျှင်ရို့ အဓိဋ္ဌာန်ပြု ရေ အလုပ်ရေ အလဟဿ ဖြစ်ရေဟုဆိုရေ။ အဆုံး၌ ခရစ်ယာန်ဘုရား ပီးခိုးကျောင်းတိရေပင် မလိုဟုပယ်လီရေ။ ယင်းပိုင်ခါ ပုပ်ရဟန်းမင်းက လူသာအား ခရစ်ယာန်သာသနာမှ ကြဉ်မည်ဟု ခြိမ်းခြောက်ခရေ။ ယင်းပိုင် ခြိမ်းခြောက်ပီးပို့ခရေ ပုပ်ရဟန်းမင်းဧ အမိန့်စာချွန်ကို လူသာရေ လူ အတိရှေ့တွင် မီးတင်ရှို့လိုက်လီရေ။ ယင့်အချိန်တွင် လူသာအား ထောက် ခံသူတိစွာပီးလီရေ။ အမှန်ကေကား လူသာရေ ရောမ ကက်သလစ် အသင်းတော်(ဗရင်ဂျီဂိုဏ်း)ကို တော်လှန်ရန် မရည်ရွယ်ခစေကာမူ သာသနာ ပြုပြင်ပြောင်းလဲရီးနန့် ပရိုတက်စတန့်ဂိုဏ်း ပေါ်ပေါက်လာအောင် ဖန်တီး ရာရောက်လားခလီရေ။ လူသာဧ အချက်ကြီး ၉၅ ချက်ကို ဂျာမန်ဘာ သာနန့် အခြားဘာသာတိသို့ ပြန်ဆိုခဧ။ ပုံနှိပ်စက်တိ ပေါ်ခါစအချိန် ဖြစ်ရေကြောင့် အဆိုပါအကြောင်းအရာရို့ရေ ဥရောပ တစ်တိုက်လုံးသို့ ပျံ့နှံ့လားလီရေ။

ယပြီးနောက် လူသာကို ဘုရားပီးခိုးကျောင်းတိတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုရဟု ပုပ်ရဟန်းမင်းက တားမြစ်ပိတ်ပင်ခရေ။ ယင့်ချင့်အပြင် ၁၅၂၁ ခုနှစ်၊ ဧပြီလတွင် ဗန်းမြို့၌ ကျင်းပမည်ဖြစ်ရေ နိုင်ငံတော် လွှတ်တော် အစည်းအဝီးသို့ လာရောက်ပနာ အစစ်ခံရဖို့ဟု ဆင့်ခေါ်ခြင်း ခံရလီရေ။ ထိုလွှတ်တော် ကိုဆင့်ခေါ်သူမှာ ဧကရာဇ် ဘုရင်သစ် ပဉ္စမချား ဖြစ်ပနာ ထိုစဉ် အခါက ဩဇာကိတ္တိကြီးရေ ဂျာမန်မင်းညီမင်းသား မှူးမတ်တိ နန့် သာသနာ့အဖွဲ့ဝင်တိ တက်ရောက်ကြလီရေ။ လူသာရေ မိတ်ဆွေတိက တားမြစ်ကေလည်း ဆင့်ခေါ်သည့် အတိုင်း တက်ရောက်ခရေ။ ထိုအစည်းအဝီးက သူဟောပြော ရီးသားခ သမျှကို ပြန်လည်ရုပ်သိမ်းရဖို့ဟု အမိန့်ပီးခကေလည်း လူသာ ကမူ မရုပ်သိမ်းသည့်အပြင် သူဧအယူအဆတိ၌ ပိုပြီးကေစွဲမြဲနေခရေ။ လူသာက သူမှားကြောင်း ကျမ်းဂန်အထောက်အထားနှင် မပြနိုင်သမျှ မရုပ်သိမ်းနိုင်ဟု ဆိုလီရေ။ ယင်းပိုင်ခါ ဧကရာဇ်ဘုရင်က လူသာဧ စာအုပ်မှန်သမျှကို မီးတိုက်ရဖို့ဟု အမိန့်ထုတ်ပြန်ခသည့်အပြင် လူသာရေ မိစ္ဆာဒိဋ္ဌိဖြစ် ကြောင်းကိုလည်း ထုတ်ပြန်ကြေညာခဧ။ ယကေလည်း ဆက်ဆွန်နီနယ်စားကြီး ဖရက်ဒရစ်အား ပီးထားသည့်ကတိကြောင့် အိမ်သို့ပြန်ခွင့်ပြု လိုက်ရေ။ အပြန်ခရီးတွင် လူသာရေ လူဆိုးတိဧ ဖမ်းဆီးခြင်းကိုခံရဧ။ အမှန်မှာ ဆက်ဆွန်နီနယ်စားကြီးဧ တပည့်တိက လူသာအား တစ်ဖက် လှည့်ဖြင့် ဗတ်ဆုသို့ ခေါ်ဆောင်လားခြင်းဖြစ်ရေ။ ဒေပိုင်ပြုရ ခြင်းမှာ လူသာအား အကာအကွယ်ပီးလိုကေလည်း လူသိသျှင်ကြား ပွင့်လင်းစွာ အကာအကွယ် မပီးဝံ့ရေကြောင့်ဖြစ်ဧ။ လူသာရေ ဗတ်ဗုရဲတိုက်၌ ၁ဝ လမျှ နေထိုင်ခသည့်အတောအတွင်း ဓမ္မသစ်ကျမ်းကို မူရင်းဂရိဘာသာ မှ ဂျာမန်ဘာသာသို့ ပြန်ဆိုရီးသားခဧ။

မာတင်လူသာရေ ရှေးဟောင်းအယူဝါဒတိကို ပြုပြင်ပြောင်းလဲ ရန် ဆက်လက်ပနာဆောင်ရွက်ခလီရေ။ ၁၅၂၂ ခုနှစ်၊ မတ်လ တွင် လူသာ ရေ ဗစ်တင်ဗတ်သို့ပြန်ကာ ခရစ်ယာန် အသင်းတော်သစ် ထူထောင်ရီးကို လုံးပမ်းခလီရေ။ အသင်းတော်သစ်ဆိုင်ရာ စည်းကမ်းဥပဒေ တိကိုလည်း ရီးဆွဲပီးခဧ။ သာမန်လူတိနားလည်အောင် အမေးအဖြေစာ တိကို ရီး သားပနာ တရားနာပရိသတ် အစုအဝီးအလိုက် ဓမ္မသီချင်းရင့်ကျူးခြင်းကို တီ ထွင်ခဧ။ ဓမ္မသီချင်းတိကိုလည်း စပ်ဆိုခရေ။ ယင့်ချင့်အပြင် ဘုန်းကြီးတိ အိမ်ထောင်ပြုခွင့်ပီးကြောင်းကိုလည်း ဟောပြောခပနာ မိမိကိုယ်တိုင် သီလသျှင် လူထွက်တစ်ဦးနန့် အိမ်ထောင်ပြုခလီရေ။ လူသာဧ အိမ်ထောင်ရီးမှာ သာတောင့်သာယာပီးလီရေ။ လူသာရေ ၁၅၃၄ ခုနှစ်တွင် ဓမ္မဟောင်းကျမ်းကို ဂျာမန်ဘာ သာသို့ပြန်ဆိုခရာ ထိုစဉ်က ကျန်းမာရီးချို့တဲ့နေသည့်အတွက် ပင်ပန်းကြီး စွာ ဆောင်ရွက်ခရရေ။ စုစုပေါင်း စာအုပ်စာတန်းကြီးငယ် ၄ဝဝ ကျော် ပြုစုခရေဟူဧ။ မာတင်လူသာရေ ၁၅၃၆ ခုနှစ်တွင် ဖွားရာဇာတိဖြစ် ရေ အိုက်စလေးဗင်မြို့၌ ကွယ်လွန်လီရေ။[2]

ကိုးကား

[edit | edit source]
  1. ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)