Wp/rki/ဗျာလ်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ဗျာလ်
န၀ရူပ-ဗျာလ တည်ဆောက်ပုံ(ပုံ)
န၀ရူပ-ဗျာလ(ပုံ)
န၀ရူပ-ဗျာလ(ပုံ)

ကမ္ဘာဦးကပင် လူမျိုးတိုင်း ဘာသာတိုင်း၌ ၎င်းရို့ဧ့ ဒဏ္ဍာရီ ဆန်ရေ အထိမ်းအမှတ် သင်္ကေတ ရုပ်တုတိ ဟိခကတ်ရေ။ ယင်းချင့်ပိုင် ရခိုင်လူမျိုး၌လည်း ဒဏ္ဍာရီဆန်ရေ အထိမ်းအမှတ် သင်္ကေတ ရုပ်တု တစ်ခုဟိရေ။ ယေကေလည်းသော ယင်းရုပ်တုကို ကမ္ဘာကပင် မဆိုထားကေ့ မြန်မာနိုင်ငံ၌ပင် လူအတော်များများ မသိယှိကတ်သိမ်း။ ယင်းချင့်တိကို ရှေးဟောင်း စေတီပုထိုးတိဧ့ ကျောက်ဆစ်လက်ရာတိတွင် ပုံသဏ္ဌာန် အမျိုးမျိုးဟိရေ ရှေးဟောင်းလက်ရာ အမွေအနှစ်အဖြစ် တွိ့ရှိနိုင်ရေ။ ယင်း သတ္တဝါကို ရခိုင် လူမျိုးရို့က “ဗျာလ” ဟုခေါ်ဆို ခကတ်ရေ။ အဆိုပါ သတ္တဝါ မှာရခိုင် လူမျိုးရို့ဧ့ ရှေးရိုး စဉ်ဆက် တစ်လျှောက် ဟိခရေ ဒဏ္ဍာရီဆန်ရေ သတ္တဝါဖြစ်ရေ။ ဗျာလစွာ နဝရူပ ရုပ်တုတစ်ခုဖြစ်ရေ။ တစ်ခုနန့် တစ်ခု ကွဲပြားခြားနားရေ ကိုယ်အင်္ဂါ အစိတ်အပိုင်း (၉)မျိုးပါဝင်ရေ အတွက်ကြောင့် နဝရူပ ရုပ်တုဟု ခေါ်တွင်လီရေ။

ဗျာလ် (MYTHICAL ANTELOPE) ဗျာလ်ဆိုရေမှာ စာပေကျမ်းဂန်အရပ်ရပ်ရို့ကို တတ်ကျွမ်းရေ ရှေး ပညာဟိရို့က ကျက်သရေမင်္ဂလာအပေါင်းနန့် ပြည့်စုံရေသတ္တဝါကိုးမျိုးရို့ဧ့ အင်္ဂါရပ်ကိုးမျိုးရို့ဖြင့် မင်္ဂလာနိမိတ်ပုံ သင်္ကေတလက္ခဏာအဖြစ် စိတ်ကူးယဉ် သရုပ်ဖော်ထားရေ ရုပ်ထုတစ်မျိုးဖြစ်ရေ။ ထိုသို့သတ္တဝါကိုးမျိုးရို့ဧ့ အင်္ဂါ ရပ် ကိုးမျိုးရို့ဖြင့် ပြုလုပ်ထားခြင်းကြောင့် ရှေးပညာဟိ အဆူဆူရို့ဧ့ အလို ဆန္ဒ အယူအဆပေါ်လွင်အခြေခံမူတည်၍ တစ်ရုပ်နန့်တစ်ရုပ်မှာ ပုံသဏ္ဌာန် အနည်းငယ်စီ ကွာခြားလျက် ဟိကြပါရေ။

အဓိပ္ပာယ် ဖွင့်ဆိုချက်[edit | edit source]

ဗျာလ် (ခေါ်) ဗျာလ္လ (ခေါ်) ဗျာလ

ဗျာလ် ဆိုရေ ဝေါဟာရစွာ သက္ကဋ အဘိဓာန်နန့် ဟိန္ဒီ အဘိဓာန်ရို့တွင် (ဝ+ယ+အာ+လ)ကို သံယုဂ်ပြုပနာ (ဗျာလ)၊ အသံထွက်ရေအခါ (ဗျာလ်) ဟုထွက်ရေ။ ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကျားဟူ၍လည်းကောင်း၊ မြွေနဂါးဟူ၍လည်းကောင်း၊ လင်းယုန်(ဝံလက်) ဟူ၍လည်းကောင်း၊ ဂဠုန် ဟူ၍လည်းကောင်း၊ ဘုရင်ဟူ၍လည်းကောင်း၊ သတ္တလောကထဲမှ တန်ခိုးဟိရေ ကြီးမားသည့် သတ္တဝါတိကို ဖော်ပြထားကြောင်း၊ ဗိဿဏု ဟူ၍လည်းကောင်း ဖွင့်ဆိုရေ။ ရခိုင်ယဉ်ကျေးမှုအရ ဗျာလ် ဆိုရေ ဝေါဟာရစွာ ယင့်တန်ခိုးဟိရေ ရုပ်တိကို ပေါင်းစပ်ရောနှောထားရေ သံမိဿကရုပ်တိ ဖြစ်ရေ။

ဗျာလကို ပါဠိဘာသာနန့် အဓိပ္ပာယ် ဖွင့်ဆိုကေ−

ဗျာလ် = ဝိ + အလံ၊

ဝိ = ဝိသေသန(အထူးအားဖြင့်)

အလံ = သမတ္တံ(စွမ်းဆောင်နိုင်သော)

ဗျာလ = ဝိ + အာလံ (တန်ခိုးဖြင့် စွမ်းဆောင်နိုင်သည်)

အဆိုပါ သတ္တဝါ ကိုးမျိုးရို့ဧ အစိတ်အပိုင်းနန့် တန်ဆာဆင်အပ်ရေ သတ္တဝါအား ထားဟိကေ အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စီတတ်ဘဲ၊ လာဘော - လာဘ်လာဘ ကိုရာ ဖြစ်စီတတ်၏ ဟု ရခိုင်လူမျိုးရို့ ယုံကြည်ထားကတ်ရေ။

ဗျာလ်ဧ့ အမည်ကွဲတိ[edit | edit source]

ဗျာလ်ကို ရခိုင်ရို့က လျှာထုတ်ကေဟူ၍ နာမည်တစ်မျိုးပီးကာ ချစ် စနိုး ခေါ်ကြပါသိမ်းရေ။ (အကြောင်းရင်းကား ပီတိရေမနဿဖြစ်ပြီး ရယ်ရွှင် မြူးတူးနီရေ ချစ်စဖွယ်အချေငယ်တစ်ဦးဧ့ ရုတ်တရက် လျှာထုတ်မိနီ ဟန် ပြုလုပ်ထားခြင်းကြောင့်ပင်ဖြစ်ရေ။) ထို့ကြောင့် ဗျာလ်ရုပ်ရေ အမြဲပြုံး ရွှင်၍ ဣဿာမ္ဆစရိယ ဒေါသမာန်မာနကင်းလှပါဧ့။ စေတနာ သဒ္ဓါတရားဟိ ခြင်း၊ မေတ္တာတရား ထွန်းကားခြင်းစရေ့ မင်္ဂလာတရားရို့နန့် ပြည့်စုံပြီး လူ့ ဘောင်လောကဧ့ အေးငြိမ်းသာယာခြင်း ငြိမ်းချမ်းရီးသရုပ်ကို ဗျာလ်ရုပ်က ဖော်ထုတ်ပြသနီပါတော့ရေ။

သျှစ်ရေင်းဘုရား စတုတ္ထလှိုင်ထပ်၊ တောင်ဘက်မျက်နှာစာ အနီာက် တောင်ထောင့်အရပ်တွင် ဗျာလ်ရုပ် တစ်ခုဟိပါရေ။ ယင်းရုပ်တုဧ့ နှာမောင်း ထိပ်တွင် (လာလ္လ)ဟု ကမ္ပည်းထိုးထားရေကို တွိ့ရပါရေ။ (ဗျလ္လ)ဟူ၍ ရီးထိုးထားခြင်းလော၊ ဗျာလ်ဧ့အမည်ပွား တစ်ခုလေလောအတိအကျ မသိရ နိုင်သိမ်းပါ။ ပညာသျှင်တိလေ့လာ ဖော်ထုတ်ကြပါကုန်။

တွိ့ဟိနိုင်ရေ နီရာတိ[edit | edit source]

ဗျာလ်ရုပ်ထုတိကို သာသနိက အဆောက်အအုံတိဧ့ လှိုဏ်ဂူတော် နံရံတိတွင် လည်းကောင်း၊ မုခ်တံကဲတိုဧ့ ထိပ်ပေါ်တွင်လည်းကောင်း၊ မုခ်တံ ကဲတိုင် တစ်ဖက်တစ်ချက်တွင် လည်းကောင်း၊ ဇာတ်နိပါတ်တော် ရုပ်လုံးရုပ် ြွကတိဧ့ အခန်းဆက်တိတွင်လည်းကောင်း၊ ရာဇပလ္လင် မုခ်တံကဲတိတွင် လည်းကောင်း၊ ဘုရားပလ္လင်တော်တိတွင် လည်းကောင်း၊ အတိအားဖြင့် တွိ့ ရပါရေ။ ပဟိုရ်စည်တော်၊ မင်္ဂလာစည်တော်၊ ထွက်စည်တော်၊ ဝင်စည်တော် တိ ချိတ်ဆွဲရေ လက်ရမ်းတိုင်တိတွင်လည်း တစ်ချို့တွိ့ရပါရေ။ လက် ရမ်းတိုင်နှစ်လုံးပေါ်တွင် ဗျာလ်ရုပ်ထုကို တပ်ဆင်၍ တီးခတ်ခကြကြောင်းလည်း သိရပါရေ။ တစ်ခါတရံ အိမ်ထောင်ပြု မင်္ဂလာဆောင် အာဝါဟဝိဝါဟမင်္ဂလာ အခမ်းအနားတိ၌ ရေက်၊သုံးရေ မင်္ဂလာဆေးတံ(ပန်းတူ)တိတွင်လည်း တွိ့ဟိရပါရေ။

လက္ခဏာ အင်္ဂါရပ်တိ[edit | edit source]

ယင့် ‘ဗျာလ’ ကို သတ္တဝါ ကိုးမျိုးဧ့ ကောင်းမြတ်ရေ ခွန်အား စွမ်းအင် ဟိရေ သတ္တဝါရို့ဧ့ အစိတ် အပိုင်းတိနန့် ပေါင်းစပ် ထားရေ။ ယင်းပိုင် သတ္တဝါ ကိုးမျိုးဧ့ အစိတ် အပိုင်းတိနန့် ပေါင်းစပ် ထားခြင်းကြောင့် ‘နဝ ရူပ ဗျာလ’ ဟုလည်းခေါ်ရေ။ အဆိုပါ ‘နဝ ရူပ ဗျာလ’ ရုပ်တွင် ပါဟိရေသတ္တဝါ ကိုးမျိုးဧ အစိတ်အပိုင်း တိမှာ -

  • ၁။ နဂါးအမောက် (သို့မဟုတ်) ဆင်နှာမောင်း။
  • ၂။ သမင်မျက်လုံး။
  • ၃။ ကြံ့ချိုတစ်ချောင်း။
  • ၄။ ကြက်တူရွေးလျာ။
  • ၅။ တိုးကိုယ်(သို့မဟုတ်) ငါးကြင်းကွက်။
  • ၆။ စာမရီမြီး (သို့မဟုတ်) ဒေါင်းမြီး။
  • ၇။ ဆင်နားရွက် (သို့မဟုတ်) မြင်းနာရွက်။
  • ၈။ ခြင်္သေ့ လက်၊ ခြေ၊ ခေါင်း၊ လည်ဆံ (သို့မဟုတ်)ကရဝိတ်ငှက်လည် ဆံ။
  • ၉။ ကျားစွယ် ဟူ၍ ဗျာလ်တွင် အင်္ဂါကိုးမျိုး ပါဝင်လီရေ။

ဗျာလ်တွင်ပါဝင်ရေနဝရူပလက္ခဏာအင်္ဂါရပ်တိကို ဖွင့်ဆိုခြင်း[edit | edit source]

နဂါးအမောက်[edit | edit source]

နဂါးရေ မဟာမြင့်မိုရ်တောင်ဧ့ အနီာက်မျက်နှာကို အစိုးရရေ ဝိရူပက္ခနတ်မင်းကြီးဧ့ စီးတော်ယာဉ် ဖြစ်ရေ။ အဆိပ်ပြင်းထန်ရေ ေြွမလေး မျိုးရို့ကို ပေါင်းစပ်၍ နာဂဟု ခေါ်တွင်ရေ နဂါးမင်းကြီးလည်း ဖြစ်ရေ။ အဆိပ်ပြင်းထန်ရေ ေြွမအပေါင်းရို့ရေ နဂါးမင်းကြီးကို ကြောက်ရွံ့ကြရ ရေ။ ထို့ကြောင့် အဆိပ်ပြင်းထန်ရေ ေြွမအပေါင်းရို့ ဘေးရန်မှ လွတ်ပါးစေ ခြင်း အကျိုးငှာ ဗျာလ်ရုပ်တွင် နဂါးမင်းဧ့ နိမိတ်ပုံကို ထည့်သွင်းခြင်း ဖြစ်ရေ။ ထို့အပြင် စက်ကြီးဆယ့်သုံးပါးရို့တွင်လည်း နဂါးစက်ရေ တစ်ခုအပါအဝင် ဖြစ်ရေ။ တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် လက္ခဏာတော်တွင်လည်း စက်လက္ခဏာ တစ်ခုအဖြစ် ပါဝင်ပေရေ။ အနီာက်တောင်အရပ်ကို အစိုးရရေ နီဂြိုဟ် မင်းဧ့ စီးတော်ယဉ်လည်း ဖြစ်ရေ။ မြတ်စွာဘုရားရေ မုစလိန္ဒသတ္တာဟ စံနီတော်မူရာအခါ၌ နဂါးမင်းဧ့ ပါးပျဉ်းအာက်၌လည်းကောင်း၊ နဂါးပတ်ခွေ အထက်၌ လည်းကောင်း၊ နဂါးကိုပလ္လင်အဖြစ် သုံး၍လည်းကောင်း စံနီတော် မူခပါရေ။ ထိုမှတစ်ပါး ဘာသာခြားအားဖြင့်လည်း ကရစ်ရှနား၊ ဗိဿနိုး၊ သီဝ နတ်ဘုရားတိဧ့ စီးတော်ယာဉ်လည်း ဖြစ်ပေရေ။ အထက်ကို သိကြား အောက်ကို နဂါးဟူရေ စကားပုံရေ နဂါးမင်းဧ့ တန်ခိုးအစွမ်းထက်ပုံကို ပြသရေ စကားပုံ ဖြစ်ရေ။ ရှေးခေတ်အခါက မြို့တော်နီရာတိကို သိကြား မင်းက ညွှန်ပြကာ နဂါးမင်းက စက်ကွင်းချပြီး ပြသရရေဟုလည်း ရှေးသူ ဟောင်းရို့ အဆိုဟိပေရေ။ အချုပ်အားဖြင့်ဆိုရကေ တန်ခိုးအာနိသင် အစွမ်း ထက်ရေကြောင့် နဂါးမင်းကို ဗျာလ်ရုပ်တွင် ထည့်သွင်းခြင်းဖြစ်ရေ။

ဆင်နှာမောင်း[edit | edit source]

ဆင်ရေ ရတနာတစ်ပါး ဖြစ်ရေ။ ဆင်ဆယ်မျိုးတွင် ဥပေါသထဆင် နန့် ဆဒ္ဒန်ဆင်မျိုးရို့ရေ အမြတ်ဆုံး ဖြစ်ရေ။ ဇာကြောင့်ဆိုကေ မြတ်စွာဘုရားဧ့ဖြစ်တော်ပေါင်း (၁၃၆)တွင် ဆင်အဖြစ်ဖြင့် (၁၀)ကြိမ်ပါဝင်ပြီး တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်လက္ခဏာတိတွင်လည်း ဥပေါသထဆင်နန့် ဆဒ္ဒန်ဆင် နှစ်မျိုးလုံး ပါဝင်နီရေကြောင့်တည်း။ ထို့ပြင် ဗုဒ္ဓဝင်လေးခန်းတွင်လည်း ဆင်၊ မြင်း၊ နွားလား၊ ဥဿဘ၊ ခြင်္သေ့ အဖြစ် ပါဝင်လီရေ။ (အလောင်းတော်သိဒ္ဓတ္ထ မင်းသား ပဋိသန္ဓေ ယူတော်မူရေအခါဝယ် မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလ ပြည့် ကြာသပတေးနီ့ မိုးရေက်ယံ၌ သီရိမာယာဒေဝီမိဖုရားခေါင်ကြီးဧ့ ဝမ်း ကြားတိုက်သို့ မြတ်ရေ ဆင်ဖြူတော် လက်ယာရစ် လှည့်ပြီးနီာက် လက်ယာ နံပါးမှ ဝင်ရောက်ကြောင်း အိပ်မက်မြင်တော်မူရေဟု ဆိုရေကြောင့် ဆင်ရတ နာကို မည်မျှအထွဋ်အမြတ် သတ်မှတ်ကြရေကို သိသာနိုင်ပါရေ။) ဗုဒ္ဓဟူ ဂြိုဟ်မင်းနန့် ရာဟုဂြိုဟ်မင်းရို့ဧ့ စီးတော်ယာဉ်လည်း ဖြစ်ရေ။ သိကြားမင်း ရေပင် ဧရာဝဏ်ဆင်ကိုစီးကြောင်း ကျမ်းရို့၌ ဖော်ပြထားရေကို တွိ့ရပေ ရေ။ ဆင်ရေ စကြာဝတေးမင်း၊ လူမင်း၊ နတ်မင်း၊ အမင်းမင်းရို့ဧ့ အသုံး အဆောင်ရတနာတစ်ပါး ဖြစ်ပါရေ။ ဘုရင်မင်းမြတ်ရို့ရေ ဆင်ရုပ်ပါရေ ပလ္လင်ကို ဂဇာသနပလ္လင်တော်အဖြစ် အသုံးပြုကြရေ။ ဣန္ဒြနတ်မင်း၊ ဗလကန္ဒြနတ်မင်း၊ မာရ်နတ်မင်း၊ ဥတေနမင်းရို့ရေ ဆင်ရတနာကို စီးတော်ဆင်အဖြစ် အသုံးပြုခကြပါရေ။ ဒီပင်္ကရာ၊ သုမေဓာ၊ သုမန၊ ဖုဿ၊ သိခီ၊ ကောဏာဂမနတည်းဟူရေ ဘုရားအလောင်းတော် ခြောက်ယောက်ရို့ရေ ဆင်ဖြူရတနာစီး၍ တောထွက် တော်မူခကြရေ။ ဆင်၊မြင်း၊ ရထား၊ စစ်ရေအားဖြင့် လေးပါးရေ စစ်အင်္ဂါ ရို့တွင်လည်း တစ်ပါးအပါအဝင် ဖြစ်ရေ။ (ထိုသို့ မြင့်မြတ်သူရို့ဧ့ အဆောင် အယောင်အသုံးအဆောင်ဖြစ်ခြင်း၊ ပင်ကိုယ်ပကတိအားဖြင့် အဖိုးတန်ရတနာ တစ်ပါးဖြစ်ခြင်းရို့ကြောင့် ဗျာလ်ရုပ်တွင် ဆင်ရတနာဧ့ ဆင်တစ်ကိုယ်လုံး၌ အသုံးအဝင်ဆုံး နှာမောင်းကိုသာ ဗျာလ်ရုပ်၌ ထည့်သွင်းထားခြင်း ဖြစ်ပါရေ)

သမင်မျက်လုံး[edit | edit source]

ကမ္ဘာပေါ်ဟိ သတ္တဝါအားလုံးရို့ဧ့ မျက်လုံးအပေါင်းရို့တွင် သမင်မျက်လုံး ရေ အတောက်ပဆုံး ဖြစ်ပေရေ။ တောက်ပကြည်လင်ရေ မျက်လုံးပိုင် သျှင်တိ ဖြစ်ရေ။ အပြစ်ကင်းစင်သူတိ ဖြစ်ကြရေ။ အပြစ်ကင်းစင်ရေ နို့စို့အရွယ် အချေတိရေ ဝိုင်းစက်ကြည်လင် တောက်ပရေမျက်လုံးတိ ပိုင်ဆိုင်ကြရေကို သတိပြုပါ။ ရေသာ မက သိမ်း။ သမင်မျက်လုံးတိရေ ရန်သူအပေါင်းရို့ကို မိုးကုတ်စက်ဝိုင်းအတွင်း မှ ထင်ရှားစွာ မြင်နိုင်စွမ်းဟိရေ။ တည်ကြည်စူးရှကာ ဖောက်ထွင်းမြင်နိုင်ရေ ဂုဏ်သတ္တိနန့်လည်း ပြည့်စုံရေ။ မျက်လုံးကောင်းခြင်းကို ပဓာပြုစာဖွဲ့ ကြရာ တွင် သမင်မျက်လုံးနန့် ယနီ့မွေးဖွားစနွားငယ်ဧ့ မျက်လုံးရို့ကို ဥပမာပြုကာ တင်စားလေ့ ဟိကြပါရေ။ မျက်ရစ်ပါးရေ မျက်ခွံအတွင်းမှ ကြည်လင်တောက်ပလျက်ဝိုင်းစက် ရေ မျက်လုံးအလှပိုင်သျှင်ရို့မှာ ဘုရားအလောင်းတော်နန့် သူတော်ကောင်း သူမြတ်လောင်း ပညာဟိတိသာ ဖြစ်ကြပါရေ၊ တည်ကြည်ခြင်း၊ စူးရှခြင်း၊ တောက်ပခြင်း၊ ဖောက်ထွင်းသိမြင်နိုင်ခြင်း စရေ့ ဂုဏ်ပုဒ်ရို့နန့် ပြည့်စုံရေ။ နိဂြောဓသမင်၊ ဝါကမိကသမင်ရို့ရေ အလောင်းတော်တိ ဖြစ်ကြ ရေ။ တစ်နည်းအားဖြင့်လည်း ဘုရားပွင့်ရာ၊ ဓမ္မစကြာတရားဦး ဟောရာ မိဂဒါဝုန် ဘေးမဲ့တောကို ရည်ရွယ်ပြီး သမင်ရို့ဧ့မျက်လုံးကို ဗျာလ်ရုပ်ထုတွင် ထည့်သွင်း ဖော်ပြခြင်းဖြစ်ရေ။ သမင်ရေ လီအဟုန်ကဲ့သို့ လျင်မြန်စွာ ပြေးလွှားနိုင်ရေ လီနတ်သားဧ့ စီးတော်ယာဉ်လည်း ဖြစ်ရေ။

ကြံ့ချိုတစ်ချောင်း[edit | edit source]

ကြံ့သတ္တဝါ၌ ချိုတစ်ချောင်းတည်းသာ ဟိပါရေ။ ယကေလည်း တစ်ချောင်း တည်းရေ ထိုချိုဖြင့် ရန်ဟူသမျှကို ကာကွယ်နိုင်စွမ်း ဟိပါရေ။ ရန်သူနန့်တွိ့ကေ ရဲရင့်တည်ကြည်ရေစိတ်ဖြင့် တစ်ဟုန်ထိုး ကော်ပစ် နိုင်စွမ်းဟိပါရေ။ ထို့ကြောင့် ကျား၊ဆင်၊ခြင်္သေ့ စရေ့သတ္တဝါကြီးတိပင် ကြံ့ ချိုတစ်ချောင်းကို ကောင်းကောင်းကြီး ကြောက်ရွံ့ကြရရေ။ ယကေလည်း ကြံ့သတ္တဝါရေ အခြားရေမိမိအောက်သတ္တဝါငယ်ရို့ကို နှိပ်စက်ကလူပြုခြင်း အလျဉ်းမဟိပေ။ ထိုသို့ ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ သတ္တိ ဟိခြင်းရို့ကို နှိပ်စက်ကလူမပြုခြင်းစရေ့ ဂုဏ်ပုဒ်လက္ခဏာရို့နန့် ပြည့်စုံခြင်း ကြောင့် ရခိုင်လူမျိုးရို့က အရီးထားကာ အလီးအမြတ်ပြုကြပါရေ။ ရေသာမကသိမ်း။ ဘာသာရီးပယ်နယ်တွင်လည်း ပစ္စေကအသျှင်မြတ် တိကို ကြံ့ချိုနန့် ဥပမာပြုခိုင်းနှိုင်း၍ မြတ်ဘုရားဟောတော်မူထားရေ။ ရေသာမကသိမ်း။ ဘာသာရီးနယ်ပယ်တွင်လည်း ပစ္စေကအသျှင်မြတ် တိကို ကြံ့ချိုနန့် ဥပမာပြုခိုင်းနှိုင်း၍ မြတ်ဘုရားဟောတော်မူထားရေ။ ကြံ့ချိုရေ တစ်ချောင်းတည်းသာ ဟိသကဲ့သို့ ပစ္စေကဗုဒ္ဓါအသျှင်မြတ်ရို့ ရေလည်း တစ်ပါးတည်းသာ သစ္စာလေးပါး တရားကို ထိုးထွင်း၍ သိတော် မူရေကို ဥပမာနှိုင်းကာ နိမိတ်ပုံပြင်အဖြစ် ဖော်ပြလေ့ဟိကြရေ။

ကြက်တူရွေးလျာ[edit | edit source]

ကြေးဟုခေါ်ရေ ကြက်တူရွေးရေ အမျိုးပေါင်း မြောက်တိစွာ ဟိပါ ရေ။ လိုဏ်ဂူမုခ်ဝ တံကဲနံရံစရေရို့၌ လည်းကောင်း၊ ရာဇပလ္လင်စရေရို့ ၌ လည်းကောင်း၊ ကြက်တူရွေးဧ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို ထုလုပ် ဖော်ပြတတ်ကြပါရေ။ ပူရာဏ်ကျမ်းတိဧ့အဆိုအရ ကျေးတွေးဟူရေ သင်္ကေတတစ်ခုကို ရာဇပလ္လင်၌ ထည့်သွင်းလေ့ ဟိပါရေ။ ကမ္ဘာဦးအစ၌ မဟာသမ္မတမင်းကြီးအား အမတ်ကြီးဧ့သားမက် တင်ပြရေပုံပြင်ရို့တွင် ကျေး မင်းရေ သစ္စာကတိကို တည်ကြည်စွာ စောင့်ထိန်း၍ ရေသဖန်းပင် သေရေ့ တိုင်အောင် အစာငတ်ခံနိုင်ရေဟု ဆိုရေ။ ယင်းကတိသစ္စာတရားရို့ကြောင့် ကြီးမားရေ အကျိုးကျေးဇူးတိကို ခံစားခကြရရေ။ ဗုဒ္ဓဧ့ဖြစ်တော်ပေါင်း (၁၃၆)ဘဝရို့တွင်လည်း ကျေးမင်းသုံးဘဝပါဝင်လီရေ။ မဟောသဓာဇာတ် တော်ကြီးနန့် အခြားဇာတ်နိပါတ်ရာဇဝင်ပုံပြင်ပေါင်း တိစွာရို့တွင် ကြက်တူရွေး ကို ကျေးစေတမန်အဖြစ် စေလွှတ်ခကြရေ။ လိမ္မာယဉ်ကျေးခြင်း၊ လျင်မြန် ဖျတ်လတ်ခြင်း၊ ယူဇနာတိစွာ ဝီးရေခရီးကို ပျံသန်းလားလာနိုင်ခြင်း၊ ညို သွေးရေ နုတ်သီး၊ စိမ်းညိုရေ ကိုယ်ရောင် ကြည်လင်တောက်ပရေ မျက် လုံး၊ မင်းစိုးရာဇာရို့နန့် ပညာဟိသုခမိန်အပေါင်းရို့က တမန်အဖြစ် မွေးမြူလေ့ ဟိခြင်း၊ ကိုယ်ကျင့်တရားမြဲမြံခြင်းစရေ ဂုဏ်အင်္ဂါရို့နန့် ပြည့်စုံရေ။ စာဆိုသျှင် တိကလည်း ကဗျာလင်္ကာရတုစရေရို့ကို စီကုံး၍ တမန်တော်ကျေးသားမှ တဆင့် မိမိပြောလိုရာ သက်ဆိုင်သူသို့ စေလီသယောင် ဖွဲ့နွဲ့သီကုံးတတ်ကြ ရေ။ ကျေးငှက်ရေ ဖူးစာရီးနတ်၊ မဓူကရနတ်မင်းကြီးရို့ဧ့ စီးတော်ယာဉ် လည်း ဖြစ်ရေ။ ဘုရားပုထိုးစေတီတိဧ့ထိပ်တွင် ငှက်မြတ်နားအဖြစ် ဖော်ပြ ခွင့်ရရေ ဟင်္သာ၊ လင်းမြီးဆွဲ၊ ကျေး၊ ကြက် လေးကောင်ရို့တွင် ကျေးငှက် ရေ တစ်ကောင်အပါအဝင် ဖြစ်ရေ။ ဆက်ပါဦးအံ့။ ထိုမျှလောက် အရီးပါ အရာရောက်ရေ ကျေးငှက်ဧ့ကိုယ်မှ လူသားရို့အတွက် ပဓာနကျရေ့ အင်္ဂါရပ်မှာ လူသားတမျှ စကားပြောတတ်ရေ လျှာပင်ဖြစ်ရေ။ ထို့ကြောင့် ဗျာလ်ရုပ်ထုတွင် ကြက်တူရွေးဧ့လျှာကို ရှေးရခိုင်ပညာဟိရို့က ထည့်သွင်းဖော် ပြထားခကြခြင်း ဖြစ်ရေ။

တိုးကိုယ်(သို့မဟုတ်) ငါးကြင်းကွက်[edit | edit source]

က။ တိုးကိုယ် ။ ။ တိုး(ဝါ) တိုးနယား (ဝါ)တိုးနဂါးဟူရေ သတ္တဝါရေ သမင်နန့်တူပြီး အမွေးအမြှင် အလွန်ရှည်ရေ။ သူဧ့ကိုယ်ခန္ဓာမှာ ဣန္ဒြေဟိပြီး အလွန်ယဉ်ကျေးသိမ်မွေ့ရေ။ လည်ဆံအမွေးရို့မှာလည်း ဖြူဖွေးတောက် ပြောင်ပြီး ချစ်ချင်စဖွယ်အပေါ်သို့ ကော့ပျံနီကြရေ။ မျက်စိမျက်ခွံမျက်ရစ် မျက်ကွင်းရို့မှာလည်း မို့မို့မောက်မောက် ဝိုင်းဝိုင်းဝန်းဝန်းဟိပြီး အမွှေးအမြှင် အနားအရစ်ရို့ဖြင့် ရှု့ချင်စဖွယ် ဟိလှရေ။ လားလာလှုပ်ရှားရေ့အခါရို့၌ အမွှေးချင်းရိုက်ခတ်သံရို့မှာ ဆွဲလဲ(ဆည်းလည်း)သံခြူးသံကဲ့သို့ သာယာငြိမ့် ငြောင်းကြက်သရေအပေါင်းနန့် ပြည့်စုံလွန်းလှရေ။ နဝင်ပီယံ ချိုမြိန်ရေအသံ ကို ဆောင်ရေ။ ရှေးအခါက မင်္ဂလာဟိရေ ပွဲလမ်းသဘင်ရို့တွင် တိုးသတ္တဝါ ရုပ် ပြုလုပ်၍ ကခုန်လေ့ဟိပါရေ။ တိုးသတ္တဝါဧ့အသွင်သဏ္ဌာန်ကို ပိုမိုပီပြင်စေ ရန်အတွက် ထိုရုပ်ထုတွင် ဖြူဖွေးရေ အမွှေးအမြှင်တိကို တပ်ဆင်ထားရေ။ ခြူးငယ် ဆည်လည်းငယ်တိကိုလည်း ချိတ်ဆွဲထားရေ။ သန့်ခြင်း၊ ဖြူစင်ခြင်း၊ သာယာခြင်း၊ အေးမြခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ချမ်းမြေ့ခြင်း၊ ငြိမ့်ငြောင်း သာယာခြင်း၊ လှပတင့်တယ်ခြင်းစရေရို့ ပေါ်လွင်စေ၍ ဗျာလ်ရုပ်ထုတွင် တိုးဧ့ကိုယ်ခန္ဓာကို ထည့်သွင်းထားခြင်း ဖြစ်ပါရေ။

ငါးကြင်းကွက်။ ငါးကြင်းသုဝဏ္ဏမစ ္ဆယုဂဠ(ှSuyannamacchayuga- lam)[edit | edit source]

ရေ ဗုဒ္ဓဘုရားသျှင်နန့် ဂျိန်းဘုရားသခင်ရို့ဧ့ခြေတော်ရာတိတွင် ပါဟိ ရေ။ ဗုဒ္ဓနန့် မဟာဝီရရို့ရေ စကြဝတေးမင်းနန့် ဆက်နွယ်သူတိဖြစ်၍ ပါဟိခြင်းဖြစ်ရေဟု အယူဟိရေ။ ဂျိန်းဘာသာတွင်လည်း ငါးကို အချစ်ဧ့တံ ဆိပ် အမှတ်အသားဖြစ်ကြောင်း ဖွင့်ဆိုထားရေ။ ဂျိန်းဘုရားသျှင်အား ငါးနှစ် ကောင်က ဟိခိုးပူဇော်ရန် လာရောက်ကြောင်းနန့် ဂျိန်းဘရားက အချစ်နတ်မောင် အား အောင်မြင်သူအဖြစ် အသိအမှတ်ပြုကြောင်း ဖွင့်ဆိုကြရေ။ ရခိုင်ရို့ဧ့ ထိမ်းမြားမင်္ဂလာတွင်လည်း အကြေးပါရေ ငါးကြင်းနှစ်ကောင်ကို မင်္ဂလာထမင်း ပွဲ၌ ထည့်လေ့ဟိရေ။ သမထကျင့်စဉ်တိတွင် မစ ္ဆာသန (ငါးသတ္တဝါရို့ဧ့ အိပ်ဟန်)ရေ ကျင့်စဉ်တစ်ခုအဖြစ် ပါဝင်ရေ။ ယင်းကျင့်စဉ်ရေ ခန္ဓာကိုယ် အလယ်ပိုင်းနန့် ဖို-မလိင်အင်္ဂါတိ ကျန်းမာသန်စွမ်းစေခြင်း၊ သွေးအားပြည့်ဖြိုး စေခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတိအတွက် သန်မာပြည့်ဖြိုးစေခြင်းစရေ့ အကျိုးကျေးဇူးရို့ကို ပြီးစီးနိုင်ရေ။ ငါးရေ မြစ်ချောင်းအင်းအိုင် ပင်လယ် သမုဒ္ဒရာရို့နန့် နီးစပ်ရေ ဒေသတိဧ့ အထိမ်းအမှတ်သင်္ကေတ တစ်ခုလည်း ဖြစ်ရေ။ ဆန်ရေစပါး သားငါးတိ ပေါြွကယ်ဝခြင်းဧ့ လက္ခဏာတစ်ခုလည်း ဖြစ်ရေ။ ရခိုင်ပြည်နယ် ဝေသာလီဘုရား နတ်ကုန်းအနီး ၁၉၆၅-ခုနှစ်အတွင်း လမ်းဖောက်လုပ်စဉ် တွိ့ဟိရေ (၁၂)လရာသီ စက်လက္ခဏာပြနိမိတ်ပုံတိ ပါဟိရေ့ ကျောက်ပြားငယ်တွင်လည်း ဗြိစ ္ဆာရာသီဧ့ (တမစ ္ဆယုဂဋ္ဌ)အဖြစ် ငါးကြင်းနှစ်ကောင်ကို တွိ့ရရေ။ ကောင်းရေမင်္ဂလာနန့်ပြည့်စုံရေ ငါးကို ဗျာလ်ရုပ်ထု၌ ထည့်သွင်းထားခြင်းမှာ အလွန်သဘာဝကျပါရေ။

စာမရီအမြီး (သို့မဟုတ်) ဒေါင်းအမြီး[edit | edit source]

က။ စာမရီအမြီး။ စာမရီကို တချို့က ငှက်၊ တချို့က သားကောင်ဟူ၍ ယူဆကြရေ။ ရှေးရခိုင်ပညာဟိကြီးရို့က စာမရီကို သားကောင်အဖြစ် ယူဆကြရေ။ သျှစ်ရေင်းဘုရားလိုဏ်ဂူအတွင်းဟိ မြတ်စွာဘုရားသျှင်ဧ့ ဖြစ်တော်စဉ် (၁၃၆)ဘဝကို ဖော်ပြရာတွင် စာမရီဆယ့်ငါးကောင်ရို့ကို သားကောင်အဖြစ် တွိ့ရရေ။ မင်းမြောက်တန်ဆာငါးပါးတွင် သားမြီးယပ် ရေ တစ်ပါးအပါ အဝင်ဖြစ်ရေ။ သားမြီးယပ်ကို စာမရီသားမြီးဖြင့် ပြုလုပ် ခကြောင်း သိရပါရေ။ အနီာက်နိုင်ငံသားတိက တိဗက်မှ နွားတစ်မျိုး (့ဥု) ဖြစ်ကြောင်း သားမြီးယပ်ကို ゞင်းနွားဧ့အမြီးဖြင့် ပြုလုပ်ကြောင်း ယူဆကြရေ။ တစ်ချို့ကမူ စာမရီကို လင်းမြီးဆွဲငှက်ဟု ယူဆကြရေ။ ゞင်းငှက်ရို့တွင် အကြီးအကဲဖြစ်ရေ ငှက်မောင်နှံတစ်စုံကို မျိုးတူငှက်တိနန့် အခြားရေ မျိုးမတူရေ့ ငှက်အပေါင်းရို့က ဝိုင်းရံလိုက်ပါကြရေ။ သို့နန့် ယင်းငှက်မောင် နှံအစုံကို ငှက်မင်းဟု ခေါ်လေ့ဟိရေ။ ယင်းငှက်ရို့မှာ အရောင်အဆင်း အလွန် လှပဧ့။ မျက်လုံး ကြည်လင်ရေ။ ဥဒေါင်းကဲ့သို့ အမွှေးဖြင့် ပြီးရေ အမောက် ပါဟိရေ။ အမြီးမှာ ရှေးခေတ် အောင်လံကဲ့သို့ ကြက်လျာသဏ္ဌာန်နှစ်ခွ ဖြစ် ရေ။ တစ်ဖက်တစ်ချက်စီတွင် ဗူးကဲ့သို့ အမျှင်ငယ်အတိပြီးရေ စူးပန်းသီး သဏ္ဌာန်အသီးငယ်နှစ်လုံးတွဲလဲ ပါဟိရေ။ အမြီးရင်းတွင် ပေါက်ရောက်ရေ အမြှင်ရို့မှာ အမျိုးမျိုးရေ အရောင်ရို့ဖြင့် အသွယ်သွယ်ကျဆင်းနီရေ။ ကြက်ဖရို့ဧ့ မြီးခေါင်းနန့် အလားတူရေ။ နှုတ်သီးမှာ ဥဒေါင်းဧ့ နှုတ်သီးနန့် တူရေ။ နှုတ်သီးနန့် မျက်လုံးအကြားရို့မှ အရောင်အမျိုးမျိုးဟိရေ အမျှင် အမျှင်ငယ်တိ တွဲလောင်းကျနီရေ။ တစ်ချို့ရခိုင်ရို့က ဝေဖလီငှက်ဟု ခေါ် ကြရေ။ စာမရီရေ ငှက်မြတ်လေးကောင်အနက် တစ်ကောင်အပါအဝင် ဖြစ် ရေ။ အသက်ကို အသေခံ၍ အမွှေးအတောင်ရို့ကို အကျွတ်မခံရေ ရဲစွမ်း သတ္တိနန့် ပြည့်စုံသဖြင့် ဒေသနာတော်တိ၌ သီလသမာဓိကို ဆောက်တည်ကျင့် ကြံရာတွင် စာမရီငှက်ကဲ့သို့ ကျင့်ကြံဆောက်တည်ကြရန် မိန့်မှာထားရေ။ သူရသတ္တိနန့် ပြည့်စုံရေ စစ်ရေတိကိုလည်း စာမရီငှက်နန့် ခိုင်းနှိုင်းကြ ရေ။ အမြင့်မြတ်ဆုံးရေ နီရာ၌ နားခွင့်ရခြင်း၊ ငှက်မြတ်တစ်ကောင်အဖြစ် အသိအမှတ်ပြု ခံရခြင်း၊ ရဲစွမ်းသတ္တိသစ္စာ သမာဓိ ဟိခြင်း၊ ဦးစီးဦးဆောင် ပြုနိုင် ခြင်း၊ အြွေခရံသင်းပင်း ပေါတိခြင်း၊ လှပတင့်တယ်ခြင်း၊ ရှုချင်စဖွယ်ဟိခြင်း၊ သာယာနာပျော်ဘွယ်ကောင်းရေ အသံအမျိုးမျိုးရို့ဖြင့် တွန်ကျူးခြင်း၊ မြင်မြင် သမျှရေလူရို့ရေ အမြဲတစေကြည့်ရှုနီလိုကြခြင်း စရေ့ အင်္ဂါရပ်အပေါင်း နန့် ပြည့်စုံလှရေ။ သို့နန့် ဗျာလ်ရုပ်ထုတွင် ထည့်သွင်းထားခြင်း ဖြစ်ရေ။

ဆင်နားရွက် (သို့မဟုတ်) မြင်းနာရွက်[edit | edit source]

က။ ဆင်နားရွက်။ ဆင်အကြောင်း ဖွင့်ဆိုချက်ကို အမှတ်စဉ် (၁) ဆင်နှာ မောင်းအခန်း၌ ဖော်ပြခလီပြီ။ ခ။ မြင်းနားရွက်။ မြင်းရေ ရတနာတစ်မျိုး ဖြစ်ရေ။ စစ်အင်္ဂါလေးပါးတွင် လည်း တစ်ပါးအပါအဝင် ဖြစ်ရေ။ ဆင်မြင်းနွားလား ခြင်္သေ့စရေ့ လေးခန်း ဗုဒ္ဓဝင်၌လည်း တစ်ခန်းအပါအဝင် ဖြစ်ရေ။ (ဘုရားသျှင်ဧ့ ဖြစ်တော်ပေါင်း (၁၃၆)ခု တွင်လည်း မြင်းတစ်ဘဝကျင်လည် ဖြစ်ခပေရေ။ သိဒ္ဓတ္ထမင်းသား တောထွက်ရေအခါ ဖွားဘက်တော်ကဏ္ဍကမှာ ပါရမီဖြည့်ဘက်ဖြစ်ရေ။ မင်္ဂလာဘုရားလောင်း၊ သုဇာတာဘုရားလောင်း၊ အတ္တဒဿီဘုရားလောင်း၊ တိဿဘုရားလောင်းရို့ရေလည်း မြင်းကိုစီး၍ တောထွက်တော်မူခရေ။ သူရိယနီမင်းကြီးရေ မြင်းငါးကောင် က ရေ ရထားကို စီးရေ။ အာဒိကျ နတ်မင်းကြီးရေလည်း မြင်း(၇)ကောင် က ရေရထားကို စီးရေ။ မြင်းရို့ ရေ အဘိအာရုံတရားကို နားရွက်ဖြင့် ဆင်ခြင်သုံးသပ်ကြရေ။ ယင်းကြောင့် မြင်းဧ့နိမိတ်ပုံအဖြစ် မြင်းနားရွက်ကို ဗျာလ်ရုပ်တွင် တပ်ဆင်ထားခြင်းဖြစ်ရေ။ ၈။ ခြင်္သေ့ လက်၊ခြေ၊ခေါင်း၊ လည်ဆံ (သို့မဟုတ်) ကရဝိတ်ငှက်လည်ဆံ ခြင်္သေ့ရေ တောတိရစ ္ဆာန်ရို့ဧ့ သားမင်းဖြစ်ရေ။ အာဒိကပ္ပကျမ်း၌ လူရို့တွင် မဟာသမ္မတမင်းကို တင်ကြရေ။ ငှက်ရို့တွင် ဥဒေါင်းမင်းကို နန်း တင်ကြရေ။ (တချို့ကျမ်း၌ ဟင်္သာမင်းကို နန်းတင်ကြရေဟု ပါရေ။) သားကောင်းအပေါင်းရို့တွင် ခြင်္သေ့ကို မင်းတင်ကြရေဟူ၍ တွိ့ဟိပါရေ။ ခြင်္သေ့မင်းရေ ယူဇနာသုံးထောင် ကျယ်ဝန်းရေ တောကြီးကို အစိုးရရေ။ ခြင်္သေ့လေးမျိုးရို့တွင် ကေသရာဇာခြင်္သေ့မျိုးရေ အကြီးဆုံးဖြစ်ရေ။ ဖားဖား လျားလျား တွဲလွဲကျနီရေ လည်ဆံကိုအကြောင်းပြုပြီး ကေသရာဇာဟု ခေါ် တွင်ခြင်း ဖြစ်ရေ။ အခြားရေ ခြင်္သေ့မျိုးရို့နန့် မတူတင့်တယ်ရဲရင့် ခန့်ငြား လှရေ။

နံနက်မိုးရေက်အလင်းရောက်ရေခါ ဂူတွင်းမှ ထွက်ပြီး ခြေလေး ချောင်းကို စုံရပ်ပြီးကေ အသံကြီးစွာဖြင့် ဟောက်ပြီး ခုန်ရေ။ ခုန်၍ ကျရာ အရပ်၌ပင် ပြန်ဟောက်ကာ ပထမမိမိခုန်ခရေ နီရာသို့ ပြန်ခုန်ရေ။ ဒေနည်းကို အတုယူပြီး ရှေးပညာဟိရို့က စကားပြောနည်း ၄၀တွင် ခြင်္သေ့ဟောက်နည်း (သီဟရာဇာကနည်း)ကို ထည့်သွင်းခကြဧ့။ ခြင်္သေ့ရို့ မည်ရေ သစ္စာဟိရေ။ မည်မျှပင် ငတ်ပြတ်စေကာမူ မြက်ခြောက်ကို ကောက် စားရိုး မဟိ။ သားကောင်ရို့ဧ့အသက်အသားရေသာ သူရို့ဧ့အစာအဟာရ ဖြစ်ရေ။ သစ္စာတရားတည်ကြည်မှုကြောင့် ခြင်္သေ့မင်းရို့ဧ့အဆီရေ သိင်္ဂီ ရွှေခွက်တွင်သာ တည်ရေ။ လေးခန်းဗုဒ္ဓဝင်တွင် ဘုရားသျှင်အား နရသီဟ အဖြစ် ခြင်္သေ့နန့် နှိုင်းယှဉ်ဧ့။ အင်္ဂါဂြိုဟ်မင်းဧ့ စီးတော်ယာဉ်လည်း ဖြစ်ဧ့။ ခြင်္သေ့ခံရေ ပလ္လင်ကို သီဟာသနပလ္လင်၊ သီဟဝါဟနပလ္လင်ဟု ခေါ်ဧ့။ ဘုရားရဟန္တာဘုန်းကံဟိရေ ပုဂ္ဂိုလ်ရို့ရေ သီဟာသနပလ္လင်ပေါ်တွင် ထိုင် ကြရေ။ အာကာသဂဗ္ဘ၊ ဂဏဂဗ္ဘ၊ သီဟနာဒ၊ ဝါဂီသူရ၊ စန္ဒီပဘာဝတီနတ်သမီး၊ ဂေါရီနတ်သမီး၊ သျှာမတာရာ နတ်သမီး ချန္ဒီနတ်သမီး၊ ဟေရမ္ဘနတ်သား စရေ ရို့ရေ ခြင်္သေ့ကို စီးကြရေ။ ဘုရားပုထိုး စေတီတိတွင်လည်း ခြင်္သေ့ရုပ် တိကို ထားဟိရေ။

ရဲရင့်ခြင်း၊ သူရသတ္တိနန့်ပြည့်စုံခြင်း၊ မချွတ်မယွင်းရေ လုံ့လဝီရိယဟိခြင်း၊ စည်းကမ်းစနစ်ကျခြင်း၊ သားရဲတိရစ ္ဆာန်အပေါင်းရို့ကို နိုင်နင်းစွာ စိုးမိုးခြင်း၊ သစ္စာသမာဓိဟိခြင်း၊ သဗ္ဗညုဘုရားသျှင်နန့် ခိုင်းနှိုင်းခံရခြင်း၊ ဘုရားသျှင်နန့် နတ်ဒေ ဝတာအပေါင်းရို့ဧ့ စီးတော်ယာဉ်ဖြစ်ခြင်း စရေရို့ကြောင့် ခြင်္သေ့ဧ့လက်ခြေ ခေါင်း လည်ဆံရို့ကို ဗျာလ်တွင် တပ်ဆင်ထားခြင်း ဖြစ်ရေ။ ယင်းသို့ ခြင်္သေ့ လက်ခြေခေါင်းလည်ဆံ ရို့ကို ထည့်သွင်းရာတွင်လည်း ရုပ်တုတိုင်းတွင် ထည့် သွင်းထုလုပ်ခြင်းမျိုး မဟုတ်ဘဲ လိုအပ်သလို ထည့်သွင်းထုလုပ်ခရေကို တွိ့ ရပေရေ။

ကရဝိတ်ငှက်လည်ဆံ[edit | edit source]

ကရဝိတ်ငှက်ရေ အသံအရာတွင် ပြိုင် ဘက်ကင်းရေ။ သာယာနာပျော်ဘွယ်ဟိဧ့။ လည်ဆံမွှေးရို့ရေလည်း အလွန်လှပ၍ ခြင်္သေ့မင်းဧ့ လည်ဆံကဲ့သို့ ဟိဧ့။ ခြောက်ပါးရေ အရောင်ရို့ ဖြင့် တောက်ပရေ။

မြတ်စွာဘုရားသျှင်ဧ့ အသံတော်ကို ကရဝိတ်ငှက်မင်းဧ့ တွန်မြည်ကျူးရင့် သံနန့် ခိုင်းနှိုင်းကြရေ။ ငှက်မြတ် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ရေ။ မြတ်စွာဘုရားသျှင်ဧ့ (၁၃၆)ဘဝတွင် ကရဝိတ်ငှက် ငါးဘဝပါဟိရေ။ ရေနတ်မင်း ကြီးဧ့ စီးတော်ယာဉ်လည်း ဖြစ်ရေ။ ဘုန်းကံဟိရေ ပုဂ္ဂိုလ်ထူးရို့ရေ ကရဝိတ်ဖောင်တော်ကို စီးကြရေ။ သို့နန့် ဗျာလ်ရုပ်တွင် ကရဝိတ်ငှက်ဧ့ လည်ဆံကို ထည့်သွင်းထုလုပ်ထားခြင်း ဖြစ်ရေ။

ကျားစွယ်[edit | edit source]

ကျားစွယ်ရေ ချွန်ထက်ရေ။ အဆိပ်ပြင်းထန်ရေ။ ဖြူစင်ရေ အဆင်းဟိပြီး ပြောင်လက်မာကြောရေ။ ကျားရေရဲရင့်ရေ အရာ တွင် နီာက်မဆုတ်တမ်း ရဲရင့်ရေ။ အလွန်ရဲရင့်ခြင်း စပ်လျဉ်း၍အသုံးပြုရေ စကားလုံးမှာ ကျားဟူရေ စကားလုံးကို ယနီ့တိုင် သုံးစွဲနီကြသိမ်းရေ။ တင်္နလာဂြိုဟ်မင်းဧ့ စီးတော်ယာဉ်လည်း ဖြစ်ဧ့။ တောဧ့ဘုရင်လည်း ဖြစ်ဧ့။ ရဲရင့်ခြင်း၊ သစ္စာဟိခြင်း၊ မဟုတ်မခံခြင်း၊ ကြောက်မက်ဘွယ်ကောင်းခြင်း၊ သတ္တိ ဟိခြင်း စရေရို့ကို ရည်ရွယ်၍ ဗျာလ်ရုပ်တုတွင် ကျားစွယ်ကို ထည့်သွင်းထု လုပ်ထားခြင်း ဖြစ်ပါရေ။

ဗျာလ်ရုပ်ကို တွိ့ဟိရရေနီရာတိ[edit | edit source]

ဗျာလ်ရုပ်ကို သာသနိက အဆောက်အအုံတိတွင် အတိဆုံး တွိ့ရပါ ရေ။ မင်္ဂလာအခမ်းအနားတိ၌ သုံးစွဲရေ အသုံးအဆောင်ပစ္စည်းတိတွင် လည်း အနည်းငယ် တွိ့ရပါရေ။

အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ တွိ့ဟိရရေ သာသနိက အဆောက်အအုံအချို့ကို တင်ပြပါရေ။

  • (က) သာရပဗ္ဗတစေတီတော်။
  • (ခ ) အံတော်သိမ်ပုထိုးတော်။
  • (ဂ ) သျှစ်ရေင်းပုထိုးတော်။
  • (ဃ) ညီတော်နီာင်တော်ဘုရား။
  • (င ) ရှမ်းတောင်ဘုရား။
  • (စ ) ဘုရားပေါ်မှ ကျောက်ဆေးတံ။
  • (ဆ) ဈေးကြီးအနီး နတ်ကွန်းရို့ဖြစ်ပါရေ။

သာရပဗ္ဗတစေတီတော်[edit | edit source]

သာရပဗ္ဗတစေတီတော်ရေ မြောက်ဦးမြို့ဧ့ မြောက်ဘက်နှစ်ဖာလုံခန့်အကွာ သာရပဗ္ဗတတောင်ထိပ် ပေါ်၌ တည်ဟိရေ။ အိန္ဒိယပြည်သီရိဓမ္မာရေကမင်းကြီးဧ့ စေတီပေါင်းရှစ်ရေင်း လေးထောင်အနက် တစ်ဆူအပါအဝင်ဖြစ်ရေ။ ရခိုင်ဘုရင်သူရိယစက္ကမင်း (ဘီစီ ၃၁၆-၂၇၂)ရေ သီရိဓမ္မာရေကမင်းကြီးထံမှ ဓာတ်တော်မွေတော် ပေါင်း (၄၈)ဆူကို ရယူပြီး ယင်းသရီယဓာတ်တော် မွေတော်ပေါင်း (၄၈)ဆူကို ရခိုင်၌ ဦးစွာတည်ထားကိုးကွယ်ခလီရေ။

ဒေသာရပဗ္ဗတစေတီရေ ယင်း(၄၈)ဆူတွင် တစ်ဆူအပါအဝင် ဖြစ် ရေ။ သူရိယစက္က တည်ထားကိုးကွယ်ခရေ စေတီတော်မှာ မူလက နွားလားဥဿဘတစ်မော့ခန့် ဟိရေ။ ခေတ်ဦးပိုင်းတွင် တည်ထားကိုးကွယ်ခ ရေ စတုဂုမ္ဘ (ှအကစေ)ပုံစံမျိုးဖြစ်ရေ။ ယင်းစေတီတော်ကို တတိယဝေသာလီမြို့ ထီးတည်နန်းတည်ဘုရင် မဟာသူရိယတိုင်း စန္ဒြားမင်းကြီး (အေဒီ ၃၂၇-၃၈၂)ရေ (၄၈)ဆူရေ ဘုရား သျှင်ဧ့ ဓာတ်တော်မွေတော်တိကို စေတီတော်ကြီးတိအဖြစ် မွမ်းမံတည် ဆောက်ခရေ။ ဒေသာရပဗ္ဗတစေတီတော်ဆိုလည်း အမျိုးမျိုးရေ ရုပ်လုံး ရုပ်ြွကရို့ဖြင့် အိန္ဒိယပြည် ဗုဒ္ဓဂါယာဟိ မဟာဗောဓိစေတီပုံသဏ္ဌာန်မျိုး တည် ဆောက်ခရေ။ ထိုသာရပဗ္ဗတစေတီတော်ကြီးဧ့ မုခ်တံကဲထိပ်စီးကျောက် တုံးပေါ်တွင် ဗျာလ်ရုပ်တု တစ်ဖက်တစ်ကောင် တွိ့ဟိရပါရေ။

ယင်းမုခ်တံကဲထိပ်စီးကျောက်တုံးကြီးတိရေ မသမာသူရို့ဧ့ ဖျက်ဆီးမှုကြောင့် ယခုအခါ ပျက်စီးယိုယွင်းကာ မြေဝယ်ခလျက် ဟိပါရေ။ မဟာသူရိယတိုင်းစန္ဒြားမင်းကြီး ထပ်မံတည်ဆောက်စဉ်က ထုလုပ်ခရေ ကျောက်ဆစ်လက်ရာတိတွင် ဗျာလ်ရုပ်တုကို တွိ့ဟိရသဖြင့် ဗျာလ်ရုပ်ရေ ရခိုင်၌ ဝေသာလီခေတ်ကပင် ထုလုပ်နီပြီဟု ဆိုနိုင်ပါရေ။ ဒေသာရပဗ္ဗတ စေတီတော်ကို မြောက်ဦးခေတ် နရနုစောမွန် (မင်းခရီ) (အေဒီ ၁၄၃၃-၁၄၅၉) လက်ထက်တွင် တစ်ကြိမ်၊ မင်းပါကြီး (အေဒီ ၁၅၃၁-၁၅၅၃)လက်ထက်တွင် တစ်ကြိမ် မွမ်းမံပြုပြင်ခကြောင်း သိရပါရေ။ မြတ်စွာဘုရားသျှင်ဧ့ ရင်အုံတော် ဓာတ်ကို ဌာပပနာပြု၍ တည်ထားကိုးကွယ်ခရေ။ ဗျာဒိတ်ဝင်ဓာတ်သမိုင်း (ပေမူ)တွင်- သာရပဗ္ဗတော၊ တောင်ထိပ်ကြော၌၊ သပ္ပေါအစစ်၊ ငန်းမင်းဖြစ်၍၊ မွေနှစ်ဓာတ်ကျော်၊ ရင်အုံတော်ဟု၊ ခေါ်တွင်လီဘိ--ဟူ၍ တွိ့ရရေ။

အံတော်သိမ်ပုထိုးတော်ကြီး[edit | edit source]

အံတော်သိမ်ပုထိုးတော်ကြီး သျှစ်ရေင်းပုထိုးတော်ကြီး မြောက်ဘက် (၈၆)ပေအကွာတွင် တည်ဟိရေ။ မူလက ဒေနီရာတွင် ဘုရင်မင်းလှရာဇာစောမွန် (အေဒီ ၁၅၀၁-၁၅၁၃)ရေ။ သက္ကရာဇ် (၈၆၃)(အေဒီ ၁၅၀၁)ခုနှစ်တွင် ဆင်းတုတော်တစ်ဆူကို တည်ထား ကိုးကွယ်ခရေ။ ဘုရင်မင်းရာဇာကြီး (အေဒီ ၁၅၉၃-၁၆၁၂)လက်ထက် သက္ကရာဇ် ၉၅၈ ခု (အေဒီ ၁၅၉၆)ခုနှစ်တွင် မင်းရာဇာစောမွန် တည်ထားခရေ ဆင်းတုတော် ကို ခြုံပြီး လက်ဟိ အံတော်သိမ်ပုထိုးတော်ကို တည်ထားခရေ။ ပုထိုးတော် ကြီး၌ ဘုရင်မင်းပါကြီး သီဟိုဠ်ကျွန်းမှ ပင့်ဆောင်ယူလာခရေ မြတ်စွာဘုရား သျှင်ဧ့ အံတော်သစ်ဆူကို ဋ္ဌာပနာတော်မူခရေ။ ထို့ကြောင့် အံတော်သိမ်ဟု ခေါ်တွင်ရေ။ အံတော်သိမ်ပုထိုးတော်ကြီးအတွင်းဟိ လှိုင်ထပ်ပင်မနံရံတွင် ပလ္လင်(၈)ခန်း မုခ်ဖွင့် တံကဲပုံစံတိ ထုလုပ်ထားရေ။ မုခ်ဖွင့်တံကဲတိုင်းတွင် မုခ်ဦးထိပ်စည်း တစ်ဘက်တစ်ချက်စီ၌ ဗျာလ် ရုပ်တုကို တစ်ဘက်တစ်ကောင်စီ ထုလုပ်ထားရေ။ မုခ်ဖွင့်ဂူငယ်အတွင်းတွင် ဈာန်သိုင်းကိုယ်တော်၊ ကြာသင်္ကန်းဝတ်ထားရေ ကိုယ်တော်တိ စံပါယ် လျက်ဟိကြရေ။

သျှစ်ရေင်းပုထိုးတော်ကြီး[edit | edit source]

သျှစ်ရေင်းပုထိုးတော်ကြီးရေ မြောက်ဦးမြို့မြောက်ဘက် မိုင်ဝက်အကွာ ဖိုးခေါင်တောင်ကလပ်တွင် တည်ဟိ ရေ။ ဘုရင်မင်းပါကြီးရေ သက္ကရာဇ် ၈၉၇ (အေဒီ ၁၅၃၆ ) တန်ဆောင် မုန်းလပြည့် စနီနီ့တွင် တည်ထားကိုးကွယ်ခရေ။ ဓမ္မက္ခန္ဓာပေါင်း ရှစ် ရေင်းလေးထောင်ကို ရည်စူးပြီး ဓာတ်တော်မွေတော်ပေါင်း ရှစ်ရေင်းလေး ထောင်၊ ဆင်းတုတော်ပေါင်း ရှစ်ရေင်းလေးထောင်ရို့ကို ဌာပနာခရေ။ ယင်းရှစ်ရေင်းလေးထောင်မှ လေးထောင်ကို ဖြုတ်ကာ ရခိုင်လီသံဖြင့် သျှစ် ရေင်းဟု ခေါ်တွင်ရေ။

ဘုရင်မင်းပါကြီးရေ အနီာက်ဘင်္ဂါ တစ်ဆယ့်နှစ်တိုင်းနန့် ပေါ်တူဂီရေ တပ်မတော်ကြီးကို အောင်နိုင်ရေ အထိမ်းအမှတ်အဖြစ် ကိုးကွယ်ရေ ပုထိုး တော်ကြီးဖြစ်နီရေကြောင့် ရန်အောင်ဇေယျပုထိုးတော်ကြီးဟုလည်း ခေါ် ရေ။ သျှစ်ရေင်းပုထိုးတော်ကြီးဧ့ လိုဏ်ဂူတော်နံရံတိပေါ်တွင် ကျောက် ဆစ်ရုပ်လုံး ရုပ်ြွကပေါင်းတိစွာရို့ကို ထုလုပ်ထားရေ။ စတုတ္ထလိုဏ်ဂူတော် နံရံ သုံးမျက်နှာလုံးတွင် ဗျာလ်ရုပ်တုပုံစံအမျိုးမျိုး တွိ့နိုင်ပါရေ။ (ဃ) ညီတော်နီာင်တော်ဘုရား။ ။ ညီတော်နီာင်တော်ဘုရားရေ မြောက်ဦးမြို့အရှေ့ဘက် မိုင်ဝက်ခန့်အကွာတွင် တည်ဟိရေ။ ဘစောဖြူမင်း ကြီးဧ့ သားတော်တိက တောင်တန်းတစ်လျှောက် ကျောက်ညိုဆင်းတုတော် ကြီးတိကို တည်ထားကိုးကွယ်ခ၍ ညီတော်နီာင်တော်ဘုရားဟု ခေါ်တွင် ရေ။ ယင်းမှ ဆင်းတုတော်နှစ်ဆူမှာ ယခုအခါ မြောက်ဦးမြို့ သျှစ်ရေင်းပုထိုး တော်ကြီးသို့ ရောက်ဟိနီပြီ ဖြစ်ရေ။ ၁၉၉၃-ခုနှစ်အတွင်းက မြောက်ဦးမြို့ နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရီးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစံသျှင်း လက်ထက်တွင် ပြောင်းရွှေ့ရေ။ ဒေဆင်းတုတော်ကြီးတစ်ဆူဧ့ ပလ္လင်ပေါ်တွင် ဗျာလ်ရုပ်တု ငယ်တိ ပါဟိရေ။

ရှမ်းတောင်ဘုရား[edit | edit source]

ဒေဘုရားရေ မြောက်ဦးမြို့မြောက်ဘက် တစ်မိုင်ခန့်အကွာ တေဇာရာမစေတီတော်အနီး တောင်ထိပ်တွင် တည်ဟိရေ။ မြောက်ဦးခေတ် မင်းပါဘုရင် (အေဒီ ၁၅၃၁-၁၅၅၃)လက်ထက် တည်ထားကိုး ကွယ်ခရေ။ လွန်ခရေ ၁၉၈၄ခုနှစ်က မသမာသူတိရေ ဒေစေတီတော် ဧ့ ဌာပနာကို ဖောက်ထွင်းခကြရေ။ ထို့ကြောင့် ဌာပနာဆင်းတုတော်တိ မြောက်တိစွာ ပေါ်ထွက်ခရေ။ ဌာပနာ ကြေးသွန်းမုခ် တံကဲငယ်နှစ်ခုဧ့ မုခ်ထိပ်စည်တွင် ဗျာလ်ရုပ်ငယ်တစ်ဘက်တစ်ရုပ်စီ ပါဟိကြရေ။ ゞင်းမုခ်တံကဲ ငယ်နှစ်ခုမှာ ယခုအခါ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်၌ သိမ်း ဆည်းပြသထားပါရေ။

ဘုရားပေါ်မှ ကျောက်ဆေးတံ[edit | edit source]

မြောက်ဦးမြို့ ဘုရားပေါ်ဘုန်း

တော်ကြီးကျောင်းဟောင်း ဗုဒ္ဓပြတိုက်တွင် မြောက်ဦးခေတ်သုံး ကျောက်ဆေး တံတစ်ခုဟိရေ။ ကျောက်ဆေးတံဧ့ ဘေးတစ်ဘက်တစ်ချက်စီတွင် ဗျာလ် ရုပ် တစ်ဘက်တစ်ရုပ် ပါဟိရေ။ ဒေဆေးတံမှာ မြောက်ဦးခေတ်က အာဝါဟ ဝိဝါဟထိမ်းမြားမင်္ဂလာ အခမ်းအနားတွင် မင်္ဂလာသရို့သား သရို့သမီးရို့ ရေက်သုံးကြရေ ဆေးတံဖြစ်ရေ။ ရခိုင်မင်္ဂလာဆောင် အခမ်းအနားတွင် ရှေးဦးစွာ သရို့သားက သရို့သမီးအိမ်သို့ အခမ်းအနားဖြင့် လိုက်ပို့ကြရရေ။ ယင်းကို သမက်တက်ရေဟု ခေါ်ရေ။ သမက်တက်လိုက်ပို့ရေအခါ မင်္ဂလာဟိရေ့ အိမ်ထောင်စုံ အမျိုးသမီးကြီး ကိုးဦးရို့က မင်္ဂလာအုပ်(ဆွမ်း အုပ်) ကိုးလုံးရို့ကို ရွက်ချီလားကြရပါရေ။ ယင်းအုပ်ကိုးလုံးအနက် တစ်လုံး ရေအုပ်တွင် ထိမ်းမြားမင်္ဂလာဆောင်ပြီးရေအခါ၌ သရို့သားသရို့သမီးရို့ ရေက်သုံးရန် မင်္ဂလာဆေးရွက်ကြီးတိ၊ (ဆီးနှစ်ပျစ်)ပါဟိရေ။ ယင်းဆေး ရွက်ကြီးတိကို မင်္ဂလာဆေးတံဖြင့် ရေက်သုံးရရေ။ ဒေဆေးတံမှာ မင်္ဂလာ ဆောင်တွင် ရေက်သုံးရေဆေးတံဖြစ်၍ မင်္ဂလာဟိရေ ဗျာလ်ရုပ်တုကို ထည့်သွင်းထုလုပ်ထားခြင်း ဖြစ်ရေ။

ဈေးကြီးတံခါးအနီးဟိနတ်ကွန်း[edit | edit source]

မြောက်ဦးမြို့အနီာက်ဘက် နန်းမြို့ ရိုးဟိ ဈေးကြီးတံခါးအနီး နတ်ကွန်းမှ (၁၉၆၀)ခုနှစ်အတွင်းက အလွန်လက်ရာ မြောက်ရေ ဗျာလ်ရုပ်တုတစ်ခုကို ရဟိခရေ။ ယင်းဗျာလ်ရုပ်တုငယ်မှာ ယခု အခါ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်တွင် ထိန်းသိမ်းပြသထားပါ ရေ။ နန်းမြို့ရိုး၊ ဈေးကြီးတံခါးနန့် နတ်ကွန်းရို့မှာ မြောက်ဦးမြို့ ထီးတည် နန်းတည် ဘုရင်မင်းစောမွန် (အေဒီ ၁၄၃၀-၁၄၃၃)လက်ထက် တည်ဆောက် ခရေ အဆောက်အအုံတိ ဖြစ်ကြရေ။ အဆိုပါ နန်းမြို့ရိုး၊ ဈေးကြီးတံခါးနန့် နတ်ကွန်းရို့မှာ အင်္ဂလိပ်အစိုးရလက်ထက် လမ်းဖောက်လုပ်ရာ၌ ပါဝင်ပျက်စီး လားရေကြောင့် ယခုအခါ လုံးဝပြိုပျက်လားပြီ ဖြစ်ရေ။[1]

ကိုးကား[edit | edit source]

  1. ရခိုင်ဗျာလ် (MYTHICAL ANTELOPE)၊ တက်ထွန်းနီ(မြောက်ဦး)၊ June, 1994

    မှီငြမ်းကိုးကားသော စာအုပ်စာတမ်းများ[edit | edit source]

      • ၁။ ဓမ္မဂန်ပူရာဏ်နှင့် အာဒိကပ္ဖကျမ်း (ပေမူ)
      • ၂။ မဟာရာဇဝင်ဟောင်း (ပေမူ)
      • ၃။ ဗျာဒိတ်ဝင်ဓာတ်တော်ဘုရားသမိုင်းကျမ်း (ပေမူ)ရခိုင်ဂဏန်းသင်္ချာကျမ်း (ပေမူ)
      • ၄။ သာထွန်းအောင် (ဦး) ရခိုင်မဟာရာဇဝင်တော်ကြီး။ ရခိုင်ပြည်စာပုံနှိပ်တိုက်။ ၁၂၈၈ ခုနှစ်။
      • ၅။ စန္ဒမာလာလင်္ကာရ ရာဇပက္ကမသခေပကျမ်း။ ဂုဏဝတီစာပုံနှိပ်တိုက်။ မန္တလေးမြို့။ ၁၂၉၃ ခုနှစ်။
      • ၆။ စန္ဒမာလာလင်္ကာရ (ဦး) ရခိုင်ရာဇဝင်သမိုင်းသစ်ကျမ်း။(ဒုတိယအုပ်)။ ဟံသာဝတီပိဋကတ်စာပုံနှိပ်။မန္တလေးမြို့၊ ၁၂၉၃ ခုနှစ်။
      • ၇။ ဦးသာထွန်း(ဦး) မြောက်ဦးမြို့ဘုရားသမိုင်း၊ ပြည်တော်သာပုံနှိပ်တိုက်။ ၁၉၄၀- ပြည့်နှစ်။ ရန်ကုန်မြို့။
      • ၈။ မင်းသုဝဏ် (ဆရာ) လောကသာရပျို့၊ ၁၉၅၅ ခုနှစ်။
      • ၉။ စပ်ထွန်းမှတ်ဝင်း မြန်မာ့ရိုးရာ ပဋိမာသိပ္ပံ ပညာအာသနပလ္လင်တော်နှင့် ဝါဟာနစီးတော်ယာဉ်များ။သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ရန်ကုန်မြို့၊ ၁၉၈၁ ခုနှစ်။
      • ၁၀။ သင်္ခ(မောင်) ရုပ်ပွားတော်ကိုးကွယ်မှုနှင့် အကျိုးအာနိသင်များ။ စာလုပ်ငန်းပုံနှိပ်တိုက်။ရန်ကုန်မြို့။ ၁၉၇၇ ခုနှစ်။
      • ၁၁။ မြင့်ဆွေ(ဦး) ဇာတ်တော်ငါးရာ့ငါးဆယ်။ ဇွဲစာပုံနှိပ်တိုက်။မဟာဝိဇ္ဇာ၊ လန်ဒန်။ ရန်ကုန်မြို့၊ ပဉ္စမအကြိမ်၊ ၁၉၈၅ ခုနှစ်။
      • ၁၂။ ဦးသာထွန်း (ဦး) ရခိုင်ရာဇဝင်ကျမ်း (မူကြမ်း)
      • ၁၃။ ဦးသာထွန်း (ဦး) ဗျာလ်စာတမ်း (မူကြမ်း)
      • ၁၄။ တက်ထွန်းနီ မြောက်ဦး၊ မြောက်ဦးမြို့ ထင်ရှားသော ဘုရားများ သမိုင်းအကျဉ်းနှင့် ဘုရားဖူးလမ်းညွှန် အမှတ်စဉ်(၁)။ငွေပဒေသာပုံနှိပ်တိုက်။ ရန်ကုန်မြို့။
      • ၁၅။ Gutaman Pamela Ancient Arakan.
      • Ph,D Thesis, Australian National University , 1976. Unpcib lished.
      • ၁၆။ San Tha Aung The Budathist Art of Ancient Arakan
      • 1979.
      • ၁၇။ Internal India (E.A Nawrath) 1956.
      • ၁၈။ Indan Art (K. Bharatha Iyer) 1958.
      • ၁၉။ Antiquenty of Arahan Dr. For Chamma.
      • ၂၀။ Indian Architecture (The Islanic Periaod. By Perey Biown,

    1942)