Jump to content

Wp/rki/ဒီဇင်ဘာယာဉ်စွန်းချိန်

From Wikimedia Incubator
< Wp | rki
Wp > rki > ဒီဇင်ဘာယာဉ်စွန်းချိန်

ဒီဇင်ဘာယာဉ်စွန်းချိန် (သို့) တောင်ယာဉ်စွန်းချိန် (သို့) ဆောင်းယာဉ်စွန်းချိန်ဟု ခေါ်ရေ ဒက္ခိဏယာဉ်စွန်းချိန် (December Solstice) ရေ ဒီဇင်ဘာလ တကြိမ် ကျရောက်တိုင်း ဂရီဂိုးရီးယန်းပြက္ခဒိန်အရ ၎င်းလဧ ၂၀ ရက်နန့် ၂၂ ရက်နိကြားတွင် ပုံမှန် ကျရောက်လေ့ ဟိရေ ယာဉ်စွန်းချိန် ဖြစ်ရေ။ ဒက္ခိဏယာဉ်စွန်းချိန်ရေ တောင်ကမ္ဘာလုံးခြမ်းအနီနန့် ကြည့်ကေ နွေယာဉ်စွန်းချိန် (summer solstice) ဖြစ်နီပြီးကေ၊ မြောက်ကမ္ဘာလုံးခြမ်း အနိန်နန့် ဆောင်းယာဉ်စွန်းချိန် (winter solstice) သာ ဖြစ်လီရေ။ ပါဠိဝေါဟာရအနိန်နန့် ဒက္ခိဏရေ ရခိုင်ပိုင် တောင်အရပ်ကို ဆိုလိုပြီးကေ၊ ဒက္ခိဏယာဉ်စွန်းတန်းရေ တောင်ယာဉ်စွန်းတန်းပင် ဖြစ်ရေ။ တောင်ယာဉ်စွန်းတန်း ဟိသပိုင် မြောက်ယာဉ်စွန်းတန်းလည်း ဟိရေ။ ဒီဇင်ဘာလတွင် ၂၀ ရက်နန့် ၂၂ ကြားတွင် နီရောင်ခြည်ရေ တောင်ယာဉ်စွန်းတန်းပေါ် တည့်မတ်စွာ ကျရောက်ရေကို အစွဲပြုပနာ ဒက္ခိဏယာဉ်စွန်းချိန်ဟု ခေါ်ဝေါ်ရေ။

ရက်စွဲတိ

ယူနီဗာဆယ်ချိန်အရ၊ မကြာသိမ်းခင်က အတိတ်နန့် အနာဂတ် နိစွဲနန့် အချိန် တကွ ကျရောက်ရေ ဒီဇင်ဘာယာဉ်စွန်းချိန်တိမှာ [1]

ရက်စွဲ အချိန်
2000-12-21 13:37
2001-12-21 19:21
2002-12-22 01:14
2003-12-22 07:04
2004-12-21 12:42
2005-12-21 18:35
2006-12-22 00:22
2007-12-22 06:08
2008-12-21 12:04
2009-12-21 17:47
2010-12-21 23:38
2011-12-22 05:30
2012-12-21 11:12
2013-12-21 17:11
2014-12-21 23:03
2015-12-22 04:48
2016-12-21 10:44
2017-12-21 16:28
2018-12-21 22:23
2019-12-22 04:19
2020-12-21 10:02

နီနှစ်

ဒက္ခိဏယာဉ်စွန်းချိန် နီနှစ်ဆိုစာမှာ ဒီဇင်ဘာယာဉ်စွန်းချိန် ပေါ် အခြီတည်ထားရေ နီနှစ်ပင် ဖြစ်ရေ။ သို့ဖြစ်ပနာ ကပ်လျက် ဒီဇင်ဘာယာဉ်စွန်းချိန် နှစ်ခုကြားဟိ အချိန်ကာလကို ညွှန်းရေ။

ဒက္ခိဏယာဉ်စွန်းချိန်အတိုင်းအတာရေ ဘီစီ ၆၀၀၀ နန့် ၂၀၀၀ ကြားတွင် ၄၉ မိနစ် ၃၀ စက္ကန့်၌  ၃၆၅ ရက်နန့် ၅ နာရီကြာ ပိုရေအားနန့် မိနစ် ၅၀ အထိ နှိုင်းရ တည်ငြိမ်နီခပြီးကေ ဖြစ်ရေ။ ၂၀၀၀ ပြီးကေနောက် ၎င်းကာလရေ ပိုပနာ တိုတောင်းလာရေ။ သက္ကရာဇ် ၄၀၀၀ တွင် ပိုလျှံရေ အချိန်မှာ ၄၈ မိနစ် ၅၂ စက္ကန့် ဖြစ်ပြီးကေ၊ သက္ကရာဇ် ၁၀၀၀၀ တွင် ၄၆ မိနစ် ၄၅ စက္ကန့် ပိုလျှံလီဖို့ ဖြစ်ရေ။ [2]

ဒက္ခိဏယာဉ်စွန်းချိန် ရက်၌ ကြာရေ အချိန်ကာလ

Template:Wp/rki/December solstice

လူရို့ ယဉ်ကျေးမှု

ပြက္ခဒိန်တိ

ဇယားတိဟိ ပုံပန်းကို ကြည့်ကေ ဒက္ခိဏယာဉ်စွန်းချိန်ဧ တနှစ်တာ အမှန်တကယ် ကြာချိန်ကို အကိုးအကားပြုရာတွင် ဂရီဂိုးရီးယန်းပြက္ခဒိန်နန့် ပါရှန်း ဂျလားလိပြက္ခဒိန်ရို့ကြား ကွဲလွဲမှုတိ ဟိရေကို ပြသနီရေ။ အမှားအယွင်းအချေရေ တနှစ်ကေ လေးပုံတပုံ ရက်အချိန်ထက် မသိမသာ လျော့နည်းစွာ ရွိ့လျားနီရေ ဖြစ်ရာ ဂရီဂိုးရီးယန်းပြက္ခဒိန်က ၎င်းကို လေးနှစ်မြောက်တိုင်း ရက်ထပ်နှစ်အဖြစ်နန့် ပြုပြင်ခပြီးကေ၊ ပြက္ခဒိန်ဧ နှစ်တနှစ် ပျမ်းမျှ ကြာချိန်ကို ၃၆၅ ရက်နန့် ၄၀၀ ပုံ ၉၇ ပုံ ဖြစ်နီစီရန် ဒေပိုင် ပြုပြင်မှုမျိုးကို နှစ်ပေါင်းလေးရာအတွင်း သုံးကြိမ် ချန်ရစ်ထားခရေ။ ထိုစဉ် ပါရှန်းပြက္ခဒိန်တွင် ရှစ်နှစ်မြောက် နှစ်ထပ်ရောက်တိုင်း (Every eighth leap-cycle) ငါးနှစ်တာနန့် ညီမျှအောင် ပြုပြင်ခပြီးကေ၊ ပျမ်းမျှ ၃၆၅ ရက်နန့် ၃၃ ပုံ ၈ ပုံသာ ကွာခြားအောင် ပြုအတွက်နန့်၊ နှစ်ပေါင်း ၁၃၂၀၀ ကြာတိုင်း ဂရီဂိုးရီးယန်းထက် တရက်သာ ပိုတိုတောင်းလီဖို့။

ယာဉ်စွန်းချိန်ဧ ရက်စွဲရေ အနောက်ကျဆုံး နီထွက်ချိန် ရက်စွဲနန့် မတူသပိုင်ပင် နှစ်မျိုးစလုံးရေ အစောဆုံး နီဝင်ချိန် ရက်စွဲနန့်လည်း မတူပါချေ။ ကမ္ဘာရေ နီပတ်လမ်းတလျှောက် ရွိ့လျားနီရေကြောင့်၊ နီရက် (Solar day)တရက်စီအတွက် ကမ္ဘာရေ လည်ပတ်ခြင်း ပြည့်ဝရေထက် ပိုပတ်ရရေ။ ကမ္ဘာရေ ဘဲဥပုံ လှည့်ပတ်ခြင်း ဖြစ်ရေကြောင့် ၎င်းပတ်လမ်းတလျှောက် လားရေအဟိန်ရေ ပြောင်းလဲလားရေ။ အကျိုးဆက်အနီနန့်၊ နီရက်တိရေ တနှစ်ပတ်လုံး တူညီရေ အချိန် မရဟိတော့ချေ။ ပျမ်းမျှအချိန် (Mean time) ဆိုစာမှာ ဥပမာ တူညီရေ အချိန်ကာလ ၂၄ နာရီဟု သတ်မှတ်လိုက်ခြင်းနန့် ကျွန်ုပ်ရို့ တွက်ချက်ရ လွယ်ကူအောင် ပြုလိုက်ခြင်း နည်းတမျိုး ဖြစ်ရေ။ အဆုံးစွန် ပြင်ဆင်ခြင်း (အချိန်အီကွေးသျှင်းကို ကြည့်) မှာ ပျမ်းမျှထက် ၁၅ မိနစ် အလျော့အတင်း ပေါင်းနှုတ်ခြင်း ဖြစ်ကေလည်း ယာဉ်စွန်းချိန်တိ ကျရောက်ခါနီးတွင် ထိုတန်ဖိုးရေ ကေမြန်စွာ ပြောင်းလဲလေ့ဟိရေ။ အကယ်ပနာသာ ပျမ်းမျှအချိန်၊ အနောက်ကျဆုံး နီထွက်ချိန်နန့် အစောဆုံး နီဝင်ဆုံးရို့ထက် နီချိန် (Solar time)ကို အသုံးပြုရေကြောင့် မြောက်ကမ္ဘာခြမ်း၌ ဒက္ခိဏယာဉ်စွန်းချိန်တွင် အတိုဆုံး ရက် ဖြစ်လားကေ၊ အစောဆုံး နီထွက်ချိန်၊ နောက်အကျဆုံး နီဝင်ချိန်နန့် အရှည်ဆုံး ရက်ရေ ဆန့်ကျင်ဘက်အနီနန့် တောင်ကမ္ဘာခြမ်းတွင် မှန်ကန်လီဖို့။

အထိမ်းအမှတ်နိတိ

  • ကရင်နှစ်သစ်ကူးနိ
  • ခရစ္စမတ်
  • ဆောင်းရာသီ မုန့်လုံးရေပေါ်ပွဲတော် (တရုတ်လို တုန်းကျိဟု ခေါ်ပနာ အဓိပ္ပာယ်မှာ ဆောင်းယာဉ်စွန်းချိန်ပွဲတော် ဖြစ်ပြီးကေ တရုတ်ကိုရီးယားဂျပန်နန့် ဗီယက်နမ်တွင် ဆင်နွဲကတ်ရေကို တွေ့ဟိရရေ။ ၂၀၁၇ ခုနှစ်တွင် ဒီဇင်ဘာ ၂၂ ရက်၌ ကျရောက်ပြီးကေ၊ ၂၀၁၆ တွင် ဒီဇင်ဘာ ၂၁ ၌ ကျရောက်ခကာ ပျမ်းမျှ ကျရောက်နိုင်ရေ ကာလအပိုင်းအခြားမှာ ၂၁ မှ ၂၃ ရက်အတွင်း ဖြစ်ရေ)

ဆက်စပ်ရေ ဝေါဟာရ

  • နိညညီချိန် (equinox)
  • နွေဦးနိညညီချိန် (March equinox)
  • ဆောင်းဦးနီ့ညညီချိန် (September equinox)
  • ယာဉ်စွန်းချိန် (Solstice)
  • နွေယာဉ်စွန်းချိန် (Summer solstice)
  • ဆောင်းယာဉ်စွန်းချိန် (Winter solstice)

ကိုးကား

  1. Lua error in Module:Wp/rki/Citation/CS1/Utilities at line 38: bad argument #1 to 'ipairs' (table expected, got nil).
  2. Lua error in Module:Wp/rki/Citation/CS1/Utilities at line 38: bad argument #1 to 'ipairs' (table expected, got nil).