Jump to content

Wp/rki/ထူပါရုံစေတီ

From Wikimedia Incubator
< Wp | rki
Wp > rki > ထူပါရုံစေတီ

မြောက်ဦးမြို့တွင် လောင်ဗွန်းပြောက်စေတီ၏ မြောက်ဘက်တွင် ကပ်လျက်ရှိသည့် ထုချွန်ပုံ ရှစ်မြှောင့်စေတီ ဖြစ်သည်။ ထူပါရာမစေတီလည်း ဟူ၏။ မြောက်ဦးဘုရင် မင်းရန်အောင်က ၁၄၉၄ ခုတွင် တည်ခဲ့သည်။ ထူပါရုံကျောင်းတိုက်မှာ ကျောင်းတိုက်ကြီးသုံးဆယ်ဝင် ဖြစ်သည်။ မဟာဝိဟာရ တောင်ညိုကျောင်းတိုက်လည်း ဟူ၏။ ဤစေတီရှိရာအရပ်ကို မြောက်ဦးဘုရင်တို့သည် အောင်မြေနင်းရာ မင်္ဂလာအရပ်ဟု သတ်မှတ်ခဲ့ကြသည်။ ဝင်းတော်နှစ်ထပ်ကြားတွင် မင်းဖလောင်းက ဇီဝိတဒါန တိုင်းရင်းဆေးရုံတစ်ခုကို ဖွင့်ထားခဲ့သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)