Wb/my/Cookbook:မုန့်လုံးရေပေါ်

From Wikimedia Incubator
< Wb‎ | my
Wb > my > Cookbook:မုန့်လုံးရေပေါ်

မုန့်လုံးရေပေါ်သည် ကောက်ညှင်းဖြင့် ပြုလုပ်သည့် မြန်မာ့ သွားရည်စာ တစ်မျိုးဖြစ်သည်။

ပါဝင်သောပစ္စည်းများ[edit | edit source]

  1. ကောက်ညှင်း - ၅ နို့ဆီဘူး
  2. ဆန်ကြမ်း - ၁ နို့ဆီဘူး
  3. ဆား - ၁ လက်ဖက်ရည်ဇွန်း
  4. ထန်းလျက် - ၂ဝ ကျပ်သား
  5. အုန်းသီး (ခြစ်ပြီး) - ၂ လုံး

ပြုလုပ်ပုံအဆင့်အဆင့်[edit | edit source]

ကောက်ညှင်းဆန်နှင့် ဆန်ကြမ်းကို တစ်ညရေစိမ်ပြီး ကြိတ်ဆုံတွင် ကြေညက်အောင်ကြိတ်ကာ အဝတ်အိတ်တွင် ထည့်လျက်အပေါ်မှနေ၍ အလေးဖိကာ ရေစစ်ထားပါ။ မုန့်နှစ်သားကို ဆားထည့်ပြီး အစေးပေါက်ကာ ပျော့ပျောင်းလာသည်အထိ နယ်ထားပါ။ ရလာသည့် မုန့်ညက်သားကို ကွမ်းသီးလုံးအရွယ် အလုံးလေးများ ပြုပါ။ အတုံးငယ်လေးများအရွယ် လှီးထားသည့် ထန်းလျက်တုံးလေးကို မုန့်လုံးအတွင်းဌာပနာပေးပါ။

မုန့်ပြုတ်ရန်အတွက်[edit | edit source]

အိုးကြီးတွင် ရေသုံးပုံးထည့်ပြီး ဆူအောင်တည်ပါ။ ပွက်ပွက်ဆူမှသာလျှင် မုန့်လုံးလေး များကို ဖြန့်ထည့်ပေးပါ။ မုန့်လုံးလေးများကျက်နပ်လာလျှင် အလိုအလျောက် ရေမျက်နှာ ပြင်ပေါ်သို့ ထင်ရှားစွာ ပေါ်တက်လာပါမည်။ ပေါ်လာသည့် မုန့်လုံးလေးများကို ဆန်ခါတပ် ယောင်းမဖြင့် ဆယ်ယူပြီး ရေအေးထည့်ထားသည့် အိုး (သို့မဟုတ်) ဇလုံထဲသို့ ပြောင်းထည့်ပါ။ ကျန်မုန့်လုံးများကိုလည်း ဤနည်းအတိုင်း ဆက်၍ ပြုလုပ်ပေး သွားရပါမည်။ ကျက်ပြီးရေအေးစိမ်ထားသည့် မုန့်လုံးများကို ပြန်ဆယ်ယူကာ ဆန်ခါစစ်ပေါ် ပြောင်းထည့်ထားပါ။ ရေများစစ်သွားလျှင် ပန်းကန်တွင်ပြင်ပြီး အုန်းသီးမျှင်များ ဖြူး၍စားနိုင်ပါသည်။

ပြုလုပ်ပုံများ[edit | edit source]