Wb/my/Cookbook:ခေါက်ဆွဲသုပ်

From Wikimedia Incubator
< Wb‎ | my
Wb > my > Cookbook:ခေါက်ဆွဲသုပ်

ပါဝင်ပစ္စည်းများ[edit | edit source]

(တစ်ဒေသနှင့် တစ်ဒေသ ပါဝင်သော ပစ္စည်းများ မတူကြပါ

ပြုလုပ်ပုံ[edit | edit source]

ခေါက်ဆွဲသုပ်ခြင်းသည် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိနိုင်သလို အရသာခံစားမှု အကြိုက်မတူညီကြပေ။ ပထမဦးစွာ နှစ်သက်သော ခေါက်ဆွဲအမျိုးအစားကို ရွေးချယ်ရမည်ဖြစ်သည်။ အသင့်စားခေါက်ဆွဲအစိုနှင့် ခေါက်ဆွဲခြောက် နှစ်မျိုးရှိ၍၊ ခေါက်ဆွဲအခြောက်အား ဖေါ်ပြပေးပါမည်။ ခေါက်ဆွဲခြောက်အား ရေနွေးဆူဆူတွင်ဦးစွာပြုတ်ပါ၊ ခေါက်ဆွဲဖက်သည် အထဲမှအသားများ(အဆံ)နူးလျှင် ဇကာဖြင့်စစ်၍ရေအေးလောင်း၍ အအေးခံပါ။ ထိုသို့အအေးခံနေစဉ်အတွင်း အရောင်ရလိုပါက ကြာညှို့(အနောက်ရည်)၊ ပဲငံပြာရည်တို့ဖြင့် အရောင်ရယူနိုင်သည်။ ထိုအရာများသည် ခေါက်ဆွဲ၏ အရသာကို အနည်းငယ်အလေး(အငံ)ဓါတ်ပိုစေသည်။ ခေါက်ဆွဲအား ဆီစိမ်းအနည်းငယ်ဖြင့် ကြိုတင်နယ်ထားပါ(ခေါက်ဆွဲဖတ်များ)မကပ်စေရန်။ ကြက်သွန်ဖြူ တို့အား ဆီသပ်ထားပါ၊ အရောင်ရယူလိုပါက အရောင်တင်၊ ငရုပ်သီးမှုန့်စစ်စစ်၊ နနွင်း၊ ငရုပ်သီးအခြောက်အား ပြုတ်၍စင်ပြီးအသုံးပြုနိုင်ပါသည်။ ပြုတ်ထားပြီးသော ခေါက်ဆွဲကို ပုဂံလုံးထဲထည့်ကာ အပေါ်ရှိ ပါဝင်ပစ္စည်းများကို ပေါင်းရောကာ လက်ဖြင့် နယ်ဖတ်လိုက်ခြင်းဖြင့် ခေါက်ဆွဲသုပ်ကို ရရှိသည်။ အရသာအား မိမိအလိုရှိသည့်အတိုင်း အနည်းငယ်ပြင်ဆင်နိုင်ပါသည်။ ကြက်သွန်မြိတ်၊ နံနံပင်၊ ကြက်သွန်နီ၊ အချို့ကိုအမွှေး အဖြစ်လည်း အသုံးပြုကြပါသည်။