Wb/my/ပါဠိသဒ္ဒါ/အက္ခရာ

From Wikimedia Incubator

ပါဠိဘာသာတွင် အက္ခရာ ၄၁ လုံးရှိသည်။ သရ ၈ လုံးနှင့် ဗျည်း ၃၃ လုံးတို့ဖြစ်သည်။

သရ ၈ လုံး[edit | edit source]

"အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ" တို့ဖြစ်သည်။

ဗျည်း ၃၃ လုံး[edit | edit source]

က်၊ ခ်၊ ဂ်၊ ဃ်၊ င်၊ စ်၊ ဆ်၊ ဇ်၊ ဈ်၊ ဉ်၊ ဋ်၊ ဌ်၊ ဍ်၊ ဎ်၊ ဏ်၊ တ်၊ ထ်၊ ဒ်၊ ဓ်၊ န်၊ ပ်၊ ဖ်၊ ဗ်၊ ဘ်၊ မ်၊ ယ်၊ ရ်၊ လ်၊ ဝ်၊ သ်၊ ဟ်၊ ဠ်၊ အံ (နိဂ္ဂဟိတ်)။ တို့ဖြစ်သည်။

မှတ်ရန်မှာ အံ မှာ နောက်လိုက်ဗျည်း နိဂ္ဂဟိတ် (သေးသေးတင်) ဖြစ်သည်။ ထင်ရှားစေရန် အ-သရနဲ့ ယှဉ်တွဲပြထားခြင်းဖြစ်သည်။

သရများ[edit | edit source]

သရများကို သရတို၊ သရရှည် ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ "အ၊ ဣ၊ ဥ" တို့သည် သရတိုများဖြစ်ပြီး "အာ၊ ဤ၊ ဦ၊ ဧ၊ ဩ" တို့သည် သရရှည်များဖြစ်ကြသည်။

သရတို့၏ အသံဖြစ်ပေါ်ရာအရပ် (ဌာန်)[edit | edit source]

  • အ၊ အာ တို့သည် လည်ချောင်းအရပ် (ကဏ္ဌဌာန်) ၌ ဖြစ်သောကြောင့် ကဏ္ဌဇ အက္ခရာများဟု ခေါ်သည်။
  • ဣ၊ ဤ တို့သည် အာစောက်အရပ် (တာလုဌာန်) ၌ ဖြစ်သောကြောင့် တာလုဇ အက္ခရာများဟု ခေါ်သည်။ အာစောက်အရပ်ဆိုသည်မှာ အာခေါင်၏ အမြင့်ဆုံးအရပ်ဖြစ်သည်။
  • ဥ၊ ဦ တို့သည် နှုတ်ခမ်းအရပ် (ဩဋ္ဌဌာန်) ၌ ဖြစ်သောကြောင့် ဩဋ္ဌဇ အက္ခရာများဖြစ်သည်။
  • ဧ သည် လည်ချောင်းနှင့် အာစောက်အရပ် (ကဏ္ဌတာလုဌာန်) ၌ ဖြစ်သောကြောင့် ကဏ္ဌတာလုဇ အက္ခရာမည်သည်။
  • ဩ သည် လည်ချောင်းနှင့် နှုတ်ခမ်းအရပ် (ကဏ္ဌဩဋ္ဌဌာန်) ၌ ဖြစ်သောကြောင့် ကဏ္ဌဩဋ္ဌဇ အက္ခရာဟုခေါ်သည်။

သရများပေါင်းစပ်ခြင်း[edit | edit source]

  • ဌာန်တူသော သရနှစ်လုံး ပေါင်းစပ်သောအခါ အောက်ပါအတိုင်းပြောင်းလဲသည်
    • အ+အ = အာ
    • အ+အာ = အာ
    • အာ+အ = အာ
    • အာ+အာ = အာ
    • ဣ+ဣ = ဤ
    • ဣ+ဤ = ဤ
    • ဤ+ဣ = ဤ
    • ဤ+ဤ = ဤ
    • ဥ+ဥ = ဦ
    • ဥ+ဦ = ဦ
    • ဦ+ဥ = ဦ
    • ဦ+ဦ = ဦ
  • ဌာန်မတူသော သရနှစ်လုံး ပေါင်းစပ်သောအခါ အောက်ပါတိုင်း ပြောင်းလဲသည်
    • အ+ဣ = ဧ
    • အ+ဤ = ဧ
    • အာ+ဣ = ဧ
    • အာ+ဤ = ဧ
    • အ+ဥ = ဩ
    • အ+ဦ = ဩ
    • အာ+ဥ = ဩ
    • အာ+ဦ = ဩ