Wp/rki/ဒေါ်ကြာဇံ

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ဒေါ်ကြာဇံ
ဒေါ်ကြာဇံ
ကိုယ်ရီးအကျဉ်းချုပ်
မွီးသက္ကရာဇ် ၁၉၄၉
နာမည်ရင်း
မိဘနာမည် ဦးထွန်းအောင်ကျော်+ဒေါ်ဒါဦးဖြူ
မွီးဖွားရာနီရာ ရခိုင်ပြည်နယ်စစ်တွေမြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် ရက်ကန်းသမဝါယမ အတွင်းရေးမှူး
အိမ်ထောင်ဖက် ဦးစောဟန်
သားသမီး
ထင်ပေါ်ကျော်ကြားမှု နိုင်ငံရီးတက်ကြွလူ
ထင်ယှားရေလက်ရာတိ
ရယှိခရေဆုတိ
လက်မှတ်
ကွန်ယက်


ဂျပန်ခေတ် တော်လှန်ရေး အမျိုးသမီးကြီး ဒေါ်ကြာဇံမှာ စစ်တွေမြို့သူ ဖြစ်ပါရေ။ မိဘတိမှာ စစ်တွေမြို့ ၊ ရွှေပြားရပ်နီ သမဝါယမဝန်ထောက် ဦးထွန်းအောင်ကျော်နန့် ဒေါ်ဒါဦးဖြူရို့ဖြစ်ကတ်၍ ၁၉၁၂ ခု၊ အောက် တိုဘာလ (၄)ရက်တွင် ဖွားမြင်ခရေ။ မွေးပေါက်ဖော် ငါးဦးအနက် အကြီးဆုံးဖြစ်ရေ။

ဒေါ်ကြာဇံရေ ငယ်စဉ်က မန္တလေးမြို့ဟိ ဘီ-တီ-အမ် ဗုဒ္ဓဘာသာအမျိုးသမီး မိန်းကလေးကျောင်း၌ ပညာ သင်ခရေ။ ယင်းချိန်က ကျောင်းသားသပိတ်တိ ပေါ်ပေါက်ချိန်ဖြစ်၍ နိုင်ငံရေးလှုပ်ရှားမှုနန့် ကြုံကြိုက်သဖြင့် စိတ်ပါဝင်စားမှု စတင်ဖြစ်ပေါ်လာခရေဟု ဆိုရေ။ မိဘတိ စစ်တွေပြောင်းလာရေ့နောက် ကျောင်း ဆရာ ဦးစောဟန် ဘီ-အေ-ဘီ-အီး-ဒီနန့် အိမ်ထောင်ပြုခပြီးကေ ၁၉၄၂ ခုတွင် ဂျပန်တိ ဝင်ရောက်လာချိန်၌ ကွယ်လွန်ခရေ။ ဒေါ်ကြာဇံရေ ၁၉၃၄ ခုနှစ်လောက်က ရခိုင်တိုင်း ဖက်ဆစ် တော်လှန်ရေးအတွက် ကျောက်တော်မြို့နယ်၊ လမုတပင်ရွာ၌ ဖခင်နန့်အတူ လက်နက် စုဆောင်းရာ၌ ပါဝင်ကူညီခရေ။ ဖ.ဆ.ပ.လ ခေါင်းဆောင် ဦးညိုထွန်း၊ ဦးပညာသီဟ၊ ကျောက်တော်မှ ရှေ့နီကြီး ဦးစံထွန်းအောင်၊ ဦးဦးစော၊ ဦးညိုလှဖြူ၊ ပေါက်တော ဆရာတော် ဦးနာရဒ၊ ရိုးချောင်း ဆောင်းဒူရာမှ သခင်မောင်ရွှေထွန်း၊ ဇာတ်ဆရာကြီး ဦးဖိုးအောင်၊ သခင်ဦးထွန်းအောင်ကျော်၊ ညီမဖြစ်သူ မအေးခင်၊ မနီလာရို့နန့်အတူ ဒေါ်ကြာဇံရေ လက်နက်တိကို လျှို့ဝှက်စုဆောင်းရာ၌လည်း ပါဝင်ခရေ။

ထိုလက်နက်တိဖြင့် ဆရာတော်ဦးပညာသီဟ ခေါင်းဆောင်ပြီး လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ကို ကြာလှအောင်ခေါင်းဆောင်ပနာ လျှို့ဝှက်တပ်တိ၌ လက်နက် တပ်ဆင်ထားခရေ။ ဖခင် ဦးထွန်းအောင်ကျော်မှာ ပထမကမ္ဘာစစ်အတွင်းက ဗြိတိသျှတပ်တွင် အမှုထမ်းခရေ အတွက် ဦးဦးစောနန့် ရဲဘော်တိအား စစ်ဆင် စစ်တိုက်နည်း စစ်ပညာတိကို သင်ပြပီးနိုင်ခရေ။ ဦးညိုထွန်းထံမှ ညွှန်ကြားချက်တိကို လျှို့ဝှက်စခန်း တစ်နီရာမှယူ၍ လုပ်ဆောင်ခကတ်ရေ။ ယင်းချိန်က လျှို့ဝှက်စခန်းဌာနချုပ်မှာ မြို့ဟောင်းမြို့နယ်တိ တဲကျေး ရွာ၊ ခန်းလူမျိုးတိရွာနန့် ရခိုင်ရွာတိကို အခြေခံပနာ အနီးဟိကျေးရွာတိတွင် ဖွင့်လှစ်ခကတ်ရေ။

ဒေါ်ကြာဇံရေ မိမိနီထိုင်ရာ ကျောက်တော် လမုတပင်ရွာမှ အပေါက်ဝရွာသို့ လည်းကောင်း၊ ရိုးချောင်း ဟိကျေးရွာတိသို့ လည်းကောင်း၊ မြန်မာပြည် ကွန်မြူနစ်ပါတီ ရခိုင်ပြည်နယ်တာဝန်ခံ ကျော်မြဇနီး (တိုက်ပွဲ တွင် ကျဆုံးသွားသူ) မညွန့်၊ ဦးညိုထွေးဧ့ ညီဖြစ်သူ ဦးထွန်းလှိုင်နန့် စည်းရုံးရေး တာဝန်ယူကာ သမ္ဗာန် ကလေးဖြင့် လှုပ်ရှားစည်းရုံး ခကတ်ရေ။

လမုတပင်ရွာ၌ နီစဉ် လာသမျှ မြေအောက်တော်လှန်ရေးသမားတိအား ကျွေးမွေးပြုစုရရေ။ အိန္ဒိ ယနိုင်ငံရှိ ဗြိတိသျှတပ်တိနန့် ဆက်သွယ်ရန် သွားသော သခင်တင်ရွှေ (ရဲဘော်တင်ရွှေ)အား လမုတပင် တွင် ဝှက်ထားပြီးကေ ကျောက်တော်၊ ပလက်ဝမှတဆင့် အိန္ဒိယသို့ စေလွှတ်ခကတ်ရေ။ မြေအောက်တော် လှန်ရေး ရဲဘော်တိကို ဦးထွန်းဝင်းနန့် ဦးစံထွန်းအောင်၊ ဦးညိုလှဖြူရို့က တာဝန်ယူပီးရရေ။ သခင် ဘတင်ခေါ် ရဲဘော်ဂိုရှယ်နန့် ဗကဘ ကျော်မြရို့အား ဗြိတိသျှတပ်တိလာသောအခါ ဖမ်းဆီးရန်လိုက်ရှာ၍ ဝှက်ထားပီးခရရေ။ သခင်စိုးအား ဗြိတိသျှတပ်တိက ဖမ်းရန် စုံထောက်တိလွှတ်၍ မင်းပြားမြို့ ဟိ ဒေါ်ကြာဇံနန့် ဖခင်ရို့က တာဝန်ယူ ဝှက်ထားခရရေ။

ရခိုင်ပြည်နယ်ကို ဗြိတိသျှ သိမ်းပိုက်လိုက်ပြီး ဖ.ဆ.ပ.လ ခေါင်းဆောင်တိ ဖြစ်ကတ်သော ဗိုလ်ချုပ်အောင် ဆန်း၊ သခင်မြ၊ ဦးအောင်ဇံဝေ၊ ဟင်္သာတဦးမြ၊ ဗိုလ်အောင်မင်း၊ ဗိုလ်ထွန်းလှရို့ စစ်တွေရောက်လာကတ်ပြီး ကြက်ကိုင်းတန်ရွာဟိ ဆရာဦးမောင်စိန်အိမ်၌ တည်းခိုကတ်ရေ။ ညောင်ပင်အောက်တွင် တရားပွဲတိ ကျင်းပ ခရာ ရဲတိက ခြိမ်းခြောက်၍ တရားပွဲသို့ လူမလာဝံ့ကတ်ကေလည်း ထိုတရားပွဲသို့ အမျိုးသမီးအနီဖြင့် ဒေါ် ကြာဇံနန့် ဒေါ်မညွန့်ရို့ နှစ်ဦးသာ တက်ရောက်ခကတ်ရေ။ ဗိုလ်ချုပ်အောင်ဆန်းဧ့ တာဝန်ပီးချက်အရ ဗြိတိသျှအစိုးရ ယန္တရားကိုဖြုတ်ရန် အမှုထမ်းပေါင်းစုံက သပိတ်အဖြစ် ထိုးဖောက်စည်းရုံးနိုင်ရန် ဒေါ်ကြာ ဇံနန့် ဒေါ်မညွန့်တို့အား အစိုးရရုံးတိနန့် ပုလိပ်ရုံးတိတွင် စည်းရုံးရေးတာဝန်ယူကတ်ရရေ။ သပိတ်မှောက် စခန်းသို့လည်း ထမင်းထုပ်တိ ကောက်ခံပီးခရရေ။

ရခိုင်ပြည်နည်လုံးဆိုင်ရာ ဖ.ဆ.ပလ ညီလာခံကို စစ်တွေမြို့နယ်၊ တောကန်ကျေးရွာ၌ ၁၉၄၆ ခု၊ ဧပြီလ ဆန်းတွင် လေးရက်ကျင်းပခရာ ယင့်ညီလာခံမှ ဒေါ်ကြာဇံအား ဘဏ္ဍာရေးမှူး၊ အမျိုးသမီး စည်းရုံးရေးမှူးနန့် သမဝါယမ စည်းရုံးရေးတာဝန်တိကို ပီးအပ်ခရေ။

၁၉၄၇ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရန် ရခိုင်ပြည်နယ် ဖ.ဆ.ပ. လ အဖွဲ့မှ ဒေါ်ကြာဇံရေ ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ရောက်ခရေ။ လွတ်လပ်ရေးရပြီးနောက် ပိုင်းတွင် စစ်တွေမြို့ တပ်မတော် ချီးမြှင့်ရေးအဖွဲ့တွင် ဒု-ဥက္ကဌအဖြစ် လည်းကောင်း၊ မိခင်နန့်ကလေး လူမှုဝန်ထမ်း အဖွဲ့တိတွင် ပါဝင်ခပြီးကေ မောင်းတောမြို့နယ်၊ မောင်နှမတောင်ပေါ်တွင် မူဂျာဟစ်တိကို အထူးတပ်ရင်း (၁၀၆)မှ တိုက်ခိုက်ပြီး အလံလွှင့်ထူနိုင်ရေ့အခါ တပ်ရင်းမှူး ဗိုလ်မှူးထင်ကျော်၊ တပ်ရင်းမှူး ဗိုလ်မှူးစောမြသိန်း၊ ဦးဦးစောရို့နန့်အတူ စားသောက်ဖွယ်ရာတိကို တောင်ပေါ်အရောက် ပီးပို့ခရေ။ အနှိပ်စက်ခံရရေ ရခိုင်အမျိုးသမီးတိကိုလည်း ဦးအောင်ဇံဝေ၊ ဦးထွန်းလှိုင်ရို့နန့်အတူ ကူညီပီးခရေ ဟု သိရရေ။

ဒေါ်ကြာဇံဧ့ လွတ်လပ်ရေးဆာင်ရွက်ချက်တိရေ ကျောက်တော်မြို့မှ စခရေဟု သူကိုယ်တိုင် က ပြောပြခဖူးပါရေ။ ၁၉၅၈ ခု၊ ဖ.ဆ.ပလ နှစ်ခြမ်းကွဲရေအခါ မည်ရေ့ဘက်မျှမပါဘဲ နိုင်ငံရေးမှ အနားယူခရေ။ ဒေါ်ကြာဇံကား ရခိုင်အမျိုးသမီးတိထဲတွင် ပထမဆုံး နိုးကြားသော အမြင်ဟိသူ စာရင်း ထဲ၌ ပါဝင်ခဲ့ရေ့အတွက်၊ အစဉ်အလာ ချိုးဖောက်ရေ့အနီနန့် သရော်ခြင်း၊ ကဲ့ရဲ့ခြင်းတိလည်း ခံခဲ့ရရေဟု ဆိုရေ။ ဖခင်မှာ သမဝါယမဝန်ထောက် ဖြစ်သော်လည်း နိုင်ငံရေးလုပ်ရာ မနှောင့်နှေးခပါ။ အမျိုးဘာသာအတွက် အနစ်နာခံရန် အသင့်ဟိခရေ။ ဂုချိန်အခါ နိုင်ငံရေးကို ရဲရဲလုပ်နိုင်ကေလည်း ယင်းခါကဆိုကေ တထိတ်ထိတ် တလန့်လန်နန့် ပိုက်ဆံကြေးငွေ အကုန်ခံပြီးကေ လုပ်ရရေဟု ဆိုပါရေ။

ဒေါ်ကြာဇံရေ လွတ်လပ်ရီးမရမီ၊ ရပြီးခေတ် တော်လှန်ရေးအချိန်နန့် ဂုပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာရေအထိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတိ၌ ပါဝင်လှုပ်ရှားခသူ ဖြစ်ရေ။ နှစ်စဉ် ပြည်ထောင်စုနိ့၌ ရခိုင်အမျိုးသားယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့နန့် အတူ တက်ရောက်လာခစွာ ကို တွိ့ရရေ။ ၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း စစ်တွေရောက်လာစဉ်က အမျိုးသမီးတိအတွက် သမ ဝါယမ လုပ်ငန်းတစ်ခု ဆောက်ရွက်ပီးပါဟု အကြံပီး၍ ရက်ကန်းလုပ်ငန်းမှာ အသင့်တော်ဆုံးဖြစ်ရေ့အပြင် ရက်ကန်းနန့် မတည်ပြီး စားသုံးသူ၊ ထုတ်လုပ်သူတိကိုပါ စုစည်းမိပြီး ဖြစ်ပါရေ။

ဂနိ ဒေါ်ကြာဇံရေ အသက်အရွယ်ကြီးလာရေ့တိုင်အောင် ဇွဲနန့် စိတ်ဓါတ်ကား ခိုင်မာနီဆဲ ဖြစ်ပါရေ။ ဗဟိုနိုင်ငံရေး သိပ္ပံသို့လည်း တက်ရောက်ပြီး မနှစ်ကပင် အလုပ်သမား စီမံခန့်ခွဲရေးသင်တန်းကို လူငယ်တိနန့်အတူ တက်ရောက်ခသိမ်းရေ။ ဂုအခါ မြို့နယ်စက်မှုလက်မှု ရက်ကန်းသမဝါယမ အတွင်းရေးမှူးအဖြစ် တာဝန်ယူလျက်ဟိရေ။ ပြည်ထောင်စုနိ့တိတွင် ရက်ကန်းလုပ်ငန်း ပြပွဲအတွက် ရခိုင်အမျိုးသမီးတိအား ဦးဆောင်လာရေကို တွေ့ရရေ။

ကိုးကား[edit | edit source]

'စောမုံညှင်း'ရေးသားရေ့ "မြန်မာအမျိုးသမီး"စာအုပ်မှ -