Wp/mrh/Paryhna kyh pachuna

From Wikimedia Incubator
< Wp‎ | mrh
Wp > mrh > Paryhna kyh pachuna

{{Wikipedia:သင်ခန်းစာများ/TabsHeader|This=3}}

ဝီကီပီးဒီးယား ဆောင်းပါးတစ်ပုဒ်ကို ပုံစံချခြင်း ဆိုတာဟာ ပုံမှန် စာရေးသားတာနဲ့ ကွဲပြားမှုရှိပါတယ်။ ပေါ့ပါးတဲ့ ဝီကီဘာသာစကား wikitext (သို့မဟုတ် wiki-markup) ကို အသုံးပြုပြီး လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပါတယ်။ cheatsheet မှာ wikitext ကုဒ်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

စာလုံးထူနှင့် စာလုံးစောင်းများ[edit | edit source]

အများဆုံး အသုံးပြုကြတာကတော့ စာလုံးထူ နဲ့ စာလုံးစောင်းများ ပဲ ဖြစ်ပါတယ်။ စာလုံးထူခြင်း နဲ့ စာလုံးစောင်းခြင်း တို့အတွက် စကားလုံး ဒါမှမဟုတ် စာသားကို ' သင်္ကေတများနဲ့ ပြုလုပ်ပါတယ်:
စာလုံးထူပြုလုပ်ခြင်း ဗီဒီယိုသင်ခန်းစာ
Wiki markup အမြန်လမ်းညွှန် (PDF ရယူရန်)
သင်ရိုက်ထည့်လိုက်သောစာသား ဘယ်လိုမြင်ရမလဲ
''italic'' italic
'''bold''' bold
'''''bold italic''''' bold italic

ဝီကီပီးဒီးယားမှာ ဆောင်းပါးတစ်ခုရဲ့ အကြောင်းအရာအမည်တွေကို ဆောင်းပါးတွင်းမှာ ပထမဆုံး ဖော်ပြတဲ့နေရာမှာ စာလုံးအထူ ကို သုံးပါတယ်။ နမူနာအနေနဲ့ အလောင်းမင်းတရား ဆောင်းပါးကို ကြည့်ရအောင်:

အလောင်းမင်းတရား (ဝါ အလောင်းဘုရား; ၂၄ စက်တင်ဘာ ၁၇၁၄ - ၁၁ မေ ၁၇၆၀) ၏ အမည်ရင်းမှာ ဦးအောင်ဇေယျဖြစ်သည်။ ထီးနန်းမစိုးစံခင် အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက်ကို ထူထောင်သောမင်း ဖြစ်သည်။ ......

စာလုံးစောင်း ကိုတော့ စာအုပ်၊ ရုပ်ရှင်၊ အယ်လ်ဘန်၊ ကွန်ပျူတာနဲ့ ဗီဒီယိုဂိမ်းအမည်တွေမှာ သုံးလေ့ရှိပါတယ်။ စာအုပ် ဒါမှမဟုတ် ရုပ်ရှင်ဇာတ်ကား အမည်ကို ပထမဆုံး ဖော်ပြတဲ့နေရာမှာဆိုရင်တော့ စာလုံးစောင်းအထူ ကို သုံးပါတယ်။

ခေါင်းစဉ်များနှင့် ခေါင်းစဉ်ခွဲများ[edit | edit source]

ခေါင်းစဉ်များနှင့် ခေါင်းစဉ်ခွဲများတွေဟာ ဆောင်းပါးတစ်ပုဒ်ကို စုစည်းဖော်ပြနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အကယ်၍ ဆောင်းပါးတစ်ခုမှာ အကြောင်းအရာမျိုးစုံနဲ့ စာပိုဒ်အစုတွေ ပါဝင်နေရင် သင့်အနေနဲ့ သင့်လျော်တဲ့ ခေါင်းစဉ်တွေ တပ်ပြီး ခွဲခြားရေးသားနိုင်ပါတယ်။

အဲဒီအပိုင်းတွေ ထဲမှာ နောက်ထပ်အပိုင်းခွဲတွေ (ခေါင်းစဉ်ခွဲတွေ) ထပ်ထည့်နိုင်ပါသေးတယ်:

ဒါက ခေါင်းစဉ်အပိုဒ်ခွဲပါ[edit | edit source]

ခေါင်းစဉ်စာသားကို '=' လေးထည့်သွင်းခြင်းဖြင့် ခေါင်းစဉ်တွေဖန်တီးနိုင်ပါတယ်။ '=' သင်္ကေတများများသုံးလေ ခေါင်းစဉ်ခွဲများလေ ဖြစ်မှာပါ:

သင်ရိုက်ထည့်သော စာသား မြင်တွေ့ရမယ့် ပုံစံ
== Elizabeth II hats ==

Elizabeth II hats[edit | edit source]

=== Straw hats ===

Straw hats[edit | edit source]

ထပ်မံသိရှိလိုပါက w:en:Help:Wiki markup ကို ဖတ်ပါ

Subscript and superscript[edit | edit source]

To use the subscript format you type an opening <sub> tag before the text and a closing </sub> tag after it. The tags for superscript are <sup> and </sup>. Example:

The code Template:Wp/mrh/code

displays: H2SO4 → 2 H+ + SO42−
ထပ်မံသိရှိလိုပါက Wiki markup ကို ဖတ်ပါ

တည်းဖြတ် ကိရိယာဘား[edit | edit source]

Enhanced toolbar: main selections
ပုံ လုပ်ငန်းစဉ် တည်းဖြတ်စဉ် မြင်ရမယ့်ပုံစံ စာမျက်နှာမှာ မြင်ရမယ့်ပုံစံ
Enhanced editing toolbar
စာသား အထူ စာလုံးထူ '''Bold text''' Bold text
စာသား အစောင်း စာလုံးစောင်း ''Italic text'' Italic text
External link ပြင်ပအချိတ်အဆက် [http://www.example.com link title] link title
Internal link ဝီကီတွင်း အချိတ်အဆက် [[Link title]] Link title
Embedded file ရုပ်ပုံထည့်ခြင်း [[File:Example.jpg|thumbnail]]
Insert Template:Wp/mrh/Fnote <ref>Insert footnote text here</ref> [1]
Your signature with timestamp ဆွေးနွေးချက်အတွက် လက်မှတ်ထိုးခြင်း

(အချိန်မှတ်တမ်းနှင့်တကွ)

--~~~~ Username (talk) 07:03, 1 Chhiepa 2024 (UTC)

ထပ်မံသိရှိလိုပါက Edit toolbar ကို ဖတ်ပါ


အချိတ်အဆက်များ သင်ခန်းစာကို ဆက်သွားမယ်
  1. Insert footnote text here