Wq/my/လက်ဝဲသုန္ဒရ
Appearance
လက်ဝဲသုန္ဒရ ဘွဲခံ အမတ်ကြီး ဦးမြတ်စံသည် ရွှေဘိုမြို့တောင်ဘက်၊ ခရီးလေးတိုင်အကွာ မန်ကျည်းတုံရွာတွင် (၁၀၈၅)ခုနှစ်၌ မွေးဖွားသည်။ ငယ်အမည်မှာ မောင်မြတ်စံဖြစ်သည်။ အမတ်ကြီးရေးသားပြုစုခဲ့သည်ဟု အထောက်အထားနှင့် တွေ့ရှိရသော စာပေများမှာ -
- မဟော်ပျို့ (၁၁ဝ၃ ခုနှစ်)
- လင်္ကာသီရိကျမ်း (၁၁၁ဝ-၁၁၂ဝနှစ်အတွင်း)
- ဓမ္မသတ်လင်္ကာ(၁၁၂၅-၁၁၃၁ ခုနှစ် အတွင်း)
- နန္ဒီသေနပျို့(၁၁၃၁ ခုနှစ်)
- ဝိနိစ္ဆယဓမ္မသတ်လင်္ကာ (၁၁၃၉ ခုနှစ်)
- သေနင်္ဂဗျူဟာပျို့
- အာဒါသမုခပျို့
- သာဓိနပျို့ (၁၁၄၅ ခုနှစ်)
- ဗျူဟာစက္ကိပျို့(၁၁၅၂ ခုနှစ်)
- မန္ဓာတုစကြာမင်းပျို့(၁၁၅၇ ခုနှစ်)
- သောဏပျို့(၁၁၆၁ ခုနှစ်)
တို့ အပြင် ရှစ်ဆယ်ပေါ် အဲရိုးများ၊ ရတုများနှင့် လူးတားများဖြစ်ကြသည်။[1]
အမတ်ကြီးရေးသားခဲ့သည့် စာပေများအနက် "မဲဇာတောင်ခြေ " ချီရတုသည် အထင်ရှားဆုံးဖြစ်၍ "သာဓိနပျို့" သည် အကောင်ဆုံးဖြစ်သည်။ အမတ်ကြီးသည် ဓမ္မသတ်ကျမ်း၌ ကျွမ်းကျင်သည့်အလျောက် သာဓိနပျို့တွင် မနုရင်းဓမ္မသတ်ကြီးတစ်စောင်လုံးကို စာတစ်ပိုဒ်တည်းဖြင့် ဖွဲ့ဆိုထားလေသည်။ အမတ်ကြီးသည် ဓမ္မသတ်အရာ၌သာ မဟုတ်၊ စစ်မှုရေးရာနည်းနာများ၌လည်း နှံ့စပ်သူဖြစ်သည့်အလျောက် ဗျူဟာစက္ကိပျို့၊ နန္ဒီ သေနပျို့၊ သေနင်္ဂဗျူဟာပျို့ များတွင် အမတ်ကြီး၏ သေနင်္ဂပညာအစွမ်းကို တွေ့မြင်နိုင်ပေသည်။[1]
နန္ဒီသေနပျို့ ကောက်နှုတ်ချက်များ
[edit | edit source]- " မြိုင်ဝေ တောကြီး၊ ဤခရီးဝယ်၊ ချည်းနှီး သက်သက်၊ သေသော့ထက်ထား၊ ဆက်လက် တညီ၊ တစီ တလျဉ်၊ သားစဉ် မြေး,မြစ်၊ ပြောထုံးဖြစ်အောင်၊ တစစ်,တမက်၊ ကိုယ် နှင့် သက် ကို၊ နှင်းဆက် တိုက်မည်၊ အားသံရည်၍၊ ဦးလည် မသုန်၊ ထမ်းပါကုန်လော့။ ။[2]
- " ဗိုလ်မှူး အာဏာ၊ စစ်ကဲမှာလျှင်၊ တည်ရာ ကြွင်းမဲ့၊ ကြောက်တုန်လဲ့လော့။ စစ်ကဲ အာဏာ၊ တပ်မှူးမှာလျှင်၊ သေချာ စေ့ငု၊ စွဲမှတ်စုလော့။ တပ်မှူး အာဏာ၊ အကြပ်မှာလျှင်၊ ညီညာ နှလုံး၊ ယူ၍ကျုံးသို့၊ အရုံးမခွဲ ကြစေနှင့်။ ။[2] "
- " တိုက်လည်း ဖြိုးဖြိုး၊ ထိုးလည်း ရုတ်ရုတ်၊ ဆုတ်လည်း ညီညီ၊ ချီလည်း ကြွကြွ၊ ချလည်း ကြပ်ကြပ်၊ ရပ်လည်း မှန်မှန်၊ ပြန်လည်း စိုက်စိုက်၊ စစ်တိုက် ပီပီ၊ စစ်ချီ,စစ်သွား၊ ဖြစ်သောအားကြောင့်၊ ထူးပြား မစိုး၊ မညှိုး မနွမ်း၊ တဝမ်းတည်း ဖွား၊ လူ့အလားသို့၊ တပါးမရွယ်၊ ဥပါယ် မခို၊ မယို မဖိတ်၊ တစိတ်တည်း ကျုံး၊ တချာရုံး၍၊ နှလုံး,မကွဲ ကြစေနှင့်။ ။[2] "