Jump to content

Wp/rki/အာရက္ခတပ်တော်

From Wikimedia Incubator
< Wp | rki
Wp > rki > အာရက္ခတပ်တော်

အာရက္ခတပ်တော်' (Arakan Army; အတိုကောက် AA) သည် ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နိတွင် စတင်တည်ထောင်ခရေ ရခိုင်လူမျိုးလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ရေ။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ဧ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီးကေ ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ဦးစီးရေ။ ရက္ခိုင့်တပ်တော်ဧ အဓိက ခေါင်းဆောင်လေးဦးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန် နန့် အာရက္ခတပ်‌တော်ပြန်ကြားရီးတာဝန်ခံ ခိုင်သုခ ရို့ဖြစ်ရေ။

၂၀၁၉ ဇန်နဝါရီ ၄ ရက်နိတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းဟိ ရဲကင်းစခန်းလေးခုကို ရက္ခိုင့်တပ်တော် AA က တစ်ပြိုင်နက် တိုက်ခိုက်ခပြီးရေနောက် မြန်မာနိုင်ငံတော်အစိုးရက အာရက္ခတပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခပြီးကေ ၂၀၂၁ မတ်လ ၁၁ ရက်နိတွင် မြန်မာနိုင်ငံတော်အစိုးရ စစ်ကောင်စီမှ အာရက္ခတပ်တော် AA အား အကြမ်းဖက်အုပ်စုမှ ကြေညာထားခြင်းကနီ ပြန်ပနာ ရုပ်သိမ်းလိုက်ရေ။[1]

သမိုင်း

၁၉၉၇ ခုနှစ်က ရခိုင်တက္ကသိုလ်ကျောင်းသားလူငယ်တိနန့် လူလတ်ပိုင်းတိဧ စုစည်းလှုပ်ယှားမှုမှ ရက္ခိုင့် တပ်တော် ပေါ်ပေါက်လာရန် အစပြုခရေ။[2]

၂၀၀၆ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နန့် KIA ဗိုလ်ချုပ်ဂွမ်မော်ရို့ လိုင်ဇာတွင် တွိ့ဆုံခပြီးရေနောက် ၂၀၀၉ ခုနှစ်တွင် ရခိုင်လူငယ်တိကို KIA မှ စစ်သင်တန်းတိ ပေးခဲ့ရေ။ ရက္ခိုင့်တပ်တော် ကို ၂၀၀၉ ခုနှစ်တွင် ကချင်ပြည်နယ် KIO/ KIA ဌာနချုပ် ဟိရာ လိုင်ဇာတွင် ရခိုင်လူငယ် ၂၆ ဦးနန့် စတင်ဖွဲ့စည်းခရေ။

စတင်ဖွဲ့စည်းရေခါက တပ်တော် နာမည်ကို ရက္ခိုင့်တပ်မတော် ဟု နာမည်ပေးခရေ။ ဖွဲ့စည်းပြီး ၁၀နှစ်ပြည့်မြောက်ရေခါ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နိမှာ ရက္ခိုင့်တပ်တော်၊ တပ်တော် ၁၅နှစ်ပြည့်မြောက်ရေနိ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ရက်မှာ အာရက္ခတပ်တော် ဆိုပြီးဂေ နာမည်တိ အသီးသီးပြောင်းလဲခရေ။ [3]

တိုက်ပွဲတိ

ရက္ခိုင့်တပ်တော်စွာ ၂၀၁၅ ခုနှစ်မှ စတင်ပြီးကေ ပလက်ဝမြို့နယ်ဘက်မှ တဆင့် ရခိုင်ပြည်နယ်သို့ ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားလာခပြီးကေ မြန်မာတပ်မတော်နန့် ရင်ဆိုင်တိုက်ပွဲတိ တနားတခါ ဖြစ်ပွားခရေ။

၂၀၁၈ ခုနှစ်တွင် ရသေ့တောင်ကျောက်တော်မြောက်ဦးဘူးသီးတောင် စရေမြို့နယ်တိအထိ နယ်မြေချဲ့ထွင်လာခပြီးကေ တပ်မတော်နန့် ရက္ခိုင့်တပ်တော်(AA) ရို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပေါ်လာခပြီးကေ ၂၀၁၅ မှစတင်ပနာ တပ်မတော်နန့်အကြိမ် ၁၀၀ ကျော် တိုက်ပွဲတိ ဖြစ်ပွားခရေ။

၂၀၁၈ ဒီဇင်ဘာလအတွင်း တပ်မတော်မှ ရှမ်းပြည်နယ် နန့်ကချင်ပြည်နယ် ရို့ကို ၄ လ စစ်ကြောင်း ရပ်နားလိုက်ကေလည်း ရခိုင်ပြည်နယ် မပါဝင်ခပါ။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နိ မိုးသားဖက်တွင် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်တိက ဘူးသီးတောင်နန့် မောင်တောမြို့နယ်တိဟိ နယ်ခြားစောင့်စခန်း (၄) ကို ဝင်ရောက် တိုက်ခိုက်ပြီးကေ တပ်မတော်နန့် ရက္ခိုင့်တပ်တော်(AA) ရို့အကြား တိုက်ပွဲတိ ပိုမိုပြင်းထန်လာခပြီးကေ အရပ်သားတိ ထိခိုက်ဒဏ်ရာရမှုနန့် သေဆုံးမှုတိလည်း ဟိခရေ။

၂၀၂၀ ခုနှစ်အတွင်းတွင် အစိုးရတပ်မတော်နန့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ရို့အကြား ရင်ဆိုင်တိုက်ပွဲတိစွာ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနန့် ရမ်းဗြဲမြို့နယ်တိထိ ကူးစပ် ကျယ်ပြန့်လာခပြီးကေ ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုနန့် လူဦးရေသိန်းနန့်ချီကာ နီရပ်စွန့်ခွာ စစ်ဘေးသင့်ပြည်သူတိ ဖြစ်လာခရရေ။

ရည်ရွယ်ချက်

  • ရခိုင်ပြည်သူ/သား ကာကွယ်ရီး ငြိမ်းချမ်ရီး တရားဥပဒေစိုးမိုးရီး စီးပွားရီး တိုးတက်မှု။
  • ရခိုင်လူမျိုး အနွယ်နန့် သယံဇာတ ထိန်းသိမ်း စောင့်ရှောက်ရီး။
  • ရခိုင်ပြည်နယ် လွတ်လပ်ရီး နန့် နိုင်ငံရီး ဆောင်ရွက်လားရီး။
  • ရခိုင်ပြည်နယ် မှ မတရားမှု ယှင်းလင်းရီး။
  • ရခိုင်ပြည် ကို ကိုယ်ပိုင်အုပ်ချုပ်ရေ ကွန်ဖက်ဒရယ်ပြည်နယ်အဖြစ် သတ်မှတ်ရီး

ရက္ခိုင့် အိပ်မက် ၂၀၂၀

ရက္ခိုင့်အိပ်မက် ၂၀၂၀ စွာ ရခိုင်လူထုတစ်ရပ်လုံး ချိတ်ဆက်ပြီးကေ ရခိုင်လူထုလှုပ်ယှားမှုတစ်ရပ်ကို ၂၀၂၀ တွင် စတင်ရန် ရည်မှန်းချက်ဖြစ်ရေ။[4]




ပြင်ပလင့်ခ်တိ

တရားဝင်ဝက်ဘ်ဆိုက်

ကိုးကား

  1. Myanmar Junta removes rakhine rebels terrorist list/2021-03-11 |https://www.reuters.com/business/media-telecom/myanmar-junta-removes-rakhine-rebels-terrorist-list-2021-03-11/
  2. AA ရဲ့လာရာလမ်း
  3. Lua error in Module:Wp/rki/Citation/CS1/Utilities at line 38: bad argument #1 to 'ipairs' (table expected, got nil).
  4. https://burma.irrawaddy.com/opinion/viewpoint/2019/02/07/182604.html%7Cရခိုင်တွေ AA ကို ဘာလို့ ထောက်ခံကြသလဲ|၇ ဖေဖော်ဝါရီ ၂၀၁၉|