Wp/rki/ရခိုင်အောင်လံတော်

From Wikimedia Incubator
< Wp‎ | rki
Wp > rki > ရခိုင်အောင်လံတော်

၁။ အောင်လံတော်၏ အတိုင်းအတာမှာ အလျား ၉-တောင်၊ အနံ ၆-တောင်တိတိရှိပါ‌ရေ။ ထိုထက် အငေဆိုကေ အဝက်ကျအတိုင်းအတာပြုပြီးကေ သုံးဂတ်ပါ‌ရေ။

၂။ အရောင်အဆင်းမှာ အနီနန့် အဖြူစပ် ထားပါရေ။ အဖြူရောင်ကို အထက်ပိုင်းမှာထားပြီးကေ အနီရောင် ကို အောက်ပိုင်းက ထားပါရေ။

၃။ အမှတ်အသားတိမှာ အထက်အောင်လံတော်၏ ထောင့်စွန်း အဖြူရောင်အထက်မှာ သိန္ဓဝမြင်းပျံရုပ်တစ်ခု၊ ယင်းအဖြူရောင် ကျန်တစ်ဖက်အနား အထက်မှာ နာဂဆန္ဒန်ရုပ်တစ်ခု၊ အောက်ဖက်အနီရောင်ထက်မှာ ခြင်္သေ့ရုပ် တစ်ခုပါ ပါသိရေ။ ကျောဖက်မှာ မိမိရို့ပိုင်ဆိုင်ရေ နယ်နိမိတ်တိုင်းပြည်နိုင်ငံကို ဖော်ပြပါ‌‌ရေ။ နယ်နိ မိတ်တိမှာလေ့ မင်းတစ်ပါးနန့် တစ်ပါး မတူဘဲ တန်ခိုးရှိကေ ရှိပိုင် တန်းခိုးအလျောက် အကျဉ်းအကျယ်‌ပြောင်းပြီးကေ ပြုလုပ်ဂတ်ပါ‌ရေ။

၄။ အောင်လံတော်၏ အရိုးမှာ ဝါး (သို့မဟုတ်) ပြဝါခေါ် သစ်တစ်မျိုးဖြစ်ပါရေ။ အမြင့်မှာ ၂၇-တောင်ဖြစ်ပြီးကေ သတ္တပီသကျယ် ပြုလုပ်ထားပါ‌ရေ။ အောင်လံတော်မှာလေ့ နဝင်းကျယ်ပြုလုပ်ထားပါ‌ရေ။ ဝါးမှာ ကြသောင်းဝါး ကိုသုံးပါ‌ရေ။

၅။ အောင်လံတော် စိုက်ထူရာဌာနမှာ ရွှေနန်းမဆောင်တော်ကြီး၏ အရှေ့ဘက် နဝရတ်ကိုးသွယ် စီခြယ်ရေ မှန်ဝဲမျှော်ဆောင်တော်ဦး၏ ထိပ်ထက် ထီးမစိုက်ခုံမှာ တင်ပြီး‌ကေ လွှင့်ထူရပါ‌ရေ။

၆။ အောင်လံတော်ကို အချိန်ကာလ အကန့်အသတ်မရှိ လွှင့်ထူစိုက်ဆောက်ရေနိကပင် စပြီးကေ စုတ်ပြဲ ဟောင်းနွမ်း‌ လားရေအထိ မနှုတ်မချွတ်စကောင်း၊ မချမတင် စကောင်း အမြဲပင်ထားရရေ။

၇။ အောင်လံတော်၏ အဓိပ္ပာယ်မှာ ရက္ခိုင်၊ ရက္ခိတ လို့ဆိုရေ ‌ စောင့်ရှောက်ခြင်း အနက်ကြောင့် လည်းကောင်း ဖြူစင်သောသီလ၊ မြင့်မြတ်သော မျိုးရိုးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဝေသီယမျိုး သုဒ္ဓိယ မျိုးတို့ ထွန်းကားပေါ်ပေါက်ရာ ဖြစ်တေ မျိုးရိုးဖြစ်၍ လည်းကောင်း၊ ရခိုင်ရို့ကျင့်ထုံး တစ်ရာ့သုံး ဆိုရေ စကားအရ၊ မျိုးရိုးကို သီလဖြူစင်စွာ စောင့်ရှောက်ခြင်းကြောင့် အဖြူရောင်ကို အထက်က တပ်ရပါရေ။ အနီ ရောင်မှာ အသမ္ဘီန္န၊ ခတ္တိယဝံသ၊ သကျသာဂီယ၊ ဗြဟ္မာနွယ် မျိုးရိုးရို့က ဆင်းသက်လာရေ အနွယ်တော် ဖြစ်ပြီး‌ကေ ဖောက်ပြန်တတ်‌တေသွေးမရှိ၊ ပကတိနီမြန်းရေ သွီးအဆင်းသာ ရှိရေအတွက်ကြောင့် အနီရောင်ကို တပ်ဆင်ရပါရေ။ သိန္ဓောမြင်းရို့မည်သည်မှာ ကွေ့ကောက်ပြီး‌ကေ လားခြင်းမရှိ၊ တည့် မတ်ဖြောင့်စင်း၍ လားတတ် တေအတွက်ကြောင့် လည်းကောင်း၊ ဆဒ္ဒန်မျိုးမည်သည် ဖြူသောအဆင်းမှတစ်ပါး ဆင်မဲကို မွေးဖွားရိုး မရှိ။ ဖြူရာ ကမဲလာရေလို့လဲ မရှိ။ ပကတိသော အဆင်းကို အခါခပ်သိမ်း မစွန့်‌ရေအတွက်ကြောင့် လည်းကောင်း၊ ကေသရာဇာခြင်္သေ့ရို့မည်သည်မှာ တောသုံးထောင်ကို ထီမထင် သကဲ့သို့ လည်းကောင်း၊ ယင်းပိုင်သဘောတိနန့် ပြည့်စုံနီရေ သတ္တဝါသုံးဦးရို့ အရုပ်နန့် လည်းကောင်း၊ ဖြူ နီနှစ်ခုရို့နန့် ပေါင်း ၅ ခုရှိရေ ရူပရုပ်တိကို ဆောင်းရေ ပဉ္စရုပ်တိဖြစ်ပြီးကေ ပဉ္စရူပရုပ်ကို‌လေ့ တပ်ဆင်ထားပါ‌ရေ။

ကိုးကား[edit | edit source]

  • ရာဇဝင်ကြီးနှင့် ဗျူဟာ စက္ကိကျမ်း အောင်လံတော် ရတု