Wp/rki/ကွန်မြူနစ်ဝါဒ

From Wikimedia Incubator
< Wp‎ | rki
(Redirected from Wp/rki/ကွန်မြူနစ်ဝါဒ(Communism))
Wp > rki > ကွန်မြူနစ်ဝါဒ

ကွန်မြူနစ်ဝါဒဟာ လူမှုစီးပွားရီး ဖွဲ့စည်းပုံ စနစ်တစ်ရပ်၊ နိုင်ငံရီး သဘောတရား တစ်မျိုးဖြစ်တယ်။ ကွန်မြူနစ်ဆိုသည့် ဝေါဟာရက လက်တင်ဘာသာမှ ဆင်းသက်လာပြီး ကွန်မြူနစ်ဝါဒ ဆိုရေမှာ လူသုံးပစ္စည်း ထုတ်လုပ်ရာ ဌာနတိဖြစ်ရေ အလုပ်ရုံနန့် တန်ဆာပလာ စသည့် ‘ကုန်ထုတ်ကိရိယာ’တိနန့် မြေယာတိအား ပြည်သူလူထုက ပိုင်ဆိုင်၍ ပြည်သူလူထု တစ်ရပ်လုံးဧ အကျိုးအတွက် လူတိုင်းလူတိုင်းက လုပ်အားဖြည့်တင်းရမည်ဟု အနက်အဓိပ္ပာယ်ဟိတယ်။ အချို့က မြန်မာလို ‘ဘုံဝါဒ’ဟု ခေါ်ဆိုကေလည်း ဘုံဝါဒဟူရေ ဝေါဟာရက တိကျရေ အနက်အဓိပ္ပာယ် ထွက်ရေဟု မဆိုနိုင်ပေ။

‘သမာသမဂ္ဂဝါဒ’ကျမ်းပြုသူ အသျှင်ဥက္ကဋ္ဌ ဆရာတော်က ‘သမာသမဂ္ဂဝါဒ’ဟု ဘာသာပြန်ထားတယ်။ မြေယာနန့် အရင်းအနှီး ပစ္စည်းဥစ္စာတိကို ဘုံပစ္စည်းအဖြစ်ထား၍ စုပေါင်းလုပ်ကိုင်ကာ ထိုမှ ဖြစ်ထွန်းလာသည့် အကျိုးကျေးဇူးတိကို မျှတစွာ ဝေငှစားသုံးသည့် နီထိုင်မှုစနစ်မှာ ကမ္ဘာဦးလူရို့ လူ့သမဂ္ဂ (ဝါ) အစုအဖွဲနန့် နီတတ်လာသည့်အခါကပင် ပေါ်ပေါက်လာဟန် တူရေ။ ထိုနောက်မှ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခြင်းနန့် တစ်ဦးချင်းစီ ကိုယ်ကျိုးရှာခြင်းရို့ရေ လူရို့ဧ လောဘ၊ ဒေါသ၊ မောဟ အလျောက် ပေါ်ပေါက်လာဟန်တူရေ။ ထိုဘုံဝါဒမျိုးမှာ လူ့သမိုင်းတလျှောက်တွင် ရံဖန်ရံခါ ပေါ်လာခ၍ လိုက်နာကျင့်သုံးသူ လူစုတိလည်း ဟိခရေ။ ရှေးဦးခရစ်ယာန် အယူဝါဒီရို့ရေ ဘုံဝါဒကို ကျင့်သုံးခရေ။ ဥရောပ အလယ်ခေတ်တွင် ထွန်းကားခသည့် ခရစ်ယာန် ဘုန်းကြီးကျောင်းတိတွင် ဘုံဝါဒစနစ်အတိုင်း နီထိုင်ကတ်ရေ။ ဗုဒ္ဓအယူဝါဒအရ သံဃာအဖွဲ့အစည်း၌ ‘သံဃိက’ ဟူရေ သဘောဟိပုံနန့် နှိုင်းယှဉ်ကြည့်နိုင်ရေ။ ခရစ်နှစ် ၁၉ ရာစု အတွင်းတွင် ဗြိတိန်မှ ‘ရောဗတ်အိုဝင်’ ဆိုသူရေ ဘုံဝါဒကို လိုက်နာကျင့်သုံး နီထိုင်ရေ စံပြလူစု ၂ စုအား အိုးအိမ် ထူထောင်ပီး၍ ရွာတိကို အင်္ဂလန်တွင် လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုတွင် လည်းကောင်း တည်ပီးခရေ။ အမေရိကန် နယူးယောက်ပြည်နယ်တွင် ဘုံဝါဒကို ကျင့်သုံးသည့် 'အိုနိုင်ဒါ ကွန်မြူနတီ' ခေါ် လူစုတစ်စုလည်း အတော်အတန် နာမည်ထွက်ခရေ။

အထက်ဖော်ပြပါ လူစုတိအပြင် ဘုံဝါဒကို လိုက်နာကျင့်သုံးသည့် အခြားရေ လူစုတိအားလုံးနန့် စပ်လျဉ်း၍ တွိ့ဟိရရေ အချက် ၂ ချက် ဟိရေ။ ပထမအချက်မှာ ထိုလူစုတိတွင် လူဦးရေ တိပြားစွာ ပါဝင်ရေဟု မဆိုနိုင်ချေ။ ဒုတိယ အချက်မှာ ဒေဘုံဝါဒအတိုင်း ဖွဲ့စည်းနီထိုင်ခသည့် လူစုတိမှာ ဘုံဝါဒကို လက်မခံရေ လူအတိကြားထဲတွင် နီခရရေဖြစ်၍ ကြာရှည်စွာ မတည်မြဲနိုင်ခပေ။

ဘုံဝါဒကို သဘောတရား တစ်ရပ်အဖြစ်နန့်လည်း ဂရိကျမ်းပြုဆရာ 'ပလေတို'နန့် အင်္ဂလိပ် ကျမ်းပြုဆရာ 'ဆာရေမတ်(စ်)မိုး' စသည့် ပညာသျှင်ကြီးတိကလည်း သုံးသပ်လက်ခံခရေ။ ယကေလည်း သူရို့ဧ အယူအဆတိမှာ စိတ္တဇသဘာဝတိအပေါ်သာ အမှီပြုခရေဖြစ်၍ အမြဲတစေ မှန်ကန်နီရေ အနုမာနတိ မဟုတ်ချေ။

ယခုအခါ လူအတိ နားလည်နီရေ ကွန်မြူနစ်ဝါဒမှာ ၁၈၄၈ ခုနှစ် 'ကားလ်မာ့က်စ်' နန့် 'အိန်ဂယ်' ရို့ ရီးသားထုတ်ဝေခရေ ကွန်မြူနစ် ကြေညာစာတမ်းမှ ပေါက်ပွားလာခရေ။ ကွန်မြူနစ် ကြေညာစာတမ်း၌ ကွန်မြူနစ်ဝါဒဧ အခြေခံ သဘောတရားတိနန့် လုပ်ငန်းစဉ်ရို့ကို ဖော်ပြထားတယ်။

ကားလ်မာ့က်စ် ဧ အာဘော်အရ လူ့သမိုင်းဟူရေ စိုးပိုင်ရေ တန်ခိုးအာဏာဟိသူနန့် တန်ခိုးအာဏာမဲ့သူရို့ မရပ်မနား ပဋိပက္ခ ဖြစ်နီကတ်ရေ လူတန်းစားတိုက်ပွဲတိ ဖြစ်ရေ။ ထိုလူတန်းစားတိုက်ပွဲတိရေ ထွက်ကုန် လုပ်ကိုင်နည်းစနစ်မှ ပေါက်ပွားလာရေ။ ထိုစနစ်ရေ လူ့အစည်းအရုံးကိုလည်း အစိတ်စိတ် အမြွှာမြွှာ ခွဲခြမ်းနိုင်ရေ သတ္တိဟိရေ။ သို့ဟိသည့် အားလျော်စွာ လူ့အဖွဲ့အစည်းအား ကျေးကျွန်၊ မြေကျွန်၊ အခစား၊ အလုပ်သမား စရေဖြင့် လည်းကောင်း၊ ကျွန်ပိုင်၊ မြေပိုင်၊ ပဒေသရာဇ် အရင်းသျှင် စရေဖြင့် လည်းကောင်း ကွဲပြားခြားနား စေခတယ်။ ပထမ လူတန်းစားရေ အလုပ်ကို တကယ်လုပ်ပီးရသူတိ ဖြစ်ရေ။ ဒုတိယ လူတန်းစားကား ပထမ လူတန်းစားဧ လုပ်အားကို သူရို့ဧ ကိုယ်ကျိုးအလို့ငှာ အသုံးချသူတိ ဖြစ်ရေ။ အချုပ်ဆိုကေ ကုန်ထုတ် ကိရိယာတိကို ပိုင်ဆိုင်သူရေ စိုးမိုးခြယ်လှယ်သူဖြစ်၍ ပိုင်ဆိုင်မှုကင်းမဲ့ရေ အလုပ်သမားရို့မှာ စိုးမိုးခြယ်လှယ်ခြင်း ခံရသူတိဖြစ်ရေ။ အဆိုပါ လူတန်းစား ၂ မျိုး ဟိသမျှ ကာလပတ်လုံး လူတန်းစား တိုက်ပွဲတိ ဆက်လက် ဖြစ်ပွားနီမည် ဖြစ်ရေကြောင့် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရီး ရဟိနိုင်မည် မဟုတ်ချေ။ ထိုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရီးကို ရလိုကေ လူတန်းစား ကွဲပြားခြားနားခြင်း မဟိရေ ကွန်မြူနစ် စနစ်ကို ထူထောင်ရမည်ဟု ကားလ်မာ့က်စ် က ညွှန်ကြားခတယ်။

ရှေးဦးစွာ အရင်းသျှင်နိုင်ငံတိ ပိုင်ဆိုင်ရေ စက်ရုံ အစဟိရေ ကုန်ထုတ်ကိရိယာတိနန့် မြေယာတိကို အလုပ်သမားတိက သိမ်းယူပြီးကေ ပစ္စည်းမဲ့ အာဏာသျှင်စနစ်ကို ထူထောင်ရမည်။ အရင်းသျှင်တိ ပိုင်ဆိုင်ရေ အရင်းအနှီး ပစ္စည်းအဝဝရို့ကို သိမ်းပိုက်ရန်မှာလည်း အေးချမ်းစွာနန့် ပြီးမြောက်နိုင်လိမ့်မည်မဟုတ်၊ တော်လှန်မှုကြီးဖြင့်သာ ဖြစ်မြောက်နိုင်ပေမည်။ ထိုကြောင့် ကွန်မြူနစ်စနစ် တည်ထောင်ရီးတွင် တော်လှန်ရီးမှာ မလွဲမရှောင်သာရေ ကိစ္စတစ်ရပ်ဖြစ်ရေဟု ကားလ်မာ့က်စ် က ဆိုတယ်။

ကားလ်မာ့က်စ် ရေ ၁၈၆၇ ခုနှစ်တွင် ‘အရင်းအနှီး’ ဆိုရေ ကျမ်းကို ရီးသားထုတ်ဝေခပြန်ရေ။ ထိုကျမ်းတွင် လူ့သမိုင်းကို ဘောဂဗေဒအရ အဓိပ္ပာယ် ဖော်ပြထားသည့်အပြင် အရင်းသျှင်စနစ်ဧ ဆိုးရွားပုံ၊ ဖောက်ပြန်ပုံရို့ကို ဖော်ပြထားတယ်။ ဥပမာအားဖြင့် အရင်းသျှင်ဝါဒတွင် တစ်ဦးတည်း ပိုင်ဆိုင်လုပ်ကိုင်မှုကို အားပီးခြင်း၊ အပြိုင်အဆိုင် ကုန်စည်တိ ထုတ်လုပ်ခြင်း၊ စနစ်မဲ့ ကုန်ထုတ်လုပ်ခြင်းတိနန့် ကုန်ကြမ်းတိကို အလိုဟိခြင်း၊ ကုန်ချောတိ ဖြန့်ဖြူးရန် ဈေးကွက်တိလိုခြင်း၊ ထိုကြောင့် မလွဲသာမရှောင်သာပဲ နယ်ချဲ့ဝါဒသို့ ကူးပြောင်းရခြင်း စရေ ဖောက်ပြန်မှုတိရေ အရင်းသျှင်စနစ် စတင်ပေါ်ပေါက်စဉ်ကပင် တစ်ပါတည်း ပါလာခရေဟု ဆိုတယ်။

အရင်းသျှင်စနစ်အောက်တွင် ပစ္စည်းမဲ့ အလုပ်သမားတိမှာ မိမိဖြည့်စွမ်းပီးရေ လုပ်အားဧတန်ဖိုးကို တိကျစွာ ပြန်လည်မရဟိပဲ ခေါင်းပုံဖြတ်ခြင်းကိုသာ ခံရကြောင်း၊ အမြတ်အစွန်းဆိုရေမှာ အလုပ်သမားတိ ရသင့်ရထိုက်ရေ လုပ်အားဧတန်ဖိုးထဲမှ အရင်းသျှင်ရို့က ခေါင်းပုံဖြတ်ယူလိုက်ရေ အစွန်းထွက်တန်ဖိုး (ဝါ) အပိုတန်ဖိုးသာ ဖြစ်ကြောင်း ကားလ်မာ့က်စ် က ယူဆရေ။ ထိုအကြောင်းတိကြောင့် အရင်းသျှင်စနစ်ရေ နောက်ဆုံး၌ မိမိသေတွင်းကို ကိုယ်တိုင်တူး၍ ဇာတ်သိမ်းရမည် ဖြစ်ကြောင်း ရီးသားထားတယ်။ ကားလ်မာ့က်စ် ရေ အရင်းသျှင်စနစ်ကို ပြစ်တင်ရှုတ်ချထားကေလည်း အရင်းအနှီးကိုမူ မရှုတ်ချခချေ။ အရင်းအနှီးဟု ဆိုအပ်ရေ ကုန်ထုတ်ကိရိယာတိကို လူတိစုက ပိုင်ဆိုင်ပြီးကေ စနစ်ကျရေ ထွက်ကုန်လုပ်ဆောင်ရီး ထူထောင်ရန် လမ်းစဉ်တိကို ချမှတ်ခတယ်။

ကားလ်မာ့က်စ် ရီးသားချမှတ်ခရေ ကွန်မြူနစ်ဝါဒတွင် အဆင့် ၂ ဆင့်ဟိတယ်။ ပထမအဆင့်မှာ စက်ရုံနန့် လယ်ယာတိကို ပစ္စည်းမဲ့ ဆင်းရဲသားတိ (အလုပ်သမားနန့် လယ်သမား) က သိမ်းယူပြီးနောက် ကုန်ထုတ်လုပ်ရီး၊ ဖြန့်ဖြူးရီး နန့် စီမံခန့်ခွဲရီးတိကို နိုင်ငံတော်အစိုးရက ဆောင်ရွက်လားရန် ဖြစ်ရေ။ သို့ရာတွင် အရင်းအနှီးသဘော မသက်ရောက်ရေ မိမိကိုယ်ပိုင်သုံး ပစ္စည်းအချို့ကိုမူ ခွင့်ပြုထားလီရေ။ ဒေအဆင့်တွင် လူတိုင်းလူတိုင်း စွမ်းအားဟိသမျှ လုပ်ကိုင်ကတ်ပြီး မိမိလိုသမျှကို မိမိခွန်အား စိုက်ထုတ်မှုနန့်လျော်ညီစွာ အကျိုးခံစားခွင့်ဟိရေ။ လူလူချင်း ခြယ်လှယ်ရေစနစ် မဟိတော့သဖြင့် လူ့အဖွဲ့အစည်းအတွက် ရှေးရှု၍ လူတိုင်းလူတိုင်းပင် နားလည်မှုဖြင့် လုပ်ကိုင်ကတ်လိမ့်မည်ဟု ကားလ်မာ့က်စ် က ဆိုရေ။ အမှန်စင်စစ် ဒေအဆင့်တွင် အခွင့်အရီး ညီတူညီမျှ မရဟိနိုင်သိမ်းချေ။ ဒေအဆင့်ကို ကားလ်မာ့က်စ် က ကွန်မြူနစ်ခေတ်ဧ ပထမအဆင့် သို့မဟုတ် ကွန်မြူနစ် အောက်တန်းခေတ်ဟု ခေါ်ဆိုခရေ။ ယကေလည်း လူအတိက ဆိုရှယ်လစ်ခေတ်ဟု ခေါ်ဆိုကတ်တယ်။

ဒုတိယအဆင့်မှာ စက်မှုလက်မှု ပညာရပ်တိ ပိုမိုတိုးတက်လာချိန် ဖြစ်ရေ။ ကုန်ထုတ်ကိရိယာ စွမ်းအားတိလည်း ပိုမိုကောင်းမွန်လာရေ အချိန်အခါ ဖြစ်ရေ။ ထိုအချိန်၌ လူတိုင်းလူတိုင်းရေ မိမိစွမ်းပကား ဟိသမျှ အလုပ်လုပ်ကိုင်ပြီး မိမိရို့ အသုံးလိုသမျှ ရပိုင်ခွင့်ဟိလီရေ။ ပြည်သူလူထုရို့မှာ ကွန်မြူနစ် စီးပွားရီးစနစ်အရ အခမဲ့ ပညာသင်ကြားခွင့်၊ အခမဲ့ ဆေးဝါးကုသခွင့်၊ ဖျားနာစဉ်တွင် ထောက်ပံ့မှု ရဟိခွင့်၊ အိုမင်းမစွမ်းသည့်အခါ ထောက်ပံ့မှု ရဟိခွင့် အစဟိရေ အခွင့်အရီးတိကို ရဟိကတ်ပေလိမ့်မည်။ အပြိုင်အဆိုင် ကုန်ထုတ်လုပ်ခြင်းမျိုးလည်း မဟိ။ မလောက်မငရေ အဖြစ်မျိုးရို့လည်း မဟိတော့သဖြင့် လူတိ ငြိမ်းချမ်းသာယာစွာ နီထိုင်ကတ်မည် ဖြစ်တယ်။

စစ်ဖြစ်ခြင်း၊ လူတစ်မျိုးနန့် တစ်မျိုး အခင်းဖြစ်ပွားခြင်း စရေ ပဋိပက္ခမှုတိမှလည်း လုံးဝကင်းဝီး နီပေလိမ့်မည်။ ထိုအခါ၌ အစိုးရ အဖွဲ့အစည်းဟူရေ အလိုအလျောက် ညှိုးနွမ်းပျောက်ကွယ် လားပေလိမ့်မည်။ တနည်းအားဖြင့် အစိုးရဟူ၍ ဖွဲ့စည်းရန်ပင် မလိုတော့ဟု ဆိုလိုရင်းဖြစ်ရေ။ ထိုကဲ့သို့ရေ အဆင့်အတန်းမျိုးကား ကွန်မြူနစ်ဝါဒဧ အမြင့်ဆုံး ရည်မှန်းချက် ပန်းတိုင်ပင် ဖြစ်တယ်။

ကားလ်မာ့က်စ် က သူဧ ကွန်မြူနစ်ဝါဒ အောင်မြင်ရီးတွင် အလုပ်သမား လူတန်းစားရို့ဧ အသိဉာဏ်ပွင့်လင်းရီး နန့် ဘဝဧအသိမှန်ကို ရဟိရီးရေ အဓိကဖြစ်ရေဟု ဆိုခရေ။ ကားလ်မာ့က်စ် နန့် အိန်ဂယ် ရို့ တီထွင်ခရေ ကွန်မြူနစ်ဝါဒမှာ ၂၀ ရာစု အစပိုင်းခန့်တွင် ဥရောပတိုက် တစ်ခွင်၌ ပျံ့နှံ့ခခြင်းမှာ စက်မှုလက်မှု ပြုပြင်ပြောင်းလဲရီးနန့်အတူ ထောင်ပေါင်းတိစွာရေ အလုပ်သမားရို့မှာ ဆင်းရဲကျပ်တည်း ကျဉ်းမြောင်းလာရေကြောင့် ဖြစ်ရေဟု နိုင်ငံရီး သုံးသပ်သူတိက ဆိုကတ်ရေ။

ကွန်မြူနစ်ဝါဒကို ယုံကြည်သူတိရေ မိမိရို့ကိုယ်ကို မိမိရို့ ဆိုရှယ်လစ်တိဟု အမည်ခံခကတ်ရေ။ သို့အားဖြင့် ကွန်မြူနစ်ဝါဒနန့် ဆိုရှယ်လစ်ဝါဒကို အဓိပ္ပာယ် တူညီစွာ ထားခကတ်ရေ။

၁၈၆၄ ခုနှစ်တွင် ကားလ်မာ့က်စ် ကိုယ်တိုင် ခေါင်းဆောင်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကို ဖွဲ့စည်းခရေ။ ၁၈၇၂ ခုနှစ်တွင် ထိုအဖွဲ့ ပျက်စီးခရေ။ ၁၈၈၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ချုပ် ပေါ်ပေါက်ခရေ။ ရုရှားနိုင်ငံတွင်လည်း လီနင်အမှူးဟိရေ ပုဂ္ဂိုလ်တစ်စုက ၂၀ ရာစု အစတွင် ဆိုရှယ်ဒီမိုကရက်တစ် ပါတီတိကို ထူထောင်ခကတ်တယ်။ ၁၉၀၃ ခုနှစ်တွင် ထိုပါတီထဲတွင် ဗော်လရှီဗစ်နန့် မင်ဟိဗစ်ဟု နှစ်ဂိုဏ်းကွဲလားရေ။ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရီးကြီး ပြီးဆုံးလားရေအခါ ဆိုရှယ်ဒီမိုကရက်တစ်ပါတီတိနန့် ကွဲပြားစေရန် လီနင်ကြီးမှူးရေ ဗော်လရှီဗစ်ပါတီကို ကွန်မြူနစ်ပါတီဟု အမည်ပြောင်းခရေ။ ယပြီးကေ ၁၉၁၉ ခုနှစ်တွင် လီနင်က ကြီးမှူး၍ တတိယ အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်အဖွဲ့ကြီးကို ဖွဲ့စည်းခတယ်။

ဆိုရှယ်ဒီမိုကရက်တစ်ခေါ် ဆိုရှယ်လစ်တိ နန့် ကွန်မြူနစ်တိရေ ဝါဒနန့် ရည်မှန်းချက်တိမှာ တစ်သဘောတည်း ဖြစ်ကေလည်း ဆောင်ရွက်ပုံ နည်းပရိယာယ်တိ မတူကတ်ချေ။ ဆိုရှယ်လစ်ရို့က ကွန်မြူနစ်ဝါဒ ရည်မှန်းချက်သို့ ရောက်ဟိရန်မှာ တော်လှန်မှုတိဟိရန် မလိုအပ်ချေ။ တစ်ဆင့်ပြီး တစ်ဆင့် အေးချမ်းသာယာစွာ ကူးပြောင်းလားနိုင်ရေဟု ယုံကြည်ကတ်ရေ။ ကွန်မြူနစ်တိကမူ ကွန်မြူနစ်ဝါဒ ရည်မှန်းချက်ကို အုံကြွ တော်လှန်ရီးဖြင့်သာ ရဟိနိုင်ရေဟု စွဲမြဲစွာ ယုံကြည်ကတ်ရေ။ ကွန်မြူနစ်တိရေ တော်လှန်ရီးကို အမြဲတစေ မပြုလုပ်နိုင်သည့်တိုင် တော်လှန်ရီးကို အဆက်မပြတ် ပြုလုပ်နီရမည်ဟု ဆိုရေဝါဒကို လက်ခံယုံကြည်ကတ်ရေ။ ကွန်မြူနစ်တိက ပုဂ္ဂလိကပိုင် ပစ္စည်းတိကို ပြည်သူပိုင် ပြုလုပ်လိုကတ်ရေ။ ယကေလည်း ဆိုရှယ်လစ်တိကမူ ကုန်လုပ်သည့် ပစ္စည်းတိကိုသာ ပြည်သူပိုင် ပြုလုပ်လိုကတ်ရေ။ [1]

ကိုးကား[edit | edit source]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) အပိုင်း-က