Wb/my/Cookbook:ဘိန်းမုန့်
Appearance
ပါဝင်သောပစ္စည်းများ
[edit | edit source]- ဆန် - ၂ ဘူး ( နို့ဆီဘူး )
- သကြား - ၁၅ ကျပ်သား
- စားဆော်ဒါ - တစ်မတ်သား
- အုန်းသီး - ၁ လုံး
- ဆီ၊ နှမ်း - အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
[edit | edit source]- ဆန်ကို ရေစိမ်ပြီး မုန့်ရည်ပျစ်ပျစ်ရအောင် ကြိတ်ပါ။ မုန့်ရည်ကို တစ်ညသိပ်ထားရမည်။ ရလာသော မုန့်ရည် ပျစ်ပျစ်ထဲသို့ သကြားနှင့် စားဆော်ဒါ ထည့်၍ မွှေပါ။ အုန်းသီး ခြစ်ထားပါ။
- မုန့်လုပ်မည့်အိုးကို ဆီသုတ်ပြီး မီးဖိုပေါ်တင်ပါ။ အိုးပူလာလျှင် မုန့်ရည်ခပ်ထည့်ပြီး အပေါ်တွင် နှမ်းနှင့်အုန်းသီးခြစ်များ ဖြူးပေးရပါမည်။ အပေါ်တွင် နှမ်းနှင့် အုန်းသီးခြစ်များ ဖြူးပေးရပါမည်။ အဖုံးအပေါ်မှ မီးတင်ပါ။
- ၂ မိနစ်ခန့်ကြာလျှင် အပေါ်မီး မ,၍ မျက်နှာပြင်ကို ဆီအနည်းငယ် သုတ်ပြီး အထက်အောက် လှန်ပါ။ ၁ မိနစ်ခန့်ကြာ၍ နှစ်ဖက်စလုံး ကျက်ကာ အနံ့သင်းလာလျှင် ကော်ယူပါ။ ပြီးလျှင် သုံးဆောင်ရန် အဆင်သင့်ဖြစ်ပါပြီ။