Wb/my/ပါဠိသဒ္ဒါ/ပါဠိသဒ္ဒါမိတ်ဆက်

From Wikimedia Incubator
Wb > my > ပါဠိသဒ္ဒါ > ပါဠိသဒ္ဒါမိတ်ဆက်

ပါဠိသဒ္ဒါသည်၊ မြန်မာသဒ္ဒါနှင့် တည်ဆောက်ပုံခြားနားသည်။ ဤအခန်းတွင် ပါဠိသဒ္ဒါနှင့် ပတ်သက်၍ မိတ်ဆက်သဘောဖြင့် တင်ပြသွားပါမည်။

ပါဠိသဒ္ဒါ နှင့် မြန်မာသဒ္ဒါတို့၏ ခြားနားချက်[edit | edit source]

ပါဠိဘာသာစကားကို ရုပ်ပြောင်းဝိဘတ်သွယ်ဘာသာစကားဟုခေါ်သည်။ ရှင်းပေဦးအံ့။

  • မြန်မာဘာသာစကားတွင် ကျွန်တော်သည်၊ ကျွန်တော့်ကို၊ ကျွန်တော်၏ စသည်ဖြင့် ကျွန်တော်ဟူသော နာမ်စားပုဒ်နောက်တွင် သည်၊ ကို၊ ၏ စသော ဝိဘတ်များဆက်သွယ်လိုက်ရပြီး ကျွန်တော် ဟူသော နာမ်စားပုဒ်သည် ပုံစံပြောင်းမသွားပေ။
  • ပါဠိဘာသာ၌မူ အဟံ(ကျွန်ုပ်သည်)၊ မံ(ကျွန်ုပ်ကို)၊ မေ(ကျွန်ုပ်၏) စသည်ဖြင့် ဝိဘတ်ပုဒ်ဆက်လိုက်သည်နှင့် နာမ်စားပုဒ်တို့သုံ ပုံစံပြောင်းသွားသည်။
  • ဤသို့သော ပုံစံပြောင်းခြင်းမျိုးကို အင်္ဂလိပ်ဘာသာစကားတွင်လည်း တွေ့နိုင်ပေသည်။ I(ကျွန်ုပ်သည်)၊ me(ကျွန်ုပ်ကို)၊ my(ကျွန်ုပ်၏) စသည်ဖြင့် ဖြစ်သည်။ ပါဠိနှင့် အင်္ဂလိပ်တို့သည် အင်ဒို-ဥရောပ ဘာသာစကားအုပ်စုဝင်များဖြစ်ကြသဖြင့် တူညီချက်များရှိနေခြင်းလည်းဖြစ်သည်။